ဇွန်လရဲ့ ဒုတိယပတ် တနင်္ဂနွေနေ့ဟာ “အဖေများနေ့” ပါ။ ယခုနှစ်၊ ဇွန်လ ၁၇ ရက်နေ့မှာ ကျရောက်တဲ့ “အဖေများနေ့” မှာ သင့်ဖခင်အတွက် လက်ဆောင်လည်း ပေးချင်တယ်၊ ဘယ်လို လက်ဆောင်မျိုးပေးရမလဲ စဉ်းစားမရ ဖြစ်နေသူတွေ အတွက် သင်တို့ရဲ့ ဖခင်ကို လက်ဆောင်ပေးရမယ့် အိုင်ဒီယာလေးတွေ ပြန်လည်မျှဝေ ပေးလိုက်ပါတယ်။
(၁) မျက်မှန် (သို့မဟုတ်) မျက်မှန်ကိုင်း
သင့်ဖခင်ဟာ မျက်မှန် တပ်ရသူတဦးဆိုရင်တော့ အများကြီး စဉ်းစားနေစရာ မလိုတော့ပါဘူး။ သူနဲ့ လိုက်ဖက်မယ့် မျက်မှန် (သို့မဟုတ်) မျက်မှန်ကိုင်း ခပ်ကောင်းကောင်း တခုကို ရွေးချယ်ပြီး ပေးမယ်ဆိုရင် အသုံးဝင်ပြီး အမြဲတမ်းလည်း အမှတ်တရ ဖြစ်နေမှာပါ။
(၂) လက်ပတ်နာရီ
အဖေ့အတွက် သွားလေရာ အမြဲပါပြီး သင့်ကိုလည်း အချိန်တိုင်း အမှတ်ရနေစေမယ့် လက်ပတ်နာရီတလုံးကို “အဖေများနေ့” လက်ဆောင်စာရင်းမှာ မပါမဖြစ် ထည့်သင့်ပါတယ်။
(၃) အနွေးထည် Jacket
မိုးတွင်းလည်းရောက်နေပြီဆိုတော့ နွေးနွေးထွေးထွေး ဖြစ်စေမယ့် Jacket တထည်ကိုလည်း “အဖေများနေ့” လက်ဆောင် အဖြစ် ရွေးချယ်သင့်ပါတယ်။
(၄) Notebook (မှတ်စုစာအုပ်)
သင့်ဖခင်ဟာ နေ့စဉ်မှတ်တမ်း ရေးတတ်တဲ့ အကျင့်ရှိသူတဦးဖြစ်ပြီး မကြာခဏလည်း အစည်းအဝေးတွေ တက်ရသူ တဦး ဆိုရင် Notebook စာအုပ် ကောင်းကောင်းတအုပ်ကို လက်ဆောင်အဖြစ ်ရွေးချယ်သင့်ပါတယ်။
(၅) ပိုက်ဆံအိတ်
ပိုက်ဆံအိတ် ဒါမှမဟုတ် ဘေးလွယ်အိတ် စတာတွေကလည်း အမှန်တကယ် အသုံးတည့်တဲ့ ပစ္စည်းတွေ ဖြစ်တာကြောင့် လက်ဆောင်ဝယ်ယူတော့မယ်ဆိုရင် ထည့်သွင်းစဉ်းစားသင့်ပါတယ်။
(၆) အဖေနဲ့အတူတူ “အဖေများနေ့”ကို ဖြတ်သန်းပါ
လက်ဆောင်ပေးတာမျိုး မဟုတ်ဘဲ “အဖေများနေ့”မှာ အဖေနဲ့အတူတူ သူကြိုက်တဲ့ အစားအစာတွေ အတူတကွ သွားစား တာမျိုး၊ ဈေးဝယ်ထွက်တာမျိုးနဲ့ Spa သွားတာမျိုးတွေကိုလည်း ပြုလုပ်ပေးနိုင်ပါတယ်။
Ref: www.realsimple.com