သင်ဟာ ညဘက်တွေမှာ ဘယ်လိုပုံစံမျိုးနဲ့ အိပ်စက်တတ်သူ တယောက်လဲ။ လေ့လာချက်တွေအရ သင်အနှစ်သက်ဆုံး အိပ်စက်ခြင်းပုံစံက သင့်ရဲ့ ပင်ကိုစရိုက်ကို ဖော်ပြနေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် သင့်ရဲ့အိပ်စက်ခြင်းပုံစံဟာ ဘယ်လို ပုံစံမျိုးနဲ့ ကိုက်ညီသလဲ ဆိုတာကို ဆန်းစစ်ကြည့်လို့ရအောင် ဖော်ပြပေးလိုက်ပါတယ်။
(၁) အိပ်စက်တဲ့အခါ ခွေခွေခေါက်ခေါက်နဲ့ ခန္ဓာကိုယ်ကို ခပ်ကွေးကွေးပုံစံနဲ့ အိပ်တတ်သူ တယောက်ဆိုရင်တော့ သင်ဟာ လွယ်လွယ်နဲ့ စိတ်ထိခိုက် ခံစားတတ်သူဖြစ်ပြီး စကားနည်းသူ တယောက်လည်း ဖြစ်ပါတယ်။ သိပ်ပြီး မရင်းနှီးတဲ့သူတွေနဲ့ စကားပြော ဆက်ဆံတဲ့အခါ ရှိုးတိုးရှန့်တန့် ဖြစ်နေတတ်ပြီး ရင်းနှီးသွားရင်တော့ သင်ဟာ ခင်မင်စရာကောင်းတဲ့ သူ တယောက်ပဲ ဖြစ်ပါတယ်။
(၂) ခန္ဓာကိုယ်ကို ဘေးတစောင်း အနေအထားနဲ့ ဒူးတွေကို ခပ်တန်းတန်း ဆန့်ပြီး အိပ်တတ်သူတွေဟာ ပေါင်းသင်း ဆက်ဆံရေးကောင်းသူတွေဖြစ်ပြီး မိမိကိုယ်ကို ယုံကြည်မှုပြင်းထန်သူတွေဖြစ်ပါတယ်။
(၃) ဝမ်းလျားမှောက်ပြီး မျက်နှာကို ခေါင်းအုံးနဲ့ကပ်ကာ အိပ်စက်တတ်သူတွေကတော့ အပေါင်းအသင်း ခင်မင်တတ်သူ တွေဖြစ်ပါတယ်။ မိဘနဲ့ သူငယ်ချင်းတွေအပေါ်မှာ အနစ်နာခံတတ်သူတွေဖြစ်ပြီး အစအနောက်သန်သူတွေလည်း ဖြစ်ပါတယ်။ ပျော်ပျော်နေတတ်သူတွေ ဖြစ်ပေမယ့် စိတ်ထိခိုက်စရာတခုခုရှိရင်လည်း ကြိတ်ပြီးခံစားတတ်သူတွေပဲ ဖြစ်ပါတယ်။
(၄) အိပ်ရာဝင်တဲ့အခါ ခုန်ပေါက်ပြီးအိပ်ရာဝင်လေ့ရှိပြီး အိပ်ရာတခုလုံးမှာ ခန္ဓာကိုယ်ကို ဖြစ်သလိုပုံစံအနေအထားနဲ့ အိပ်စက်တတ်သူတွေဟာ စိတ်လိုက်မာန်ပါလုပ်တတ်သူတွေဖြစ်ပြီး ပျော်ပျော်ရွှင်ရွှင်နေတတ်သူတွေလည်း ဖြစ်ပါတယ်။
(၅) အိပ်စက်တဲ့အခါ ပက်လက်လှန် အနေအထားနဲ့ ခြေ၊ လက်တွေကို တဖြောင့်တည်းထားပြီး သတိဆွဲသလို အနေအထားနဲ့ အိပ်စက်တတ်သူတွေဟာ စကားနည်းသူတွေဖြစ်ပြီး ကိုယ်နဲ့ အဆင်ပြေမယ့် စိတ်ချင်းတူသူတွေကိုသာ ရွေးချယ်ပေါင်း သင်းတတ်သူတွေ ဖြစ်ပါတယ်။
Ref : www.rd.com