Trend

လိုဏ်ဂူအတွင်း ပိတ်မိတဲ့အခါ ပြန်လည် လွတ်မြောက်အောင် ကြိုးပမ်းနိုင်မယ့် နည်းလမ်းများ

Want create site? Find Free WordPress Themes and plugins.

စွန့်စွန့်စားစား သွားလာရတာကို သဘောကျ နှစ်ခြိုက်သူတွေအတွက် ဂူအတွင်း စွန့်စားသွားလာရခြင်းဟာ စိတ်ဝင်စားဖို့ ကောင်းတာ အမှန်ပါပဲ။ သို့သော်လည်း ဂူအတွင်းမှာ ပိတ်မိနေတာမျိုး၊ သွားတဲ့လမ်းကြောင်းက ပိတ်သွားတာမျိုးတွေကို ကြုံတွေ့ ရနိုင်ပါတယ်။

လတ်တလောမှာဆိုရင်လည်း ထိုင်း – မြန်မာ နယ်စပ်မှာရှိတဲ့ မယ်ဆိုင်ဂူအတွင်းမှာ ကလေး ၁၂ ဦးနဲ့ နည်းပြ တဦးတို့ဟာ မယ်ဆိုင်ဂူအတွင်းကို သွားရောက်လည်ပတ်ခဲ့စဉ်မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဂူထဲမှာ ပိတ်မိနေခဲ့ပြီး ၁၀ ရက် အကြာ နိုင်ငံတော်အဆင့် သတ်မှတ်ကာ ရှာဖွေမှုများ ပြုလုပ်ခဲ့ရပါတယ်။

လိုဏ်ဂူထဲမှာ ပိတ်မိတဲ့အခါ စိတ်တုန်လှုပ် ချောက်ချားမနေဘဲ ခေါင်းအေးအေးနဲ့ စဉ်းစားပြီး လိုဏ်ဂူထဲမှ လွတ်မြောက်နိုင်မယ့် နည်းလမ်းများ ကို ရှာဖွေနိုင်ပါတယ်။ အခု ဖော်ပြပေးသွားမယ့် နည်းလမ်းတွေကတော့ အကြောင်း တခုခုကြောင့် လိုဏ်ဂူထဲမှာ ပိတ်မိတဲ့အခါ အရေးကြုံလာရင် လက်တွေ့ အသုံးချနိုင်မှာပါ။

လိုဏ်ဂူထဲ သွားတဲ့အခါ လိုအပ်တဲ့ ပစ္စည်းများ အလုံအလောက် ယူဆောင်သွားပါ။

အခြေခံ လိုအပ်တဲ့ ပစ္စည်းတွေကတော့

– ဓာတ်မီး (သို့မဟုတ်) ဖယောင်းတိုင်

– ဖုန်းမီး

– ရောင်ပြန်တိပ်

– အစားအသောက် အချို့ပဲ ဖြစ်ပါတယ်။

လိုဏ်ဂူထဲမှာ လမ်းပျောက်တာ သို့မဟုတ် ထွက်ပေါက်ကို ရှာမတွေ့တာ၊ ပိတ်မိတဲ့အခါမျိုးမှာ အောက်ပါ အဆင့်တွေ အတိုင်း လိုက်နာ လုပ်ဆောင်ကြည့်ပါ။

အဆင့် (၁)

သင်လမ်းပျောက်နေပြီ ဆိုတာကို ချက်ချင်းသတိပြုမိတာနဲ့ အမှတ်အသား ချန်ခဲ့ဖို့ စက္ကူ အပိုင်းအစတွေ၊ ပိတ်စတွေ ရှိနေပါစေ။ သင့်မှာ အစားအသောက်တွေ ပါလာပြီ ဆိုရင်တော့ ချိန်စဖို့လိုပါပြီ။

အဆင့် (၂)

ဘတ္ထရီတွေ ချွေတာပါ။ သင့်ဖုန်း၊ ဓာတ်မီးအားတွေကို အလဟသကုန်ခံတာမျိုး မဖြစ်ပါစေနဲ့။

အဆင့် (၃)

သင့်ကိုယ်သင် အထိခိုက်မခံပါနဲ့။ ဂူထဲမှာ မမြင်ရတဲ့ အန္တရာယ်တွေ ကြုံတွေ့နိုင်တဲ့အတွက် ထိခိုက်ဒဏ်ရာတွေ တတ်နိုင်သမျှ နည်းအောင် ရှောင်ပါ။

အဆင့် (၄)

နေရာ တနေရာကနေ နောက်တနေရာ သွားမယ်ဆိုရင် မှတ်သားထားပါ။ ရောင်ပြန်တိပ်နဲ့ ကပ်ပြီး အမှတ်အသားကို ရှင်းလင်းအောင် လုပ်နိုင်ပါတယ်။

အဆင့် (၅)

ဖြစ်နိုင်သမျှ ထွက်ပေါက်တွေကို ဖယောင်းတိုင်မီးနဲ့ ရှာကြည့်ပါ။ ဂူအတွင်းကို လေဝင်တဲ့အခါ ဖယောင်းတိုင်မီးက လက်ခနဲ ဖြစ်တတ်တာမို့ အဲဒီ့နေရာတွေကို အဓိက အာရုံစိုက်ပါ။

အဆင့် (၆)

ထွက်ပေါက်တွေ့ပြီဆိုရင်လည်း ချက်ချင်းထွက်တာမျိုး မလုပ်ဘဲ အမှတ်အသား တခုကို ချန်ထားပါ။ မတော်လို့ နဂိုနေရာ ပြန်ရောက်ပြီဆိုရင် သင်မှတ်မိမှာပဲ ဖြစ်ပါတယ်။

အဆင့် (၇)

ထွက်ပေါက်တွေ့ပြီဆိုရင်တော့ အကြောင်းကြားသင့်တဲ့သူတွေကို မမေ့မလျော့ အကြောင်းကြားပါ။ ဒါမှ သင့်ကို စိတ်မပူမှာ ဖြစ်ပါတယ်။

ကဲ… သင် မတော်တဆ လိုဏ်ဂူထဲ ပိတ်မိသွားပြီဆိုရင် ဒီလို နည်းလေးတွေကို စမ်းသပ် အသုံးပြုနိုင်ပါတယ်။

Ref ; www.trails.com

Did you find apk for android? You can find new Free Android Games and apps.
Loading