အိမ်မှာ တယောက်တည်း ငိုင်တိငိုင်တိုင်နဲ့ ဖြစ်နေတဲ့အခါ အထီးကျန်ဝေဒနာကို ခံစားရမှာပါ။ အဖော်လည်း မရှိတာကြောင့် ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဘဲ အချိန်တွေမြန်မြန် ကုန်ဆုံးဖို့ ဆုတောင်းရတဲ့သူတွေအဖို့ အောက်ပါ နည်းလမ်းတွေက ကူညီပေးနိုင်မှာပါ။
(၁) တယောက်တည်း နေတတ်အောင် လေ့ကျင့်ပါ
လူဆိုတာ အမြဲ အဖော်နဲ့အတူ ရှိနေမှာ မဟုတ်တာမို့ တယောက်တည်းလည်း နေတတ်အောင် ကြိုးစားရမှာပါ။ သင်ကိုယ်တိုင်အတွက် ပျော်ရွှင်မှု အစစ်အမှန်ဆိုတာ စိတ်ထဲမှာပဲ ရှိတာမို့ တယောက်တည်း ဘယ်လို အချိန်ဖြုန်းရင် ကောင်းမလဲ ဆိုတာ တွေးတောပါ။
(၂) ဝါသနာပါတာတွေ လုပ်ပါ
အားလပ်ချိန်တွေမှာ စာဖတ်တာ၊ ပန်းချီဆွဲတာ၊ သီချင်းဆိုတာ စတဲ့ အရာတွေကို လုပ်ကြည့်ပါ။ စမ်းကြည့်ဖို့ မပျင်းပါနဲ့။ အိပ်ရာပေါ်မှာခွေခေါက် နေတာထက်စာရင် သီချင်းငြိမ့်ငြိမ့်လေးဖွင့်ပြီး တခုခု လုပ်ကြည့်နေတာ ပျော်ဖို့ကောင်းပါတယ်။
(၃) စိတ်ဓာတ် မကျပါနဲ့
အခုလို အားလပ်နေတဲ့အချိန်မှာ တယောက်တည်း ဖြစ်နေတာကြောင့် စိတ်ဓာတ်ကျစရာ မလိုပါဘူး။ နောင်တချိန်ကျရင် သင်ဟာ အင်မတန် အလုပ်ရှုပ်ပြီး အခုလို အားမနေနိုင်ဘူးဆိုတာ သိရင် လောလောဆယ် အပြည့်အဝ နားနေတယ်လို့ တွေးမိမှာပါ။
(၄) ဖုန်း မသုံးပါနဲ့
အမှန်တော့ လူမှုကွန်ရက်တွေမှာ အချိန်ဖြုန်းနေတာက သင့်ကို စိတ်ဓာတ်ပိုကျစေပါတယ်။ သူများတကာရဲ့ ပျော်ရွှင်မှုတွေ၊ အောင်မြင်မှုတွေကို ကြည့်ရင်း သင်ဟာ ကိုယ့်ကိုယ်ကို အပြစ်တင်ချင်စိတ်တွေ များလာနိုင်တဲ့အတွက် ဖုန်းသုံးတာကို လျှော့ချလိုက်ပါ။
(၅) အိမ်ကနေ ထွက်ပါ
တချိန်လုံး အိမ်တွင်း ပုန်းမနေပါနဲ့။ မြို့ထဲကို ထွက်ပြီး ကော်ဖီဆိုင် ထိုင်တာမျိုး၊ ဈေးဝယ်ထွက်တာမျိုး လုပ်ကြည့်ပါ။
(၆) Relationship ပြန်လည် တည်ဆောက်ပါ
အဆက်အသွယ် မလုပ်ဖြစ်တဲ့ သူငယ်ချင်းတွေ၊ ဆွေမျိုးသားချင်းတွေကို အချိန်ပေး တွေ့ဆုံပါ။ စိတ်ခံစားချက် အပြောင်းအလဲ တခုကို ခံစားရမှာပါ။ ဒါ့အပြင် အရင်က အလုပ်တွေ ရှုပ်လို့ အချိန် မပေးနိုင်ခဲ့တဲ့ ချစ်သူကို အပြည့်အဝ အချိန်ပေးခြင်းအားဖြင့်လည်း ပျော်ရွှင်မှုတွေ ဖန်တီးနိုင်ပါတယ်နော်။
ကဲ တယောက်တည်း အထီးကျန်နေတယ်လို့ ခံစားရတဲ့အခါ အိမ်မှာထိုင် စိတ်ညစ်မနေဘဲ လုပ်သင့်တာလေးတွေ လုပ်ရင်း ဘဝကိုပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းကြည့်ရအောင်နော်။
Ref ; www.bustle.com