မိန်းကလေးအများစု အိမ်ထောင်ပြုဖို့ မေးကြည့်တဲ့အခါ အသက် ၃၀ မတိုင်ခင် အိမ်ထောင်ပြုနိုင်ဖို့ စဉ်းစားကြပါတယ်။ ချစ်ကံခေတာပဲဖြစ်ဖြစ်၊ မတွေ့သေးတာပဲဖြစ်ဖြစ် အချိန်တွေဆွဲရင်း အသက် ၃၀ ကပ်သွားတဲ့အခါ အများစုက အိမ်ထောင်ပြုဖို့ကို အကြံပြုကြပါလိမ့်မယ်။ ဒါပေမယ့် အသက် ၃၀ ထိ Single ဖြစ်နေတာက ဒီလိုကောင်းတဲ့အချက် တွေလည်း ရှိပါတယ်။
(၁) အကောင်းဆုံးတွေ ရောက်မလာသေးတာပါ။
တကိုယ်တည်းဖြစ်နေပေမယ့် အထီးကျန်တယ်ဆိုတာက လွဲရင် အိမ်ထောင်မှုနဲ့ ပတ်သက်ပြီး စိတ်ညစ်စရာတွေ ကြုံစရာမလိုပါဘူး။ သင့်အတွက် အလိုက်ဖက်ဆုံးလက်တွဲဖော်ကို ရှာမတွေ့သေးတာလည်း ပါပါတယ်။ တည်ငြိမ်တဲ့ အသက်အရွယ်မှာ စိတ်တူကိုယ်တူနဲ့ သင့်ကိုတကယ်ချစ်မြတ်နိုးတဲ့သူကို မတွေ့သေးတာကြောင့်ပါ။
(၂) လွတ်လပ်မှုကို အသားကျနေတာကြောင့်ပါ။
အပျိုကြီးဖြစ်ပေမယ့် သွားချင်တဲ့အချိန်သွား၊ လွတ်လွတ်လပ်လပ်နဲ့ ပျော်ရွှင်နေတာကြောင့်လည်း အိမ်ထောင်မကျသေးတာပါ ပါတယ်။ ဒီလိုအသက်အရွယ်မှာ စီးပွားရေးအတွက် အားထုတ်နေရသူ၊ ဝါသနာပါတာလုပ်နေရသူတွေအဖို့ အချစ်ရေးကို စဉ်းစားဖို့ အတေ်ာလေးတွေးတောနေရတာကြောင့်လည်း ဖြစ်ပါတယ်။
(၃) အရွေးလွန်နေတတ်တာ။
တွေ့ကရာကောက်ယူပြီး စိတ်ဆင်းရဲနေရတာထက်စာရင် သင်သဘောကျတဲ့သူကို စိမ်ပြေနပြေ ရွေးချယ်နေတာ ကြောင့် မစွံသေးတာ ဖြစ်ပါတယ်။
(၄) ပျော်ရွှင်စရာအချိန်တွေ များနေလို့။
သူငယ်ချင်းတွေနဲ့ ဒီအရွယ်ထိ ပျော်လို့ကောင်းနေတာကြောင့် ရည်းစားမလိုသေးတာလည်း ပါပါတယ်။ ခရီးတွေထွက်၊ သူငယ်ချင်းတွေ အတူတူ ကူညီပေးနဲ့ ဆုံကြ၊ ဒိတ်လုပ်ကြတာမျိုးတွေကိုလည်း အသက် ၃၀ထိ လုပ်နေနိုင်ပါတယ်။
(၅) ဂရုစိုက်စရာမလိုဘူး။
ယောကျ်ားရဲ့ မိဘ၊ ယောက်မ၊ ခဲအို စတာတွေကိုလည်း ဂရုစိုက်စရာမလိုသလို အမျိုးသားဘက်က ဆွေမျိုးတွေကို ထောက်ပံ့စရာမလိုပါဘူး။ သင်ရှာတဲ့ငွေကို သင့်ဘာသင် အေးအေးဆေးဆေးသုံးနိုင်သလို အမျိုးတွေများလို့ စကားရှုပ်တဲ့ဒဏ်ကိုလည်း ခံစားစရာမလိုပါဘူး။
(၆) ကလေးကြောင့် ဘဝကိုမြှုပ်နှံစရာမလိုဘူး။
အမျိုးသမီးတွေကလေးရလာတာနဲ့ လွတ်လပ်မှုတွေပျောက်ဆုံးပြီး မသိလိုက်မသိဘာသာနဲ့ အိမ်မှာပဲ အချိန် တော်တော်များများကုန်ဆုံးလိုက်ရပါတယ်။ ဒါ့အပြင် ယောကျာ်းက ဖောက်ပြန်တာမျိုးကို ကလေးမျက်နှာကြောင့် သည်းခံရတယ်ဆိုတာ ရှိမှာမဟုတ်ပါဘူး။
ကဲ… ဒါကြောင့် အသက်က ၃၀ နားပဲကပ်ကပ်၊ ကျော်ပဲကျော်ကျော် မစွံသေးလည်း သင့်ကိုယ်သင်ပျော်အောင် နေလို့ရပါတယ်။ ဒီလိုအရွယ်အထိ အိမ်ထောင်မပြုတာလည်း ကောင်းတဲ့အချက်တွေ ရှိနေတာကြောင့် စိတ်အားငယ်စရာမလိုပါဘူး။