မိုးရာသီ ရောက်နေပေမယ့်လည်း ခရီးထွက်ရတာ သဘောကျတဲ့သူတွေကတော့ ဘယ်နေရာတွေကို ခရီးထွက်ရင် ကောင်းမလဲ ဆိုတာ စဉ်းစားနေလောက်ပြီ ထင်ပါတယ်။ မိုးရာသီမှာ ခရီးထွက်တဲ့အခါ လေယာဉ်ခ၊ ဟိုတယ်ခတွေ ဈေး သက်သာတာကြောင့် ခရီးထွက်ဖို့ စောင့်ဆိုင်းနေတဲ့သူတွေအတွက် ဘာတွေယူသွားသင့်တယ်ဆိုတာ မျှဝေလိုက်ပါတယ်။
(၁) မိုးကာ
သင်ဟာ ခြေလျှင်တောင်တက် ခရီးမျိုးသွားမယ်ဆိုရင် ထီးကြီးတကားကားနဲ့ အဆင်မပြေလှပါဘူး။ ဒါကြောင့် ပေါ့ပေါ့ပါးပါး ဖြစ်မယ့် မိုးကာ(အပြည့် သို့မဟုတ် တဝက် အရှည်) ကို ရွေးချယ်သင့်ပါတယ်။ ကားထဲက ထွက်တာနဲ့ ဘာမှ ပြင်ဆင်စရာ မလိုအောင် မိုးကာလေးတထည်နဲ့ လျှောက်ပတ်လို့ရပြီပေါ့။
(၂) အခြောက်မြန်တဲ့အထည်
မိုးတွင်းကြီး ခရီးသွားတဲ့အခါ အလှအပထက်အဆင်ပြေမယ့် အဝတ်အစားမျိုးသာ ဝတ်ဆင်သင့်ပါတယ်။ အေးမြပြီး အခြောက်မြန်တဲ့ အထည်မျိုးပေါ့။ ဂျင်းတွေရှောင်ပြီး ပိုလီအက်စတာအထည်တွေ ရွေးချယ်ပါ။
(၃) ဖိနပ်
မိုးတွင်းကြီးမှာ အခြောက်မြန်တဲ့ Slipper ဖိနပ်မျိုးသာရွေးချယ်ပါ။ Sport Shoe ထက် ကြိုးသိုင်းတွေ ဝတ်ဆင်သင့်ပါတယ်။
(၄) Germ Killer
မိုးရာသီမှာ ခရီးထွက်တဲ့အခါ လက်ဆေးရည်ဘူးတွေ အမြဲဆောင်ထားပါ။ ဒါ့အပြင်ချိုးမယ့်ရေက ညစ်ပတ်တာဖြစ်ဖြစ်၊ သောက်မယ့်ရေက မသန့်တာမျိုး ဖြစ်တဲ့အခါ ဒီ Germ Killer က အသုံးတည့်မှာပါ။
(၅) Silica Gel
မိုးစိုတဲ့အခါ ခရီးဆောင်အိတ်တွေ စိုစွတ်ပြီး မှိုစွဲတာမျိုး ဖြစ်တတ်ပါတယ်။ အလုပ်ရှုပ်လို့ မလျှော်မိတဲ့အခါ အိတ်မှာ ဘက်တီးရီးယားတွေ ခိုအောင်း နေနိုင်တာကြောင့် ဒီလို Silica Gel အိတ်လေးတွေကို ခရီးဆောင်အိတ်ထဲမှာ ထည့်ထားခြင်း အားဖြင့် အစိုဓာတ်တွေဖယ်ရှားပြီး ခြောက်သွေ့စေမှာပါ။
ကဲ… မိုးရာသီမှာ ခရီးသွားမယ်ဆိုရင် ဒီ ၅ ခုတော့ မဖြစ်မနေ လိုအပ်မယ် ထင်ပါတယ်။