အခုနောက်ပိုင်းမှာ မိုဘိုင်းဖုန်းတွေ ပေါများလာတာနဲ့အမျှ Facebook နဲ့ Instagram အပါအဝင် တခြားသော Social Media (ဆိုရှယ် မီဒီယာ) အသုံးပြုမှုဟာလည်း ကျယ်ပြန့်လာပါတယ်။
နေ့စဉ် လူနေမှုဘဝမှာ မပါမဖြစ်လို့တောင် ပြောလို့ရတဲ့ ဆိုရှယ်မီဒီယာ အသုံးမပြုဖြစ်တော့ရင် ဖြစ်ပေါ်လာမယ့် ကောင်းကျိုးနဲ့ ဆိုးကျိုးတွေကို ဧရာဝတီ စာဖတ်ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။
ဆိုရှယ်မီဒီယာ အသုံးမပြုတော့တဲ့အခါ ဖြစ်ပေါ်လာမယ့် ကောင်းကျိုးတွေကို အရင်ဦးဆုံးဖော်ပြပေးချင်ပါတယ်။
(၁) ပထမဆုံးအချက်ကတော့ ဆိုရှယ်မီဒီယာတွေ အသုံးမပြုဖြစ်တော့တာကြောင့် ကိုယ့်မိသားစုနဲ့ သူငယ်ချင်း တွေ အပေါ်ကို အချိန်ပိုပေးနိုင်မှာ ဖြစ်သလို ဆိုရှယ်မီဒီယာတွေကနေတဆင့် ဆက်သွယ်ပြောဆိုခြင်း မပြုတော့တဲ့အတွက် Face To Face Communication Skill (မျက်နှာချင်းဆိုင် စကားပြောဆို ဆက်ဆံခြင်း) လည်း တိုးတက်လာမှာ ဖြစ်ပါတယ်။
(၂) နောက်တခုကတော့ ကိုယ်ဝါသနာပါတဲ့ အလုပ်တွေအပေါ် ပိုပြီးအချိန်ပေးနိုင်မှာ ဖြစ်ပါတယ်။ အစားအသောက် ချက်ပြုတ်တာ၊ စာအုပ်ဖတ်တာ၊ ရုပ်ရှင်ကြည့်တာ၊ အားကစားပြုလုပ်တာ၊ အပင်စိုက်တာ၊ ဂစ်တာတီးသင်တာ အစရှိသဖြင့် ဝါသနာပါရာတွေကို ပိုမိုလုပ်ဖြစ်လာမှာ ဖြစ်ပါတယ်။
(၃) ခရီးသွားတဲ့အခါမျိုးတွေမှာ ဓာတ်ပုံတွေရိုက်ပြီး Social Network (လူမှုကွန်ရက်) ပေါ်မှာ တင်တာထက် သဘာဝ ပတ်ဝန်းကျင်ကို ပိုမိုအာရုံစိုက်လာမိပြီး အရင်ကထက် သဘာဝတရားကို ပိုမိုချစ်မြတ်နိုးလာမှာ ဖြစ်ပါတယ်။
(၄) နောက်ဆုံးတခုကတော့ ဆိုရှယ်မီဒီယာတွေပေါ်က အမုန်းစကားတွေနဲ့ တခြားသူတွေရဲ့ အရေးမပါလှတဲ့ လူမှု ကိစ္စအရှုပ်အထွေးတွေကို မတွေ့မြင်ရတော့တာကြောင့် စိတ်အေးချမ်းသာရှိလာမှာဖြစ်ပါတယ်။
ဆက်လက်ဖော်ပြပေးမှာကတော့ ဆိုရှယ်မီဒီယာတွေအသုံးမပြုတော့တဲ့အခါ ဖြစ်ပေါ်လာမယ့် ဆိုးကျိုးတွေပဲ ဖြစ်ပါတယ်။
(၁) ပထမတချက်ကတော့ သင်ဟာ Update အကြောင်းအရာ တော်တော်များများနဲ့ အဆက်ပြတ်နေမှာ ဖြစ်တာကြောင့် ခေတ်နောက်ကျ ကျန်နေခဲ့မှာပဲ ဖြစ်ပါတယ်။
(၂) ဆိုရှယ် မီဒီယာတွေနဲ့ ဝေးကွာနေတ ဲ့အတွက်ကြောင့် ပျင်းရိငြီးငွေ့သလို ခံစားနေရမှာဖြစ်ပြီး တခါတလေမှာတော့ အထီးကျန်သလို ခံစားနေရမှာ ဖြစ်ပါတယ်။
(၃) သင်ဟာ ဆိုရှယ် မီဒီယာနဲ့ဆက်စပ်ပြီး အလုပ်လုပ်ကိုင်နေသူ တဦးဆိုရင်တော့ သင့်လုပ်ငန်းကို ထိခိုက်စေနိုင်မှာ ဖြစ်ပါတယ်။
Ref : www.rd.com