Trend

“Zoey အိတ်တွေက သမီးအတွက် ရည်ရွယ်ပြီး ထုတ်ထားတာပါ” ဆိုတဲ့ ဒီဇိုင်နာ မပုံ့

Want create site? Find Free WordPress Themes and plugins.

အနုပညာရှင်များရဲ့ အလှဓာတ်ပုံ တော်တော်များများမှာ တွေ့ရတဲ့ ချစ်စရာကောင်းတဲ့ “Zoey” အိတ်ကလေးတွေကို ဖန်တီးထားတဲ့ ဒီဇိုင်နာ မပုံ့ (My Favorite) ကတော့ “Zoey အိတ်ကလေးတွေက သမီးလေးရဲ့ နာမည်ကို အသုံးပြုပြီး သမီးလေးအတွက် ရည်ရွယ်ကာ ထုတ်ထားတာဖြစ်တယ်” လို့ ဧရာဝတီကို ပြောပါတယ်။

“အိတ်ကတော့ Zoey ဆိုတဲ့ Brand ပေါ့။ အစ်မ သမီးလေးနာမည်နဲ့ မနှစ်က အောက်တိုဘာ သူ့မွေးနေ့မှာ သူ့ နာမည်နဲ့ အိတ်ကလေးတွေ လုပ်ခဲ့တယ်။ အဓိကကတော့ သမီးလေးရဲ့ အိုင်ဒီယာနဲ့ လုပ်ဖြစ်တာပါ။ လောလောဆယ်တော့ တွင်တွင်ကျယ်ကျယ်တော့ မလုပ်သေးဘူး။ ဒါပေမယ့် အိတ်ကလေးကို စလုပ်ကတည်းက အားလုံးပဲ ကြိုက်နှစ်သက် ကြတယ်။ အားလည်းပေးကြတယ်”လို့ ဒီဇိုင်နာ မပုံ့က ပြောပါတယ်။

Zoey အိတ်ကလေးတွေကိုတော့ တွင်တွင်ကျယ်ကျယ် ရောင်းချခြင်း မရှိဘဲ Online Sale အနေဖြင့်သာ ရောင်းချနေတာ ဖြစ်တယ်လို့ မပုံ့က ဆိုပါတယ်။

“အိတ်ကလေးတွေက သမီးလေးလည်း စိတ်ဝင်စားသလို အစ်မကိုယ်တိုင်လည်း ဒီဇိုင်နာလောကကို စဝင်ခါစကလည်း အိတ်ကလေးတွေ ချုပ်ခဲ့ဖူးတယ်။ အစ်မအိတ်ကလေးတွေကို စိတ်ဝင်စားတဲ့ Customer တွေလည်းရှိတယ်” လို့ မပုံ့က ပြောပါတယ်။

ဒီဇိုင်နာ မပုံ့ကတော့ ဒီဇိုင်နာလောကမှာ ရပ်တည်လာတာ ၁၉ နှစ်တာ ကာလ ရှိနေပြီဖြစ်ပြီး အခက်အခဲများ ၊ ပျော်ရွှင်စရာများ ၊ ပင်ပန်းမှုများစွာ ကြုံတွေ့လာခဲ့ပေမယ့် တစိုက်မတ်မတ် ကြိုးစားလာခဲ့အတွက် ရပ်တည်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

“အစ်မဆိုရင် ဒီလောကထဲမှာ ဒီဇိုင်နာ စလုပ်ခဲ့တာဆိုရင် ၁၀ တန်းအောင်ပြီး ကတည်းက ဝင်ခဲ့တယ်။ အခက်အခဲ တွေလည်း အများကြီး ရှိခဲ့တယ်။ ပျော်စရာတွေလည်း ရှိခဲ့တယ်။ အရမ်းပင်ပန်းတာတွေလည်း ရှိခဲ့တယ်။ နောက်ပြီး ကိုယ်က အိမ်ထောင်ကျပြီး သားသမီးတွေ ရသွားတဲ့အခါမှာလည်း ကိုယ့်ရဲ့အလုပ်နဲ့ မိသားစု Balance ဖြစ်ဖို့ အတွက် အများကြီး ရုန်းကန်ခဲ့ရတယ်။ ပင်ပန်းတယ်။ ကိုယ့်ရဲ့ကိုယ်ပိုင် အချိန်တွေလည်း ပျောက်သွားတာတွေ ရှိတယ်။ ဒါပေမယ့် အစ်မအနေနဲ့ကတော့ အောင်မြင်တဲ့နေရာတခုရဖို့အတွက် တောက်လျှောက်ကြိုးစားရမယ်”လို့ မပုံ့က ပြောပါတယ်။

မပုံ့ကတော့ လတ်တလောမှာ Melia Hotel မှာ ပြုလုပ်မယ့် “Eternal Flame of Love” ဆိုတဲ့ Wedding Fair မှာ သူမရဲ့ ဖန်တီးမှုများကို ပြသသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ထပ်မံပြီးတော့လည်း သူမရဲ့ကိုယ်ပိုင် Brand ဖြစ်တဲ့ “My Favorite” အနေနဲ့လည်း Ready to Wear များကိုထုတ်သွားဖို့ရှိပြီး မကြာခင်မှာ မိတ်ဆက်ပေးသွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် ဝါတွင်းကာလ အကုန်မှာ ဖက်ရှင်ပွဲ အသေးစားတခုကိုလည်း ပြုလုပ်ဖို့ ရှိတယ်လို့ ဆိုပါတယ်။

ဒီဇိုင်နာ မပုံ့ (My Favorite) ကတော့ ဖက်ရှင်လောကမှာ ၁၉ နှစ်တာမျှ အောင်မြင်စွာ ရပ်တည်လျက်ရှိပြီး သူမအနေနဲ့ သင်တန်းများလည်း သင်ကြားပေးနေပြီး မင်းသမီးများကိုလည်း သင်ကြားပေးခဲ့ဖူးပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading