ခံတွင်းသန့်ဆေးရည် အများစုဟာ အယ်လ်ကိုဟောကို အခြေခံပြီး ထုတ်လုပ်ထားတာ ဖြစ်တဲ့အတွက် ခံတွင်းသန့်ရှင်းရေး အတွက်သာမက တခြားသော အသုံးဝင်တဲ့ နေရာတွေလည်း ရှိပါတယ်။
ဒါကြောင့်မို့လို့ ခံတွင်းသန့်ဆေးရည်ရဲ့ သင်မသိသေးတဲ့ တခြား အသုံးဝင်ပုံတွေကို ဧရာဝတီ စာဖတ် ပရိသတ်တွေအတွက် ဗဟုသုတ အနေနဲ့ ပြန်လည်မျှဝေ ပေးလိုက်ပါတယ်။
(၁) မိုးရာသီမှာ အဖြစ်များလေ့ရှိတဲ့ လက်ချောင်း၊ ခြေချောင်းကြားတွေနဲ့ လက်သည်း၊ ခြေသည်းတွေမှာ မှိုစွဲတာမျိုး ဖြစ်တဲ့ အခါ ခံတွင်းသန့်ဆေးရည်ကို အသုံးပြုလို့ရပါတယ်။ ခံတွင်းသန့်ဆေးရည် အနည်းငယ်နဲ့ ရှာလကာရည် အနည်းငယ်တို့ကို ရောစပ်ပြီး ဂွမ်းစလေးတွေ အသုံးပြုကာ တနေ့ ၂ ကြိမ်ကနေ ၃ ကြိမ်ခန့် သုတ်လိမ်းပေးခြင်းအားဖြင့် သက်သာ ပျောက်ကင်းစေမှာ ဖြစ်ပါတယ်။
(၂) မာကျောတဲ့ အရာဝတ္ထုတွေနဲ့ မတော်တဆ တိုက်မိတဲ့အခါ ဖြစ်ပေါ်တတ်တဲ့ အရေပြားပေါ်မှာ အညိုမဲစွဲခြင်းတွေ အတွက်လည်း ခံတွင်းသန့်ဆေးရည်က အသုံးဝင်ပါတယ်။ အညိုမည်းစွဲတဲ့ နေရာပေါ်ကို ခံတွင်းသန့်ဆေးရည် သုတ်လိမ်း ပေးရုံနဲ့ သက်သာစေနိုင်ပါတယ်။
(၃) သင့်ရဲ့ လက်သန့်ဆေးရည် ကုန်နေတဲ့ အခါမျိုးတွေမှာ ခံတွင်းသန့်ဆေးရည်ကို တစ်ရှုးနဲ့စွတ်ပြီး လက်သန့်စင်ဖို့ အသုံးပြုနိုင်ပါတယ်။
(၄) ဖန်ခွက်တွေနဲ့ မှန်တွေ အရောင်တောက်ပမှု မရှိတော့တဲ့အခါ ခံတွင်းသန့်ဆေးရည်ကို အသုံးပြုပြီး ပွတ်တိုက် ပေးခြင်းအားဖြင့် သန့်ရှင်းတောက်ပြောင်စေမှာ ဖြစ်ပါတယ်။
(၅) မတော်တဆ ထိခိုက်ရှနာဖြစ်တဲ့အခါ သွေးထွက်နေတဲ့ ဒဏ်ရာပေါ်ကို ခံတွင်းသန့်ဆေးရည်နဲ့ဂွမ်းစတို့ကို အသုံးပြုကာ သန့်ရှင်းရေးလုပ်ပေးခြင်းအားဖြင့် သွေးတိတ် သက်သာစေနိုင်သလို ပိုးဝင်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
(၆) အဝတ်အစားတွေ ချွေးစော်နံပြီး အနံအသက် မကောင်းတဲ့အခါ ဆပ်ပြာနဲ့မလျှော်ခင် ခံတွင်းသန့်ဆေးရည်နဲ့ ရေ အနည်းငယ်ကို ရောပြီးစိမ်ပေးခြင်းအားဖြင့် အနံ့ဆိုးတွေကို ပျောက်ကွယ်စေနိုင်ပါတယ်။
Ref : experthometips.com