Trend

သင့်ကိုယ်သင် ချစ်သင့်တဲ့ အကြောင်းအရင်း ၈ ချက်

Want create site? Find Free WordPress Themes and plugins.

ကိုုယ်မပိုင်တဲ့ အခြားသူ တယောက်ကို ချစ်မိလို့ စိတ်ညစ်နေ၊ ဝမ်းနည်းနေမယ့်အစား သင့်ကိုယ်သင် ချစ်ကြည့်ပါ။ သင့်ကိုယ်သင် ချစ်ဖို့အတွက် ဒီအကြောင်းပြချက် ၈ ချက်က လုံလောက်ပါတယ်။ အခြားသူက သင့်ကို ဝမ်းနည်းအောင် လုပ်လို့ သင်ငိုကြွေးနေမယ့်အစား သင့်ကိုယ်သင် အခုပဲ စတင်ချစ်ကြည့်လိုက်ပါ။

(၁) သင်က တော်ပါတယ်

ကျောင်းမှာ အမှတ်နည်းတာကြောင့် သင်ကဘယ်အရာမှာမှ အသုံးမကျဘူးလို့ မခံစားပါနဲ့။ သင့်မှာလည်း ကျွမ်းကျင်တဲ့ အရာတခု သင်ကိုယ်တိုင် မသိလိုက်ဘဲနဲ့တောင် ရှိနေနိုင်ပါတယ်။

(၂) သင်က အရည်အချင်း ရှိပါတယ်

သင့်မှာ ပုန်းလျှိုးနေတဲ့ အရည်အချင်း တခုတော့ ရှိနေပါလိမ့်မယ်။ အဲဒီအရာကို သင်ကိုယ်တိုင် သိရှိအောင်လုပ်ပြီး အောင်မြင်အောင် ကြိုးစားနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို ဘယ်အရာမှာမှ အသုံးမဝင်ဘူးလို့ အားမငယ်ပါနဲ့။

(၃) သင့်ကို ချစ်ခင်တဲ့ လူတွေ ရှိပါတယ်

ဘယ်တဦးတယောက်ကမှ အမြဲတမ်း အထီးကျန် မနေပါဘူး။ သင့်က အခြားတယောက်အတွက် ဝမ်းနည်းနေချိန်မှာ သင့်ကိုယ်သင် ပိုဂရုစိုက်စေချင်တဲ့ သူတွေ သင့်အနားမှာ ရှိနေပါတယ်။

(၄) သင်လည်း ပျော်ရွှင်မှုနဲ့ ထိုက်တန်ပါတယ်

ကိုယ်တိုင် ပျော်ရွှင်ချင်တယ်ဆိုရင် နေ့ရက်တိုင်းကို နောက်ဆုံးနေ့ရက်အဖြစ် တွေးပြီး ရှင်သန်ကြည့်ပါ။ တစုံတယောက်ကို ခွင့်မလွှတ်နိုင်တာမျိုး၊ လွမ်းဆွတ်နေရတာမျိုးကို သင့်ရဲ့ ရှင်သန်ရတဲ့ နောက်ဆုံးနေ့မှာ လုပ်နေနိုင်ပါ့မလား။

(၅) သင်က တစုံတယောက်ရဲ့ အဖိုးတန်လေးပါ

သင်က တစုံတယောက်ကို ပျော်ရွှင်အောင် လုပ်ပေးနိုင်ပါတယ်။ ဥပမာ- သင့်မိသားစု၊ သူငယ်ချင်းတွေပေါ့။ သင်ဟာ သူတို့အတွက်တော့ အဖိုး မဖြတ်နိုင်တဲ့ အရာတခုပါ။

(၆) လူတိုင်းမှာ ဝမ်းနည်းစရာနေ့တွေ ရှိတတ်ပါတယ်

သင်တယောက်ပဲ နေ့တိုင်း စိတ်ညစ်နေရတယ်လို့ တွေးနေမယ့်အစား လူတိုင်း ဒီလိုနေ့ရှိတတ်တယ်ဆိုတာ သတိရပါ။ ဆိုးရွားတဲ့ နေ့တွေမှာ ကိုယ့်ကိုယ်ကို အဆိုးမမြင်ဘဲ ပုံမှန်လုပ်နေကျ အရာတွေကို လုပ်ဆောင်သွားပါ။

(၇) လူတွေရဲ့အမြင်ကို ဂရုမစိုက်ပါနဲ့

သင့်ကို ပိန်တယ်၊ ဝတယ်၊ ရုပ်ဆိုးတယ်ဆိုပြီး ဝိုင်းလှောင်နေတဲ့သူတွေထက် သင်က ပိုသာပါတယ်။ သူတို့မြင်နေတဲ့ အမြင်ထက် သင့်မှာသာလွန်တဲ့ အရည်အချင်းတွေ ရှိနေနိုင်တယ်ဆိုတာ သတိရပါ။

(၈) သင့်မှာ တောက်ပတဲ့ အနာဂတ် ရှိပါတယ်

သင်ကြိုမမြင်နိုင်တဲ့ အနာဂတ်မှာ သင့်အတွက် အောင်မြင်မှုတွေ ရှိနေနိုင်ပါတယ်။ ဒါကြောင့် လက်ရှိအချိန်တွေကို စိတ်ညစ်စရာတွေနဲ့ပဲ ကုန်ဆုံးမနေဘဲ အလုပ်မှာ၊ စာမှာ အာရုံစိုက်ကြိုးစားကြည့်ပါ။

Did you find apk for android? You can find new Free Android Games and apps.
Loading