Trend

သင်မသိသေးတဲ့ ဘီယာရဲ့အသုံးဝင်ပုံ (၇) ချက်

Want create site? Find Free WordPress Themes and plugins.

ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံးနဲ့ သောက်သုံးမှုနှုန်းအများဆုံး အဖျော်ယမကာ တခုဖြစ်တဲ့ ဘီယာဟာ သောက်သုံးစရာတခုအနေနဲ့တင်မကဘဲ တခြားသော အိမ်မှုကိစ္စရေးရာအဖြာဖြာမှာလည်း အသံုံးတည့်လှတာကြောင့် ဘီယာရဲ့ အသုံးဝင်ပုံတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ဘီယာဟာ အင်္ကျီအဝတ်အစားတွေပေါ်က အစွန်းအထင်းတွေကို ပြောင်စင်အောင် ဖယ်ရှားပေးနိုင်ပါတယ်။ ဟင်းအဆီတွေနဲ့ ကော်ဖီ၊ ဝိုင်အစရှိတဲ့ ချွတ်ရခက်တဲ့ အစွန်းအထင်းတွေပေါ်မှာ ဘီယာအနည်းငယ်လောင်းချပေးပြီး ခြောက်သွေ့အောင်ထားပြီးမှ လျှော်ဖွပ်ပေးရုံနဲ့ အစွန်းအထင်းတွေကို ဖယ်ရှားပေးနိုင်မှာ ဖြစ်ပါတယ်။

(၂) သံချေးတက်နေတဲ့ အိမ်သုံးပစ္စည်းကိရိယာတန်ဆာပလာတွေကို ဘီယာနဲ့ ခဏလောက်စိမ်ထားပြီးမှ ရေနဲ့ ပြန်လည်ဆေးကြောပေးခြင်းအားဖြင့် သံချေးတွေကို ပြောင်စင်စေမှာ ဖြစ်ပါတယ်။

(၃) အသားတွေကို မချက်ပြုတ်ခင် ဘီယာနဲ့ဆေးကြောပေးခြင်းက အသားဟင်းတွေကို ပိုမိုအရသာရှိစေမှာဖြစ်ပြီး အနူးလည်းမြန်စေပါတယ်။

(၄) တောက်ပြောင်မှုမရှိတော့တဲ့ သစ်သားပရိဘောဂတွေကို ဘီယာစွတ်ထားတဲ့ အဝတ်စတစနဲ့ ပွတ်တိုက်သန့်ရှင်း ပေးခြင်းအားဖြင့် အသစ်အတိုင်း ပြန်လည်တောက်ပြောင်လာစေမှာ ဖြစ်ပါတယ်။

(၅) ဘီယာဟာ သင့်ဥယျာဉ်ထဲက သီးပင်၊စားပင်လေးတွေအတွက်လည်း အကောင်းဆုံး သဘာဝမြေသြဇာအဖြစ် အသုံးဝင်ပါသေးတယ်။ ဘီယာမှာပါဝင်တဲ့ အာဟာရဓာတ်နဲ့ တစေးဟာ အပင်တွေ ရှင်သန်ကြီးထွားစေဖို့ အထောက်အကူ ဖြစ်စေပါတယ်။

(၆) တောက်ပမှုမရှိတော့တဲ့ လက်ဝတ်ရတနာတွေကို ဘီယာစွတ်ထားတဲ့ အဝတ်စနဲ့ ပွတ်တိုက်သန့်ရှင်းပေးခြင်းအားဖြင့် ပြန်လည်တောက်ပစေမှာ ဖြစ်ပါတယ်။

(၇) ဘီယာဟာ အိမ်မှုရေးရာတွေမှာသာမက ဆံကေသာအလှအပအတွက်လည်း အသုံးဝင်ပါသေးတယ်။ ခေါင်းမလျှော်ခင် ဆံသားပေါ်ကို ဘီယာနဲ့အရင်ဆေးကြောပြီးမှာ ခေါင်းလျှော်ရည်နဲ့ ပြန်လည်လျှော်ပေးခြင်းအားဖြင့် ဆံသားတွေကို ပျော့ပျောင်းတောက်ပစေမှာ ဖြစ်ပါတယ်။

Ref. https://steptohealth.com

Did you find apk for android? You can find new Free Android Games and apps.
Loading