Trend

သူငယ်ချင်းကို မပြောပြသင့်တဲ့ အချစ်ရေး အကြောင်းအရာ ၅ ခု

Want create site? Find Free WordPress Themes and plugins.

သူငယ်ချင်းတွေဟာ သင်လက်ရှိ ခံစားနေရတဲ့ အခက်အခဲတွေကို ရင်ဖွင့်လို့ အကောင်းဆုံးပါ။ သူငယ်ချင်းကောင်းတွေကို ရင်ဖွင့်မိရင်ကိစ္စ မရှိပေမယ့် မကောင်းတဲ့ သူငယ်ချင်းတွေကို သင့်ရဲ့ အတွင်းကျကျ ပြဿနာတွေ ပြောမိပြီဆိုရင် မလိုလားအပ်တဲ့ ကိစ္စတွေ ဖြစ်လာနိုင်ပါတယ်။

ဘယ်လောက်ပဲ ရင်းနှီးရင်းနှီး သူငယ်ချင်းကို သင့်အချစ်ရေးရာနဲ့ ပတ်သက်ရင် မပြောသင့်တဲ့ အရာတွေ ရှိပါတယ်။ အဲဒါတွေကတော့…

(၁) ပိုက်ဆံ ပြဿနာ

သင်တို့ ချစ်သူ နှစ်ယောက်မှာ စုငွေ ဘယ်လောက် ရှိတယ်၊ အကြွေးဘယ်လောက် ရှိတယ် ဆိုတာမျိုးတွေဟာ သူငယ်ချင်းကို ပြောပြဖို့ မလိုအပ်ပါဘူး။ ဒါဟာ သင်တို့ နှစ်ယောက်နဲ့ပဲ သက်ဆိုင်တဲ့အတွက် သူငယ်ချင်းကို အတွင်းကျကျပေးသိတာက နောက်ပိုင်းမှာ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်တတ်ပါတယ်။

(၂) သင့်ချစ်သူရဲ့ အားနည်းချက်တွေ

တခါတလေမှာ သူငယ်ချင်းကို ကိုယ့်ချစ်သူရဲ့ အားနည်းချက်တွေ အသုံးမကျတဲ့ အချက်တွေကို ပြောပြပြီး ဟာသ လုပ်တာက လုံးဝမကောင်းတဲ့ အချက်ပါ။ ဒါကြောင့် စကားနဲ့ ဖြစ်ဖြစ်၊ မက်ဆေ့ချ်နဲ့ ဖြစ်ဖြစ် သင့်ချစ်သူအကြောင်း အတင်း ပြောတာမျိုးကို ရှောင်ပါ။

(၃) သင့်ချစ်သူရဲ့ အတိတ်

ချစ်သူက အရင်ကဘယ်လို အတိတ်တွေ ရှိခဲ့တယ်၊ အိမ်ထောင်ကွဲ ဖြစ်ခဲ့ပါစေဦး ဒီလို အကြောင်းအရာတွေကို သူငယ်ချင်းကို ပြောစရာ မလိုပါဘူး။ သင်က ချစ်သူရဲ့ အတိတ်ကို လက်ခံနိုင်ပေမယ့် သူငယ်ချင်းကတော့ သူ့ အမြင် အတိုင်း တွေးပါလိမ့်မယ်။ ဒါဟာ သင့်ချစ်သူကို ဂုဏ်သိက္ခာ ကျဆင်းစေသလို သူတို့အထင်အမြင် သေးပါလိမ့်မယ်။

(၄) သူငယ်ချင်းအပေါ် သင့်ချစ်သူရဲ့အမြင်

မိန်းကလေးအများစု လုပ်တတ်ကြပါတယ်။ နင့်ကို ငါ့ရည်းစားက ဘယ်လိုထင်တယ်၊ ဘယ်လိုပြောတယ် ဆိုတာမျိုးကို ဘာရယ်မဟုတ် ပြန်ပြောတတ်ပါတယ်။ ယောကျာ်းလေးတွေက ဒီလိုအရာကို မကြိုက်ကြပါဘူး။ သင့်ကို ပါးစပ်ဖွာတဲ့ အမျိုးသမီးအဖြစ် မထင်မြင်စေဖို့နဲ့ သင့်ချစ်သူရဲ့အမြင်က သင်နဲ့ပဲ သက်ဆိုင်တာမို့ သူငယ်ချင်းတွေကို အတိအကျ အစီရင်ခံစရာ မလိုပါဘူး။

(၅) ရန်ဖြစ်ရတဲ့အကြောင်း အသေးစိတ်

သင်ဟာ သူငယ်ချင်းနဲ့တွေ့တိုင်း သင်တို့ သမီးရည်းစား ရန်ဖြစ်ရတဲ့ အကြောင်းရင်းကို ခရေစေ့တွင်းကျ ပြန်ပြောစရာ မလိုပါဘူး။ မတော်လို့ ဝေဖန်တာက နည်းလမ်းမှားတဲ့အခါ ခင်မင်မှု ပျက်စေသလို သင်ကလည်း သမီးရည်းစား ပြဿနာဖြစ်တိုင်း သူငယ်ချင်းကို အပူကပ်တာက ကြာတဲ့အခါ စိတ်ပျက်စေပါတယ်။

ကဲ ဘယ်လောက်ပဲ ခင်ပါတယ် ပြောပြော၊ သူငယ်ချင်းကောင်း မဟုတ်သူတွေကို မပြောအပ်တဲ့ ကိစ္စတွေဆိုတာ ရှိတတ် ပါတယ်။ တချို့ကိစ္စတွေက လူမသိလေ၊ ကောင်းလေပဲမို့ မပြောသင့်တဲ့ အကြောင်းတွေကို ရင်ထဲမှာပဲ သိမ်းထားကြည့်ပါ။

Did you find apk for android? You can find new Free Android Games and apps.
Loading