Trend

မျက်နှာ အသားအရေအတွက် ရွှံ့စေး Mask ကို ဘာကြောင့် အသုံးပြုသင့်လဲ

အသားအရေ ပြုပြင်ထိန်းသိမ်းဖို့အတွက် ရွှံ့စေးကို အသုံးပြုခဲ့ကြတာဟာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်ပါတယ်။ ရွှံ့စေးကို Mask အဖြစ် အသုံးပြုခြင်းဟာ မျက်နှာအသားအရေ ကျန်းမာရေးအတွက် ကောင်းကျိုးတွေ များစွာ ရှိတာကြောင့့် အသားအရေအတွက် ရွှံ့စေး Mask ရဲ့ အကျိုးပြုပုံတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ရွှံ့စေး Mask အသုံးပြုဖို့ အသင့်တော်ဆုံး အသားအရေ အမျိုးအစားကတော့ အဆီပြန်ပြီး ဝက်ခြံထွက်တတ်တဲ့ အသားအရေမျိုးပဲ ဖြစ်ပါတယ်။ လေ့လာချက်တွေအရ ရွှံ့စေး Mask တွေဟာ အဆီကို ထိန်းပေးပြီး ချွေးပေါက်တွေကို ကျဉ်းစေနိုင်တဲ့အပြင် ဟော်မုန်း အပြောင်းအလဲကြောင့် ထွက်တတ်တဲ့ ဝက်ခြံ အမျိုးအစားတွေကိုပါ သက်သာ ပျောက်ကင်း စေနိုင်တယ်လို့ ဆိုပါတယ်။

(၂) ရွှံ့စေး Mask အသုံးပြုခြင်းဟာ အရေပြားပေါ်က ဆဲလ်သေတွေအပြင် အဆိပ်အတောက်တွေကိုပါ ဖယ်ရှား ပေးနိုင်ပါတယ်။ အသားအရေ မကြာခဏ ယားယံပြီး နီမြန်းရောင်ရမ်းသူတွေ အသုံးပြုသင့်ပြီး အရွယ် မတိုင်ခင် ဖြစ်ပေါ်တဲ့ အရေးအကြောင်းတွေကိုပါ လျော့ပါးသက်သာစေနိုင်ပါတယ်။

(၃) ရွှံ့စေးဟာ မျက်နှာအသားအရေရဲ့ သွေးလည်ပတ်မှုကို အားကောင်းစေပြီး မျက်နှာသစ်ပြီးရင်တောင် ကျန်ခဲ့တဲ့ အညစ်အကြေးတွေကို ဖယ်ရှားပေးနိုင်စွမ်း ရှိတာကြောင့် အဆီဖုနဲ့ ဆားဝက်ခြံတွေကို ပျောက်ကင်းစေနိုင်ပါတယ်။

(၄) ရွှံစေး Mask ဟာ မျက်နှာအသားအရေကို ကြည်လင်သန့်ရှင်းစေတဲ့အပြင် လိုအပ်တဲ့ ရေဓာတ်ကိုပါ ပြန်လည် ဖြည့်တင်း ပေးနိုင်ပါတယ်။ သတိပြုရမှာ တခုကတော့ ရွှံ့စေး Mask အသုံးပြုပြီးတဲ့အခါ မျက်နှာကို အစိုဓာတ်ထိန်းခရင်မ် တခုခု ပြန်လည် လိမ်းပေးဖို့တော့ လိုအပ်ပါတယ်။

(၅) ရွှံ့စေး Mask တွေ အသုံးပြုတဲ့အခါ သတိပြုရမှာတွေလည်း ရှိပါတယ်။ ဒါတွေကတော့ ရွှံ့စေး Mask တွေကို တလမှာ နှစ်ကြိမ်လောက်သာ အသုံးပြုသင့်ပါတယ်။ အသုံးပြုနေချိန်မှာ မျက်နှာပေါ်မှာ အချိန်အကြာကြီးထားခြင်းဟာ မျက်နှာအသားအရေကို ထိခိုက်တာမျိုးတွေ ဖြစ်ပေါ်စေနိုင်တာကြောင့် မေ့မေ့လျော့လျော့ မထားသင့်ပါဘူး။

Ref: makeupandbeauty.com

Loading