Trend

အာဖရိကအထိ ဖြန့်ကြက် ဖို့ ခြေလှမ်းနေတဲ့ “Miniso” ဂျပန်စတိုး

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်မြို့ အနှံအပြားမှာ တွေ့ရှိရတဲ့ Miniso စတိုးဟာ မြန်မာပြည်တင်မကဘဲ ကမ္ဘာအနှံ့ ဈေးကွက်မှာပါ ရောက်ရှိလာပြီ ဖြစ်ပါတယ်။ The Hub Karen နဲ့ ဂျပန်လက်လီစတိုးဆိုင်ဖြစ်တဲ့ Miniso ဟာ နှစ်ဦးသဘောတူ စာချုပ် ချုပ်ဆိုပြီးချိန်မှာပဲ ဒီသတင်းထွက်ပေါ်လာတာ ဖြစ်ပါတယ်။ အခုကတော့ အာဖရိကမှာ ဂျပန်စတိုးဆိုင်တွေဖြန့်ကြက်ဖို့ ခြေလှမ်း အစပြုလာတာ ဖြစ်ပါတယ်။

Philippe Cauviere ဟာ The Hub Karen ရဲ့ တာဝန်ရှိ ပုဂ္ဂိုလ်တဦး ဖြစ်ပြီး Miniso နဲ့ ၂၀၁၈ ခုနှစ်အစောပိုင်းမှာ သဘောတူ စာချုပ်ရေးထိုးခဲ့တာပဲ ဖြစ်ပါတယ်။ The Hub Karen မှာ Miniso လိုမျိုး နိုင်ငံခြားဖြစ် လက်လီရောင်းချနေတဲ့ ဆိုင်တွေ ခွင့်ပြုပေးခြင်းအားဖြင့် နောက်ပိုင်းမှာလည်း Lifestyle စတိုးတွေ အများကြီး ပေါ်ထွက်ဖို့ အထောက်အကူပြုစေဖို့ ရည်ရွယ်ပါတယ်။

“Miniso က အာဖရိကမှာ လူသိများတဲ့နေရာအဖြစ် The Hub Karen ကိုရွေးချယ်ခဲ့တဲ့အတွက် အရမ်းပဲ စိတ်လှုပ်ရှား ရပါတယ်။ လာမယ့် သြဂုတ်လမှာ Miniso ဆိုင်ဖွင့်လှစ်မဲ့ အစီအစဉ်ဟာ The Hub karen ကို လူတွေပိုလာအောင် ဆွဲဆောင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဝယ်သူတွေအနေနဲ့ ထူးခြားဆန်းသစ်ပြီး ပစ္စည်းအစုံ ဝယ်ယူရရှိနိုင်သလို Lifestyle ပစ္စည်းမျိုးစုံ တွေ့ရှိရမှာ ဖြစ်တယ်” လို့ Cauviere က ဆိုပါတယ်။

Miniso ရဲ့ ခြေလှမ်းက ကင်ညာမှာ Franchise စတိုးပေါင်း ၁၀၀ ကျော် ဖွင့်လှစ်နိုင်ဖို့ ရည်ရွယ်တယ်လို့ Miniso Lifestyle Kenya Business Development Manager ဖြစ်သူ Dean က ဆိုပါတယ်။ Miniso မှာ ဖက်ရှင်လူမှု ဘဝနဲ့ ပတ်သက်ပြီး ပစ္စည်းမျိုးစုံကို လက်လီရရှိနိုင်မှာပဲ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်က Miniso ရဲ့ ပြည်ပရောင်းအားက အမေရိကန် ဒေါ်လာ ၇၃၇ သန်း ရှိခဲ့ပါတယ်။

အလားတူ ပြင်သစ် အားကစားလက်လီအရောင်းဆိုင်ဖြစ်တဲ့ Decathlon ကလည်း The Hub Karen မှာ ပထမစတိုးဆိုင်ကို စက်တင်ဘာလမှာ ဖွင့်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

Ref ; kbc.co.ke

Did you find apk for android? You can find new Free Android Games and apps.
Loading