Trend

အမြဲတမ်း ငယ်ရွယ် နုပျိုစေနိုင်ဖို့ ပြုလုပ်သင့်တဲ့ အလေ့အကျင့် ၈ ချက်

နေ့စဉ်လှုပ်ရှား ရုန်းကန်နေရတဲ့ လူနေမှုဘဝမှာ အလုပ်ဖိအားတွေနဲ့ ပတ်ဝန်းကျင် ညစ်ညမ်းမှုတွေကြောင့် အိုမင်း ရင့်ရော်မှုတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။ အခုဖော်ပြပေးမှာကတော့ အိုမင်း ရင့်ရော်မှုကို နှေးကွေးစေပြီး ငယ်ရွယ် နုပျိုစေနိုင်တဲ့ နေ့စဉ်ပြုလုပ်ပေးရမယ့် အလေ့အကျင့်ကောင်းတွေကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။

(၁) သုတေသီတွေရဲ့လေ့လာချက်တွေအရ ရယ်မောခြင်းဟာ စိတ်ဖိစီးခြင်းကို သက်သာစေပြီး ငယ်ရွယ်နုပျို စေနိုင်တယ် လို့ ဆိုပါတယ်။ ရယ်မောခြင်းကြောင့် ခန္ဓာကိုယ်တွင်းက ကြွက်သားတွေကို ဖြေလျှော့ပေးပြီး နုပျိုစေနိုင်တာဖြစ်တယ်လို့ ဆိုပါတယ်။

(၂) ဗီတာမင်စီ ကြွယ်ဝစွာ ပါဝင်တဲ့ စပျစ်သီး၊ ဆီးသီးနဲ့ ဘယ်ရီသီးအစရှိတဲ့ အသီးအနှံတွေဟာ အသားအရေကို စိုပြည် တင်းရင်းစေတာကြောင့် ပုံမှန်စားသုံးပေးသင့်ပါတယ်။

(၃) မျက်နှာသစ်ပြီးတိုင်း အစိုဓာတ်ထိန်း ခရင်မ်တမျိုးမျိုး အသုံးပြုပေးခြင်းဟာ မျက်နှာပေါ်မှာ အရေးအကြောင်းတွေ အလွယ်တကူ ပေါ်ပေါက်မလာနိုင်အောင် ကာကွယ်ပေးနိုင်ပါတယ်။

(၄) ဗီတာမင်ကေဓာတ် ကြွယ်ဝတဲ့ ကိုက်လန်ရွက်လို အသီးအရွက်မျိုးတွေဟာ အိုမင်းရင့်ရော်မှုကိုဖြစ်ပေါ်စေတဲ့ ဆဲလ်တွေကို တားဆီးပေးနိုင်တာကြောင့် တပတ်မှာ နှစ်ကြိမ်၊ သုံးကြိမ်ခန့် စားသုံးပေးသင့်ပါတယ်။ ခရမ်းချဉ်သီးမှာ ပါဝင်တဲ့ Lycopene ကတော့ ခရမ်းလွန် ရောင်ခြည်ကြောင့် အသားအရေ အိုမင်းရင့်ရော်ခြင်းကို တားဆီး ပေးနိုင်တဲ့ အတွက် ပုံမှန်စားသုံး ပေးသင့်ပါတယ်။

(၅) မိတ်ကပ်အမြဲတမ်း လိမ်းခြင်းဟာလည်း သင့်မျက်နှာပေါ်က အရေးအကြောင်းတွေ ပိုမိုများပြားလာစေနိုင်တဲ့ အချက်ပဲ ဖြစ်ပါတယ်။ ရက်သတ္တပတ် တပတ်လုံး မိတ်ကပ်အမြဲလိမ်းမယ့်အစား တပတ်မှာ နှစ်ရက်လောက်ပဲဖြစ်ဖြစ် မိတ်ကပ်မလိမ်းဘဲ နေဖို့ အရေပြားဆိုင်ရာ ကျွမ်းကျင်သူတွေက အကြံပြုထားပါတယ်။

(၆) ငါးမှာပါဝင်တဲ့ omega3 fatty acid ဟာ ခန္ဓာကိုယ်အလေးချိန်ကို ထိန်းညှိပေးနိုင်ပြီး ငယ်ရွယ်နုပျိုစေနိုင်ပါတယ်။ ဂျပန်လူမျိုးတွေရဲ့ အရွယ်တင်နုပျိုနေစေတဲ့ နည်းလမ်းတွေထဲမှာ တပတ်မှာ အနည်းဆုံး ငါးကို ၂ ကြိမ်ကနေ ၃ ကြိမ် အထိ စားသုံးပေးတဲ့ အချက်လည်း ပါဝင်ပါတယ်။

(၇) တပတ်မှာ တကြိမ်ခန့် မျက်နှာအသားအရေကို သဘာဝပစ္စည်းတွေအသုံးပြုပြီး ပေါင်းတင်ပေးခြင်းဟာလည်း ငယ်ရွယ်နုပျိုစေနိုင်တဲ့ နည်းလမ်းကောင်းတခုပဲ ဖြစ်ပါတယ်။

(၈) ရေများများသောက်ပေးခြင်းဟာ ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပြီး အသားအရေကို ကြည်လင်စေနိုင်တာကြောင့် ရေဆာတဲ့အခါတိုင်း ရေများများသောက်ပေးသင့်ပါတယ်။

Ref; www.rd.com

Loading