သူနဲ့ကိုယ်နဲ့ သဘောထားချင်း မတိုက်ဆိုင်လို့ပဲဖြစ်ဖြစ်၊ သူ့ရဲ့ဆိုးသွမ်းမှုတွေကို သည်းမခံနိုင်တော့လို့ပဲဖြစ်ဖြစ် လမ်းခွဲပြီးမှ ထိုင်လွမ်းနေဖို့ကို ပြန်စဉ်းစားမနေပါနဲ့တော့။
သူက နောက်တယောက်နဲ့ပဲတွဲတွဲ၊ လက်ပဲထပ်ထပ် သင့်အနေနဲ့ ငိုကြွေးနေဖို့ မလိုအပ်တော့ပါဘူး။ ဒါကြောင့် သူမရှိလည်း အေးအေးဆေးဆေး နေနိုင်မယ့် နည်းလမ်းတွေ ပြောပြပေးပါမယ်။
(၁) သူ့ကို လိုက်မကြည့်နဲ့တော့
သူ့အကောင့်ကို သွားကြည့်တာ၊ သူရှိမယ့် နေရာတွေ လိုက်သွားတာမျိုးကို မလုပ်ပါနဲ့တော့။ အမှတ်တရ ဆိုတာတွေကို အိတ်တလုံးထဲ ထည့်ပြီး တနေရာမှာ ချောင်ထိုးထားလိုက်ပါ။ သူဘာပဲဖြစ်နေဖြစ်နေ သင်နဲ့ မသက်ဆိုင်တော့ဘူူးဆိုတာ အမြဲနှလုံးသွင်းပါ။
(၂) သင့်ကိုယ်သင် အချိန်ပေးပါ
သူ့အတွက် ကုန်ဆုံးခဲ့ရတဲ့အချိန်တွေ၊ ပျော်ရွှင်မှုတွေကိုပြန်ရှာပါ။ အခုချိန်ကစပြီး သင့်ကိုယ်သင်ပိုပြီး ဂရုစိုက်သင့်ပါပြီ။ သင့်ဘက်ကပဲ ပေးဆပ်နေမယ်ဆိုတဲ့အတွေးတွေ စွန့်လွှတ်လိုက်ပါ။ သင့်ကိုပျော်ရွှင်စေမယ့် အရာအားလုံးလုပ်ဆောင်ဖို့ အချိန်ပါ။
(၃) အလုပ်ရှုပ်နေပါစေ
အားရင် လူကအလိုလို အတွေးချော်တတ်ပါတယ်။ ဒါကြောင့် သင့်ကိုယ်သင် အနားမပေးပါနဲ့။ သင်တန်းတွေတက်ပါ။ အလှတွေပြင်ပါ။ အလုပ်တွေအများကြီးလုပ်ပါ။ သူငယ်ချင်းတွေနဲ့အချိန်ဖြုန်းပါ။ လျှောက်လည်ပါ။
(၄) ပြန်ဆက်တာကို လက်ခံမှာလား
ကဲ… ဒါမျိုးကလမ်းခွဲပြီးတဲ့ အတွဲတွေကြုံရတတ်ပါတယ်။ ကိုယ်က သံယောဇဉ်ရှိနေသေးလို့ သူပြန်လာမှာကို စောင့်နေမှာလား။ သူက တကယ်ပြန်မလာတော့ဘူးဆိုရင် သင်ပိုခံစားရနိုင်ပါတယ်။ ဒါကြောင့် လမ်းခွဲပြီးသွားသူတယောက် ပြန်လာဖို့ကို မျှော်မနေပါနဲ့။
(၅) ဖြစ်ခဲ့တဲ့အရာတွေကို သင်ခန်းစာယူပါ
ဆိုးရွားခဲ့တဲ့အချစ်ရေးကနေ အကောင်းဆုံး အမြတ်ထုတ်နိုင်တဲ့နည်းကတော့ သင်ခန်းစာယူတာပါပဲ။ သင်ဟာအချစ်ရေးနဲ့ ပတ်သက်ပြီး မနူးမနပ်ဖြစ်ခဲ့တာကြောင့် ဒီလိုမျိုးတွေကြုံတွေ့ခဲ့ရတာဖြစ်ပြီး နောင်တချိန်မှာတော့ သင်နဲ့စိတ်တူသဘောတူ တယောက်ကို သေချာရှာဖွေနိုင်မှာပဲ ဖြစ်ပါတယ်။
Ref ; yourkickasslife.com