ရှုပ်ထွေးကျယ်ပြန့်လှတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ အမေရိကန်လူမျိုးတွေ အကြောင်းတွေထဲကမှ လူအများစု မသိကြသေးတဲ့ အကြောင်းအရာတချို့ကို ပြန်လည်မျှဝေ ပေးလိုက်ပါတယ်။
(၁) အမေရိကန်နိုင်ငံမှာ တနေ့ကို ပျမ်းမျှအားဖြင့် ကြက်သားစားသုံးမှုနှုန်းဟာ ကြက်အကောင်ရေ ၂၂ သန်း အထိ ရှိပါတယ်။
(၂) အမေရိကန်ရဲ့ ဘဏ္ဍာရေးဌာနထက် Apple ကုမ္ပဏီက ဝင်ငွေ ပိုများပါတယ်။
(၃) အမေရိကန်နိုင်ငံမှာ ၁၈၃၆ ခုနှစ် မတိုင်ခင်အထိ ခရစ်စမတ်ပွဲတော်ကို တရားမဝင် ပွဲတော်အဖြစ် သတ်မှတ်ခဲ့ပါတယ်။
(၄) အမေရိကန်နိုင်ငံမှာ လင်မယားပြတ်စဲ ကွာရှင်းမှု နှုန်းထားဟာ တနာရီမှာ အရေအတွက် ၁၀၀ ခန့် ရှိပါတယ်။
(၅) အမေရိကန်နိုင်ငံရဲ့ လေယာဉ်တင် သဘောၤပိုင်ဆိုင်မှုဟာ တခြားသောနိုင်ငံတွေ အားလုံးပေါင်းလိုက်ရင်တောင် အမေရိကန်ကို မမှီနိုင်ပါဘူး။
(၆) အမေရိကန်နိုင်ငံမှာ နော်ဝေးနိုင်ငံထက် နော်ဝေးနိုင်ငံသား အများအပြား နေထိုင်ကြပါတယ်။
(၇) အမေရိကန်ရဲ့ ပထမဦးဆုံး သမ္မတဖြစ်တဲ့ Martin Van Buren ဟာ ဒတ်ချ် ဘာသာစကားကိုသာ ပြောဆိုခဲ့ပါတယ်။
(၈) အမေရိကန်နိုင်ငံရဲ့သမ္မတ တော်တော်များများဟာ Virginia ပြည်နယ်မှာ မွေးဖွားခဲ့ကြသူတွေချည်း ဖြစ်ပါတယ်။
(၉) အမေရိကန်နိုင်ငံမှာ မိခင်ဘာသာစကားဆိုတာ မရှိပါဘူး။ အင်္ဂလိပ်ဘာသာစကားကိုသာ ဘုံအဖြစ် သုံးစွဲကြတာ ဖြစ်ပါတယ်။
(၁၀) လေဘာတီရုပ်ထုရဲ့ သရဖူမှာ ပါဝင်တဲ့ အချွန် ၇ ခုဟာ တိုက်ကြီးခုနှစ်တိုက်ကို ကိုယ်စားပြုတာ ဖြစ်ပါတယ်။
(၁၁) အမေရိကန်နိုင်ငံရဲ့ ငွေစက္ကူတွေပေါ်မှာ သေဆုံးပြီးသား ပုဂ္ဂိုလ်တွေကိုသာ ဖော်ပြလေ့ရှိပါတယ်။
(၁၂) အမေရိကန်လူမျိုး အများစုဟာ စကားလုံးတွေကို မှတ်မိဖို့ ခက်ခဲနေတတ်ကြပြီး ဒီလိုအခက်အခဲဟာလည်း အမေရိကန် တယောက်အတွက်တော့ ရိုးရိုးသားသားအ မှားတခုပဲ ဖြစ်ပါတယ်။
Ref: www.ba-bamail.com