တော်ဝင် အမျိုးသမီးဆိုတာ တော်ဝင်မျိုးနွယ်က မွေးဖွားလာတဲ့သူတွေ ဖြစ်နိုင်သလို တော်ဝင် မင်းသားတွေနဲ့ ထိမ်းမြား လက်ထပ်ပြီးမှ တော်ဝင်အသိုင်းအဝိုင်းထဲ ရောက်ရှိလာတဲ့ အမျိုးသမီးတွေလည်း ဖြစ်နိုင်ပါတယ်။ တော်ဝင် အမျိုးသမီး ဖြစ်ဖို့အတွက် ဆိုရင် ရုပ်ရည်အဆင်း အင်္ဂါရပ်တင် မကဘဲ ကိုယ်ရေကိုယ်သွေး၊ အရည်အချင်းပါ ပြည့်စုံ ရပါမယ်။ ဉာဏ်ပညာ ပြည့်စုံပြီး လှပနေတဲ့ ကမ္ဘာတလွှားက တော်ဝင်အမျိုးသမီးတွေကို လေ့လာကြည့်ကြရအောင်။
(၁) Rania al Abdullah
အသက် ၄၇ နှစ် ရှိပြီဖြစ်တဲ့ Rania al Abdullah ဟာ ဂျော်ဒန်ဘုရင်ရဲ့ ကြင်ယာတော်ပဲ ဖြစ်ပါတယ်။ ကူဝိတ်မှာ မွေးဖွားခဲ့ပြီး အလုပ်ကိစ္စနဲ့ ဂျော်ဒန်ကိုပြောင်းရွှေ့လာခဲ့ရာကနေ မင်းသား Abdullah နဲ့ ဆုံတွေ့ခဲ့တာ ဖြစ်ပါတယ်။
(၂) Kate Middleton
အသက် ၃၆ နှစ်ရှိတဲ့ Kate ကိုတော့ မသိသူ မရှိလောက်ဘူူး ထင်ပါတယ်။ လက်ထပ်ပြီးနောက်ပိုင်းမှာ လူအများစုရဲ့ စောင့်ကြည့်ခြင်း ခံရသူ ဖြစ်ပြီး သူမရဲ့ တည်ငြိမ် ရင့်ကျက်တဲ့အလှကို အားလုံးက လက်ခံပြီးသား ဖြစ်မယ်လို့ ထင်ပါတယ်။
(၃) Charlotte Casiraghi
မင်းသမီးလေး Charlotte က အသက် ၃၁ နှစ်ရှိပြီး Hanover မင်းသမီး Caroline ရဲ့ ဒုတိယမြောက် သမီးတော် ဖြစ်ပါတယ်။ မိုနာကိုရဲ့ သရဖူကို လွှဲယူဖို့ ၁၁ ယောက်မြောက် တော်ဝင်မင်းသမီးပဲ ဖြစ်ပါတယ်။
(၄) Jetsun Pema
သူမကတော့ ဘူတန်ရဲ့ မင်းသမီးဖြစ်ပြီး အသက်က ၂၈ နှစ်ရှိပါပြီ။ ဘုရင် Jigme Khesar Namgyel Wangchuck ရဲ့ ဇနီး ဖြစ်ပါတယ်။
(၅) Mary
ဒိန်းမတ်က အိမ်ရှေ့စံမင်းသားရဲ့ ကြင်ယာတော်ဖြစ်ပြီး အသက် ၄၆ နှစ် ရှိပါပြီ။ သူမကို လူမှုရေးရာ လှုပ်ရှားမှုတွေမှာ မကြာခဏ တွေ့ရလေ့ ရှိပါတယ်။
၆) Princess Alexandra
အသက် ၂၇ နှစ်ရှိပြီး မြို့စား Henri နဲ့ Maria Teresa ရဲ့ တဦးတည်းသော သမီးတော်လေး ဖြစ်ပါတယ်။ သူမကို Luxembourg ရဲ့ မင်းသမီး အဖြစ်လည်း သိကြပါတယ်။
(၇) Ameerah Al Taweel
သူမက ဆော်ဒီအာရေးဗျက မင်းသမီးပဲ ဖြစ်ပါတယ်။ အသက်က ၃၄ နှစ် ရှိပါပြီ။ ပရဟိတ လုပ်ငန်းတွေလည်း လုပ်ကိုင်သူ တယောက် ဖြစ်ပါတယ်။
(၈) Letizia
သူမကတော့ လက်ရှိ စပိန်နိုင်ငံရဲ့ ဘုရင်မဖြစ်ပြီး ဘုရင် Felipe VI ရဲ့ ကြင်ယာတော်ပါ။ အသက်က ၄၅ နှစ် ရှိပါပြီ။
(၉) Madeleine
ဘုရင် Carl XVI Gustaf နဲ့ ဘုရင်မ Silvia တို့ရဲ့ ဒုတိယမြောက်သမီးတော်ပဲ ဖြစ်ပါတယ်။ အသက်က ၃၆ နှစ်ရှိပြီး ချောမောလှပပါတယ်။
(၁၀) Theodora
ဂရိနိုင်ငံက မင်းသမီးဖြစ်ပြီး Theodora Greece ဆိုတဲ့ နာမည်နဲ့ ဗြိတိန်သရုပ်ဆောင် လုပ်ခဲ့ပါသေးတယ်။
အခု ဖော်ပြလိုက်တဲ့ တော်ဝင်မင်းသမီးတွေက လှပပြီး ကြွယ်ဝချမ်းသာကြသလို သူတို့နဲ့ သက်ဆိုင်ရာ နယ်ပယ်တွေမှာ အောင်မြင်ကြပါတယ်။ ပရဟိတလုပ်ငန်းတွေနဲ့ ပတ်သက်ရင်လည်း လက်မနှေးသူတွေ ဖြစ်တာကြောင့် ဗဟုသုတ အနေနဲ့ ရှာဖွေတင်ဆက် ပေးလိုက်ပါတယ်။
Ref ; storystairs.com