Trend

မနက်စောစောအိပ်ရာထတဲ့အကျင့်ကို ဘာကြောင့်ပြုလုပ်သင့်တာလဲ

Want create site? Find Free WordPress Themes and plugins.

သုတေသနလေ့လာချက်တွေအရ မနက်စောစော အိပ်ရာထတတ်သူတွေဟာ အိပ်ရာထနောက်ကျသူတွေထက် ပိုမိုကျန်းမာပြီး ထက်မြက်လေ့ရှိကြောင်း တွေ့ရှိရတယ်လို့ ဆိုပါတယ်။ ဘာကြောင့် မနက်စောစောအိပ်ရာထသူတွေဟာ ကျန်းမာပျော်ရွှင်ကြသလဲဆိုတာကို ဧရာဝတီရဲ့စာဖတ်ပရိသတ်တွေ သိရှိနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

(၁) မနက်စောစောအိပ်ရာထခြင်းဟာ စိတ်ဖိစီးမှုတွေကို လျော့ကျစေပြီး စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို ကောင်းမွန် စေတယ်လို့ လေ့လာချက်တွေက ဆိုပါတယ်။ လေ့လာမှုအသစ်တွေအရဆိုရင်လည်း အိပ်ရာစောစောထတတ်သူတွေဟာ နေမြင့်မှ အိပ်ရာထသူတွေထက် စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာမှာပါ ပိုမိုတက်ကြွပျော်ရွှင်ကြတယ်လို့လည်း ဆိုပါ တယ်။

(၂) အောင်မြင်သူတွေရဲ့ လျှို့ဝှက်ချက်တွေထဲမှာ မနက်စောစောထတဲ့အကျင့်ဟာလည်း တခုအပါအဝင်ဖြစ်ပြီး ဂျာမနီနိုင်ငံရဲ့လေ့လာချက်တွေအရဆိုရင်လည်း အိပ်ရာစောစောထပြီး သင်ယူလေ့လာမှုပြုလုပ်တဲ့ ကျောင်းသား၊ ကျောင်းသူတွေက ပိုမိုထက်မြက်လေ့ရှိတယ်လို့လည်း ဖော်ပြထားပါတယ်။

(၃) မနက်စောစောအိပ်ရာထတဲ့အကျင့်ရှိသူတွေဟာ လေ့ကျင့်ခန်းလုပ်ဖို့နဲ့ မနက်စာစားဖို့ အချိန်ကောင်းမွန်စွာ ရရှိ တာကြောင့် ကျန်းမာရေး ပိုမိုကောင်းမွန်လေ့ရှိကြပါတယ်။ စောစောအိပ်ပြီး စောစောထတတ်သူတွေဟာ အိပ်ရာထ နောက်ကျသူတွေထက် နှလုံးရောဂါဖြစ်နိုင်ခြေ ပိုမိုနည်းပါးတယ်လို့လည်း အမေရိကန်နိုင်ငံက အာဟာရဗေဒပညာရှင်က ဆိုပါတယ်။

(၄) အိပ်ရာထနောက်ကျသူတွေဟာ စောစောအိပ်ရာထသူတွေထက် ကယ်လိုရီစားသုံးမှုနှုန်း ပိုမိုများပြားတာကြောင့် အဝလွန်နိုင်ခြေများတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ အိပ်ရာထနောက်ကျသူတွေအများစုဟာ ညပိုင်းတွေမှာ အစာစားသုံးမှုနှုန်းမြင့်မားပြီး ကိုယ်လက်လှုပ်ရှားဖို့ အချိန်မပေးနိုင်တာကြောင့် ကိုယ်အလေးချိန်ကိုမြင့်တက်စေတာ လို့လည်း ဆိုပါတယ်။

(၅) ယေဘုယျအားဖြင့် အိပ်ရာစောစောထတတ်သူတွေဟာ ပြဿနာတွေကို ဖြေရှင်းနိုင်မှုစွမ်းရည်မှာ မြင့်မားကြပြီး သည်းခံနိုင်စွမ်းနဲ့ အာရုံစူးစိုက်မှုစွမ်းတွေ အားကောင်းတာကြောင့် လူမှုဆက်ဆံရေးမှာလည်း ပိုမိုကောင်းမွန်တယ်လို့ ဆိုပါတယ်။

Ref. https://www.jenreviews.com

Did you find apk for android? You can find new Free Android Games and apps.
Loading