ရည်းစားဖြစ်ခါစမှာ တစက္ကန့်လေးတောင်မှ ခွဲမနေချင်ကြတာ အတွဲတိုင်းလိုလို ဖြစ်ဖူးကြမှာပါ။ အချစ်ကြီးတဲ့သူ၊ မချစ်ဖူးတဲ့ သူတွေက ဒီလိုဝေဒနာကို ခံစားရပြီး ချစ်သူနဲ့ ကတောက်ကဆ ဖြစ်တတ်ကြပါတယ်။
တွေ့ချင်တဲ့အချိန် မတွေ့ရတာကြောင့် စိတ်ကောက် စကားများပြီး ဒီလို ဂရုမစိုက် ပုံမျိုးနဲ့ဆို မထူးဘူးဆိုပြီး လမ်းခွဲတတ်တဲ့ သူတွေတောင် ရှိပါတယ်။ ချစ်သူကို ချစ်ပေမယ့် ဒီလိုအမြဲ အချိန်ပြည့် မြင်ချင် တွေ့ချင်နေတာက ကြာတဲ့အခါ နှစ်ဦး ကြားမှာ အဆင်မပြေမှုတွေ ဖန်တီးနိုင်တာကြောင့် အဆင်ပြေစေမယ့် နည်းလမ်းကောင်းတေ ွပြောပြပေးပါမယ်။
(၁) ဝေးကွာခြင်းက သင့်ကို ပိုသန်မာစေပါတယ်
ဒီလိုခွဲနေကြတာမျိုးက သင့်အတွက် သူကဘယ်လောက် အရေးပါသလဲ ဆိုတာ ဆန်းစစ်ကြည့်နိုင်မယ့် အခွင့်အရေးကောင်း တခုပါ။ သူနဲ့အတူ ရှိနေတဲ့အခါ အမြဲလိုလို အားကိုး နေမိတတ်ပြီး သူမရှိရင် ဘာမှ မလုပ်တတ် မကိုင်တတ်နဲ့ သင့်ပျော်ရွှင်မှုက သူ့အပေါ် မူတည်သွားပါလိမ့်မယ်။ ဒီလို မဟုတ်ဘဲ သင့်ဘဝအတွက် အရေးပါတာတွေ အချိန်ပေးဖို့ ခွဲခွာခြင်းက ပိုကောင်းပါတယ်။
(၂) သင်ဖြစ်နေတဲ့ အရာတွေက ပုံမှန်ဆိုတာ လက်ခံပါ
သင့်အနေနဲ့ တဖက်လူက ဂရုမစိုက်ဘူးထင်ပြီး စိတ်ဆိုး၊ စိတ်ကောက်၊ ဝမ်းနည်းနေတာမျိုး ခံစားရတတ်ပါတယ်။ ဒါဟာ သင့်တဖက်သက် ခံစားချက်သာဖြစ်ပြီး သင်အတွေး နယ်ချဲ့သလို ဖြစ်နေမှာ မဟုတ်ဘူးဆိုတာ သတိရပါ။ တကယ်လို့ အရမ်း သတိရနေတယ်ဆိုရင် ဖုန်းခေါ်၊ Video Call ခေါ်တာမျိုးလုပ်နိုင်ပါတယ်။ အဲ့ဒါကိုမှ သိက္ခာကျတယ် ဘာညာနဲ့ မဟုတ်တာတွေ အတွေးမလွန်မိစေဖို့ လိုပါတယ်။
(၃) အဆိုးမြင်စိတ်တွေ ဖျောက်ပါ
အဆိုးမြင်စိတ်တွေက သင့်ကို ပင်ပန်းစေပါလိမ့်မယ်။ ငါ့ကွယ်ရာမှာ ဖောက်ပြန်နေပြီလား ဆိုပြီး စိတ်သောက ရောက်မယ့် အစား ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ။ သစ္စာမရှိတဲ့သူကို ရွေးချယ်မိပြီဆိုရင် ဒီလိုအရာတွေက မလွဲမသွေ ကြုံတွေ့ရ တတ်တာမို့ သင် လူရွေးမှန်ကန်ဖို့သာ အရေးကြီးပါတယ်။ အဓိကက သင့်စိတ်ကိုပျော်ရွှင်အောင်ထားပြီး သင့်အနာဂတ်ကို တောက်ပစေမယ့် အရာတွေကိုသာ အချိန်ပေး လုပ်ဆောင်ပါ။
(၄) ပြောပြပါ
သင့်အနေနဲ့ လက်ရှိစိတ်ခံစားမှုတွေကို ချစ်သူကို ဖွင့်ပြောပြသင့်ပါတယ်။ သူက အကြားအမြင်ဆရာ မဟုတ်တဲ့ အတွက် သင်ဘာတွေ ခံစားနေရတယ်ဆိုတာ တချိန်လုံး သိနေမှာ မဟုတ်ပါဘူး။ သင့်ဘက်က ခံစားချက်တွေ၊ စိုးရိမ် ကြောင့်ကြမှု တွေကို ဖွင့်ပြောပြခြင်းအားဖြင့် သင်တို့ရဲ့ အချစ်ဟာ တယောက်ပေါ် တယောက် ပိုလေးနက်လာပါလိမ့်မယ်။