Trend

မိုးအေးအေးနဲ့ အိမ်မှာ အကျိုးရှိရှိ အချိန်ဖြုန်းနိုင်မယ့် နည်းလမ်း ၅ ခု

Want create site? Find Free WordPress Themes and plugins.

မကြာခင် မိုးရာသီထဲ ဆိုတော့ အပြင်သွားရမှာ စိုစိုစွတ်စွတ်နဲ့ စိတ်ညစ်စရာပါပဲ။ ဒီရက်ပိုင်းမှာလည်း မိုးက တမြေ့မြေ့ ရွာနေတာဆိုတော့ မိုးရာသီမှာ အိမ်မှာနေပြီး အချိန်ဖြုန်းရမယ့်သူတွေအတွက် မပျင်းမရိဘဲ အကျိုးရှိရှိ တနေ့တာ ကုန်ဆုံးနိုင်မယ့် နည်းလမ်းတွေ ပြောပြပေးပါမယ်။

(၁) စာအုပ်ဖတ်ပါ

အရင်တုန်းက အပြင်တွေပဲ သွားနေရလို့ အချိန်မရှိတဲ့သူတွေအတွက် မိုးရာသီမှာ အိမ်တွင်းပုန်းပြီး စာအုပ်ဖတ်တာက အကောင်းဆုံးနည်းလမ်းပါပဲ။ ကော်ဖီပူပူလေး တခွက်သောက်ပြီး သင်ကြိုက်နှစ်သက်တဲ့စာအုပ် ဖတ်ကြည့်ရင်း ဇာတ်လမ်းထဲ လိုက်ပါစီးမျော ခံစားပါ။

(၂) အင်တာနက်သုံးမယ်

သင်သိချင်သမျှတွေကို အင်တာနက်ကနေရှာဖို့ အချိန်ကောင်းပါဘဲ။ လိုင်းမကောင်းမှာတော့ နည်းနည်း သတိထားရမှာ တခုပါပဲ။ ဟင်းချက်နည်းတွေ၊ ကွန်ပျူတာ၊ စီမံခန့်ခွဲမှုနဲ့ ပတ်သက်တဲ့ အရာတွေကို လေ့လာကြည့်ပါ။ သင်စိတ်ပါဝင်စားတဲ့ ဘယ်ဘာသာရပ်မဆို ဒီလိုအချိန်မျိုးမှာ လေ့လာနိုင်ပါတယ်။

(၃) ပေါင်းတင်မယ်

မိုးရာသီလို အချိန်အခါမျိုးမှာ ဆံသားကို သေချာဂရုစိုက်သင့်ပါတယ်။ ဒါကြောင့် ဆံပင်ကို သေသေချာချာ အချိန်ပေးပြီး ပေါင်းတင်ကြည့်ပါ။ ဆံပင်ပြီးရင်တော့ မျက်နှာနဲ့ ခန္ဓာကိုယ်အတွက်ပါ အချိန်ပေးကြည့်ပါ။

(၄) ဂိမ်းဆော့မယ်

ဖုန်း၊ ကွန်ပျူတာနဲ့ ဆော့ရတဲ့ ဂိမ်းမျိုး မဟုတ်ဘဲ သူငယ်ချင်းတွေအတူ ဝိုင်းဖွဲ့ပြီးဆော့ရတဲ့ ကစားနည်းမျိုး ဆော့ကစား ကြည့်ပါ။ သူငယ်ချင်းတွေကလည်း အားနေတယ်ဆိုရင် အတူဆုံကြပြီး ဒီလိုမိုးအေးအေးမှာ ပျော်ရွှင်စရာတွေ ဖန်တီး နိုင်ပါတယ်။

(၅) ခရီးသွားဖို့အတွက် စီစဉ်ပါ

ပွင့်လင်းရာသီမှာ ခရီးသွားဖို့အတွက် မိုးရာသီမှာ စတင်အစီအစဉ်တွေ ရေးဆွဲထားပါ။ သွားချင်တဲ့ နေရာတွေရဲ့ Review တွေ ကြိုဖတ်တာမျိုး၊ အလုပ်မှာ ခွင့်ကြိုတင်ထားတာမျိုးလည်း လုပ်လို့ရတယ်နော်။ ပြီးတော့ သွားမယ့်ရက် ကြိုတင် သတ်မှတ်ထားလိုက်ပါ။ ဒါ့အပြင် ဒီလိုရာသီမှာ ခရီးသွားရင် လေယာဉ်လက်မှတ်တွေ ဈေးတန်တာကြောင့် နိုင်ငံခြား သွားလည်မယ်ဆိုရင် ဒီလိုအချိန်မျိုး သွားကြည့်ပါ။

ကဲ… ဒါတွေကတော့ မိုးရာသီမှာ အိမ်ထဲပုန်းနေပြီး အချိန်ဖြုန်းနိုင်မယ့် နည်းလမ်းတွေပါပဲ။

Did you find apk for android? You can find new Free Android Games and apps.
Loading