သင်က ကြောင်ချစ်သူ တယောက် ဖြစ်တယ်ဆိုရင် ဒီစာတွေက သင့်အတွက် အသုံးဝင်မှာပါ။ ကြောင်တွေက ခွေးတွေနဲ့ မတူဘဲ ချစ်ဖို့ကောင်းတဲ့ အချေ စတိုင်ကို ပိုင်ဆိုင်ထားတာကြောင့် သူတို့အကြောင်း သိရအောင် အောက်ပါ အကြောင်းအရာ ၂၁ ချက်ကို ဗဟုသုတ အနေနဲ့ ဖော်ပြလိုက်ပါတယ်။
(၁) ကြောင်လေးတွေက US မှာ အရမ်းနာမည်ကြီး ပါတယ်တဲ့။ အမေရိကန်ပြည်ထောင်စုမှာ ကြောင် အကောင်ရေ ပေါင်း ၈၈ သန်းတောင် ရှိတယ်လို့ သိရပါတယ်။
(၂) ကြောင်လေးတွေက ဘဝရဲ့ အချိန် ၇၀ ရာခိုင်နှုန်းလောက်က အိပ်ရင်းနဲ့ကုန်ဆုံးပါတယ်။
(၃) အမေရိကန် ပြည်ထောင်စု၊ Alaska ဒေသမှာ stubbs လို့ခေါ်တဲ့ ကြောင်လေး တကောင်က လွန်ခဲ့တဲ့ ၁၅ နှစ် တုန်းက မြို့ တော်ဝန် ဖြစ်ဖူးပါတယ်။
(၄) ကြောင်လေးတွေက ချိုတဲ့ အရသာကို မသိပါဘူးတဲ့။
(၅) ကြောင်မွေးခြင်းက နှလုံးရောဂါနဲ့ လေဖြတ်ခြင်းကို လျော့ကျစေပါတယ်။
(၆) ကမ္ဘာ့အကြီးဆုံး ကြောင်က ၄၈ ဒဿမ ၅ လက်မ ရှည်ပါတယ်။
(၇) အရွယ်ရောက်တဲ့ ကြောင်တွေကပဲ လူတွေနဲ့ ဆက်သွယ်ဖို့ “ညောင်” (မြောင်) ဆိုတဲ့အသံကို အသုံးပြုကြပါတယ်။
(၈) ကမ္ဘာ့အချမ်းသာဆုံး ကြောင်က အမေရိကန် ဒေါ်လာ ၁၃ သန်း ပိုင်ဆိုင်ပါတယ်။ သူ့သခင်က သေဆုံးပြီး အမွေတွေ လွှဲပေးခဲ့တာပါ။
(၉) ခွေးတွေက အသံ ၁၀ မျိုးလောက်ပဲ လုပ်တတ်ပေမဲ့ ကြောင်တွေက အသံပေါင်း ၁၀၀ ကျော်လောက် လုပ်နိုင်ပါတယ်။
(၁၀) ကြောင်တကောင်ရဲ့ ဦးနှောက်က လူတစ်ယောက်ရဲ့ ဦးနှောက်နဲ့ ၉၀ ရာခိုင်နှုန်းလောက် တူပါတယ်။
(၁၁) ကြောင်တွေဟာ ခွေးတွေထက် IQ နိမ့်တယ်ထင်ရပေမဲ့ တကယ်တမ်းကျ သိမြင်ခြင်းနဲ့ဆိုင်တဲ့ ပုစ္ဆာတွေကို သူတို့က ပိုပြီး ဖြေဆိုနိုင်စွမ်းရှိပါတယ်။
(၁၂) ကြောင်လေးတွေက ခွေးလေးတွေထက် ကြာရှည်မှတ်မိ နိုင်ပါတယ်။
(၁၃) ကြောင်တွေဟာ ipad တလုံးထက် မှတ်နိုင်စွမ်း အဆ ၁၀၀၀ ပိုပါတယ်။
(၁၄) ကြောင်တကောင်က သူ့အရပ်ထက် ၆ဆ မြင့်တဲ့ နေရာအထိ ခုန်နိုင်စွမ်း ရှိပါတယ်။
(၁၅) ကြောင်လေးတွေရဲ့ ခြေဖဝါးမှာပဲ ချွေးထွက်ပါတယ်။
(၁၆) အာကာသထဲကို အရင်ဆုံးရောက်တဲ့ကြောင်က ပြင်သစ်ကပါ။ Felicette လို့ခေါ်ပါတယ်။
(၁၇) ကြောင်တွေက သူတို့ရဲ့ နားရွက်ကို ၁၈၀ ဒီဂရီ လှည့်လို့ ရပါတယ်။
(၁၈) ကြောင်လေးတွေရဲ့ နှာခေါင်းမှာလည်း လူတွေရဲ့လက်ဗွေရာလို အရစ်တွေရှိပါတယ်။
(၁၉) ကြောင်ချစ်သူတွေရဲ့ ၁၁ ရာခိုင်နှုန်းလောက်က သီးသန့်နေထိုင်တဲ့ introvert စတိုင်ကို သဘောကျသူတွေ ဖြစ်ပါတယ်။
(၂၀) ကြောင်တွေရဲ့ နဖူး၊ အမြီး၊ နှုတ်ခမ်းနဲ့ မေးစေ့၊ ရှေ့အောက်ခြေမှာ အနံ့ဂလင်းတွေ ရှိပါတယ်။
(၂၁) သူတို့ကိုယ်သူတို့ လျက်နေတယ်ဆိုတာ အနံ့တွေ သူတို့ကိုယ်မှာ မစွဲအောင်လို့ပါ။
ကဲ ဒါတွေက ကြောင်တွေနဲ့ ပတ်သက်ပြီး အခြေခံအကြောင်းအရာတွေပဲ ဖြစ်ပါတယ်။ ကြောင်ချစ်သူတို့ အနေနဲ့ တခါတလေသူတို့ရဲ့လုပ်ရပ်လေးတွေကို သိရအောင်လို့ ဖော်ပြပေးလိုက်တာပဲ ဖြစ်ပါတယ်။
Ref : buzzfeed.com