Trend

အချစ်ရေးမှာ အတွေးလွန်တာတွေ မဖြစ်စေဖို့ ရှောင်ကြဉ်ရမယ့် အချက် ၅ ချက်

Want create site? Find Free WordPress Themes and plugins.

ချစ်သူရည်းစားတွေကြားမှာ ရန်ဖြစ်စရာ မရှိရင် အတွေးလွန်ပြီး ပြသနာရှာ ရန်ဖြစ်ကြတာမျိုး ကြုံဖူးကြမှာပါ။ အများစုက မိန်းကလေးတွေဘက်က ဖြစ်တတ်ပြီး ဒီလိုအတွေးလွန်နေတာက ရေရှည်မှာ သင့်ကိုပျော်ရွှင်မှု ပေးနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် မလိုလားအပ်တဲ့ ပြဿနာတွေမဖြစ်စေဖို့ အတွေးလွန်ခြင်းကို ရပ်တန့်သင့်ပါတယ်။ အောက်ပါအချက်တွေကတော့ သင့်အနေနဲ့ သင့်ချစ်သူအပေါ်မှာ အတွေးလွန်နေပြီလားဆိုတာ ပြောပြနိုင်မယ့် နည်းလမ်းပဲဖြစ်ပါတယ်။

(၁) စာပို့ဖို့အတွက် စဉ်းစားနေရတယ်

တခါတရံမှာ သင့်စိတ်ထဲက ရှိတဲ့အတိုင်း စာရိုက်ရမယ့်အစား ဘယ်လိုစကားလုံးမျိုးကို ရွေးချယ်ရမယ်ဆိုတာ တွေးရင်း ချီတုံချတုံ ဖြစ်တတ်ပါတယ်။ သူငါ့ကို အထင်သေးသွားမှာလား၊ တမျိုး မြင်သွားမှာလား ဆိုတာတွေးရင် စိတ်ဒုက္ခပေးတာ လည်း မကောင်းပါဘူး။

(၂) လူတိုင်းကို လိုက်မေးနေတယ်

သင်ဟာ သူများတကာရဲ့အချစ်ရေးကို သင့်အခြေအနေနဲ့ လိုက်ပြီး နှိုင်းယှဉ်နေတတ်ပါတယ်။ ကိုယ့်ဘက်က အဆင်ပြေတဲ့ ဆက်ဆံရေးကို ရနေပေမယ့် အချိန်တန်ရင် သူများတွေလိုပဲ ထားခံရမယ်ဆိုပြီး အတွေးဝင်နေတာကြောင့် တခါတရံ မလိုလားအပ်တဲ့ ပြဿနာတွေ ဖန်တီးတတ်ပါတယ်။ ဒါကြောင့် သင့်ပတ်ဝန်းကျင်က ရှိသမျှလူတွေဆီက အကြံဉာဏ်ယူဖို့ မလိုအပ်ပါဘူး။

(၃) “တကယ်လို့” ဆိုတာမျိုး အမြဲတွေးနေတတ်တယ်

တချို့က အချစ်ရေးနဲ့ ပတ်သက်ပြီး အမြဲအဆိုးဘက်ပဲ တွေးနေတတ်ပါတယ်။ “တကယ်လို့ သူငါ့ကို သစ္စာဖောက်သွားရင်”၊ “ထားသွားခဲ့ရင်” ၊ “သေသွားခဲ့ရင်” စတဲ့ မဟုတ်တဲ့ အတွေးတွေနဲ့ သင့်ကိုယ်သင် နှိပ်စက်လေ့ရှိတာ မကောင်းပါဘူး။

(၄) အမြဲတမ်း အနာဂတ်ကို တွေးတယ်

လက်ရှိအချိန်မှာ အကောင်းဆုံး နေထိုင်ရမယ့်အစား လာမယ့် ၂ လအတွင်း၊ တနှစ်အတွင်းမှာ သင့်အချစ်ရေးက ဘယ်လို ဖြစ်သွားမှာလဲ ဆိုပြီး အမြဲစိုးရိမ် ပူပန်နေတတ်ပါတယ်။ အတူရှိတဲ့အချိန်မှာ ပျော်ရွှင်ရမယ့်အစား အနာဂတ်ကိုတွေးပြီး ပူပန်နေတာက သင့်ကိုစိတ်ပင်ပန်းစေပါတယ်။

(၅) သူ သင့်အပေါ်မှာ ဘယ်လိုသဘောထားလဲ အမြဲတွေးနေတယ်

သူက စကားတခွန်း ပြောလိုက်ရင် ဘယ်လိုသဘောမျိုးနဲ့ ပြောတာလဲ ငါ့ကိုတကယ် သဘောမကျဘူးလား၊ အသစ်တွေ့နေပြီလားဆိုတဲ့ အတွေးမျိုးစုံနဲ့ ယောက်ယက်ခတ်နေပါတယ်။

ဒီလိုမျိုး အတွေးပေါင်းစုံနဲ့ ကိုယ့်စိတ်ကို ဒုက္ခပေးနေမယ်ဆိုရင် မပျော်ရွှင်ရမှာ သင်ကိုယ်တိုင်ပဲဖြစ်တာမို့ လက်ရှိ အချိန်ကိုပဲ အကောင်းဆုံးနေထိုင်ကြည့်ပါ။ ဒါဆို စိတ်ချမ်းသာတဲ့ အချစ်ရေးကို ရရှိစေမှာပါ။

Did you find apk for android? You can find new Free Android Games and apps.
Loading