ဖိနပ်အသစ် စီးတိုင်း ဖြစ်လေ့ဖြစ်ထရှိတဲ့ ဖိနပ်ပေါက်တာဟာ ပျိုမေတွေ စိတ်ညစ်ရတဲ့ အချက်တခုလည်း ဖြစ်ပါတယ်။ အခုလို မိုးရာသီမှာဆို ဖိနပ်ပေါက်တာ မကြာခဏ ကြုံတွေ့ရလေ့ရှိမှာပါ။ ဒါကြောင့်မို့လို့ အမျိုးသမီးများ အတွက် ဖိနပ် မပေါက်အောင် ကာကွယ်ပေးနိုင်မယ့် နည်းလမ်းကောင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) High-Heel ဖိနပ်တွေ စီးတော့မယ်ဆိုရင် ဖိနပ်ပေါက်တတ်တဲ့ ခြေဖနောင့် နေရာတွေကို ကြိုတင်ပြီး ပလာစတာ ကပ်ထားပေးခြင်းက ဖိနပ်ပေါက်ခြင်းကို ကာကွယ်ပေးနိုင်မှာ ဖြစ်သလို ဖိနပ်အမြင့်ကြောင့် ခြေထောက် နာကျင်ခြင်းကိုလည်း သက်သာစေမှာ ဖြစ်ပါတယ်။
(၂) ကလေးငယ်တွေအတွက် ထုတ်လုပ်ထားတဲ့ Baby Powder ကို ဖိနပ်အတွင်းပိုင်း၊ ခြေချောင်းတွေနဲ့ ခြေဖနောင့်တွေ မှာ အနည်းငယ် လိမ်းပေးထားခြင်းအားဖြင့် ဖိနပ်ပေါက်ခြင်းကို ကြိုတင်ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ အသုံးမပြုခင်မှာ သင့်ခြေချောင်းတွေက ခြောက်သွေ့နေဖို့တော့ လိုအပ်ပါတယ်။
(၃) ခြေဖနောင့်ရိုး တဝိုက်နဲ့ ခြေချောင်းတဝိုက်မှာ ချိုင်းနံ့ပျောက်ဆေး (Roll-on) ကို လိမ်းပေးထားခြင်းအားဖြင့်လည်း ဖိနပ်အသစ်ကြောင့် ဖိနပ်ပေါက်ခြင်းကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။
(၄) အုန်းဆီဟာ ဖိနပ်ပေါက်ခြင်းကြောင့် ဖြစ်ပေါ်တဲ့ အရေပြား စုတ်ပြဲခြင်းကို သက်သာစေနိုင်တာကြောင့် ဖိနပ်ပေါက်ခြင်း မဖြစ်ပေါ်ခင် ခြေချောင်းတွေနဲ့ ခြေဖနောင့်တဝိုက်မှာ အုန်းဆီအနည်းငယ် လိမ်းထားပေးခြင်းက ကာကွယ်ပေးနိုင်မှာ ဖြစ်ပါ တယ်။
(၅) ရှားစောင်းလက်ပတ်ဟာလည်း ဖိနပ်ပေါက်ခြင်းကို ကာကွယ်ပေးနိုင်တဲ့ သဘာဝပစ္စည်းတမျိုး ဖြစ်ပါတယ်။ ဖိနပ် မစီးခင် ခြေဖနောင့်နဲ့ ခြေချောင်းတွေကို ရှားစောင်းလက်ပတ်ဂျယ်လ်အနည်းငယ်ကို သုတ်လိမ်းပေးခြင်းကလည်း ဖိနပ်ပေါက်ပြဲခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။
ဖိနပ်ပေါက်ခြင်းဟာ ကိုယ်နဲ့ အံဝင်ခွင်ကျ မဖြစ်တဲ့ ဖိနပ်တွေကို စီးတဲ့အခါမျိုးနဲ့ အရမ်းကျပ်လွန်းတဲ့ ဖိနပ်တွေကို စီးတဲ့အခါ ဖြစ်ပေါ်တတ်တာကြောင့် ဖိနပ်အသစ်တွေကို စီးတော့မယ်ဆိုရင် သင့်ခြေထောက်နဲ့ အသားကျ၊ မကျ ကြိုတင်အစမ်း လေ့ကျင့်စီးပြီးမှသာ စီးသင့်ပါတယ်။
Ref ; steptohealth.com