Trend

ပိတ်မိနေတဲ့ ဂူအတွင်းက ကလေးတွေရဲ့ သူရဲကောင်း "လက်ထောက်နည်းပြဆရာ Ekkapol Chanthawong"

ထိုင်း-မြန်မာ နယ်စပ်က မယ်ဆိုင်လိုဏ်ဂူထဲမှာ ပိတ်မိနေတဲ့ အသက်၂၅ နှစ်အရွယ်ရှိတဲ့ လက်ထောက် နည်းပြဆရာ Ekkapol Chanthawong ဟာ သူနဲ့အတူပိတ်မိနေတဲ့ ကလေး ၁၂ ယောက်ကိုပါ အသက်ရှင်အောင် ထားနိုင်ခဲ့ပါတယ်။

ထိုင်းနိုင်ငံရဲ့ လူမှုကွန်ရက်တွေမှာတော့ Ekkapol ဟာ ကလေးတွေကို အမှောင်ထဲမှာ ဘယ်လို အသက်ရှင်နေထိုင်ရမယ် ဆိုတာကို သင်ကြားပေးခဲ့ကြောင်း၊ အချို့သောနိုင်ငံသားတွေကတော့ သူနဲ့ကလေးတွေ သွားခဲ့တဲ့ လေ့လာရေးခရီးကြောင်း မှာ သူ့ကို ပြစ်တင်ဝေဖန်ခဲ့ကြပေမယ့် ကလေးမိဘတွေကတော့ ပြစ်တင်ပြောဆိုဖို့ထက် ကျေးဇူးတင်စိတ်တွေသာရှိ ကြောင်း ယခုရက်သတ္တပတ်အတွင်းမှာ ဖော်ပြခဲ့ကြပါတယ်။

လက်ထောက်နည်းပြဆရာ Ekkapol ဟာ မိဘမဲ့တဦးဖြစ်ပြီး သူ့အသက် ၁၀ နှစ်အရွယ်မှာ အသက် ၇ နှစ်အရွယ် ညီဖြစ်သူ၊မိခင်ဖြစ်သူနဲ့ ဖခင်ဖြစ်သူတို့ကို ဆုံးရှုံးခဲ့ရပြီး သူဟာ အထီးကျန်ခြင်းနဲ့ဝမ်းနည်းခြင်းတွေကို ငယ်ငယ်ရွယ်ရွယ်နဲ့ သင်ကြားခဲ့ရသူတဦး ဖြစ်တဲ့အပြင် စိတ်ပိုင်းဆိုင်ရာ ၊ ရုပ်ပိုင်းဆိုင်ရာ အကြံ့ခိုင်ဆုံး ကြီးပြင်းလာခဲ့ရသူ တယောက် ဖြစ်တာaကြာင့် သူဟာ ဒီအခက်အခဲကို ကျော်လွှားနိုင်မှာဖြစ်တယ်လို့ အဒေါ်ဖြစ်သူက The Australian သတင်းစာကို ပြောပြခဲ့တာ ဖြစ်ပါတယ်။

သတင်းတွေမှာတော့ သူ့ကို “Coach Ake” လို့သုံးနှုန်းကြပြီး”အကြင်နာတရား ပြည့်ဝသူ”လို့ အဓိပ္ပာယ်ရပါတယ်။ သူဟာ ကလေးတွေကို အမှောင်ထဲမှာ ဘယ်လိုတရားထိုင်ရမယ်ဆိုတာကို သင်ကြားပြသပေးခဲ့ပြီး အဲဒီလို တရားထိုင်ခြင်းကြောင့် စွမ်းအင်ကို ဘယ်လိုထိန်းသိမ်းထားနိုင်မလဲဆိုတာကိုပါ မျှဝေပေးခဲ့တာ ဖြစ်ပါတယ်။

 

 

အင်္ဂလန်ရေငုပ်သမားတွေဟာ သူနဲ့ကလေး ၁၂ ယောက်ကို ပျောက်ဆုံးပြီး ၉ ရက်အကြာမှာ တွေ့ရှိခဲ့တာဖြစ်ပြီး သူတို့ အားလုံးကို တွေ့ရှိလိုက်ရချိန်မှာ ၁၃ ယောက်လုံးဟာ တရားထိုင်နေခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

Ekapool ရဲ့ သူငယ်ချင်းတချို့ကတော့ “သူဟာ အဲဒီကလေးတွေကို သူ့ကိုယ်သူထက်ကို ပိုချစ်တယ်၊ သူ့ကိုယ်သူတောင် အခုအဖြစ်အပျက်အတွက် အပြစ်တင်နေဦးမှာ” လို့ ပြောပြခဲ့ပါတယ်။ ကလေးတွေကို သူ့ညီလေးတွေလို သဘောထားမှာ ဖြစ်တယ်လို့လည်း အဒေါ်ဖြစ်သူက ထပ်လောင်းပြောဆိုခဲ့ပါသေးတယ်။

ကယ်ဆယ်ရေးသတင်းတွေအရတော့ Ekkapol ဟာ အားလုံးထဲမှာ ကျန်းမာရေးအရ အားအနည်းဆုံးဖြစ်တယ်လို့ သိရပါတယ်။ ကယ်ဆယ်ရေးမတိုင်ခင်နေ့တွေမှာလည်း ကန့်သတ်အစာရေစာအတွက် ကလေးတွေကို အထူးဂရုစိုက်ခဲ့လို့ပဲ ဖြစ်ပါတယ်။

“သူအပြင်ကို ပြန်ထွက်လာတဲ့အချိန်မှာ သူ့ကို ကျမတို့ကုသပေးမယ်၊ သူ့ကိုအပြစ်တင်ဖို့ စိတ်ကူးတောင် မရှိဘူး” လို့ ကလေးမိဘတဦးက ပြောကြားခဲ့ပါတယ်။ “ကလေးမိဘများခင်ဗျား ၊ ကလေးတွေအားလုံးနေကောင်းပါတယ်။ သူတို့အားလုံးကို အကောင်းဆုံးပုံစံနဲ့ ပြန်ခေါ်လာခဲ့မယ်လို့ ကတိပေးပါတယ်” လို့ Ekkapol က ကလေး မိဘတွေဆီ စာရေးပေးခဲ့ပြီး သူ့အတွက်ကိုလည်း စိတ်မပူဖို့ အဘွားဖြစ်သူနဲ့ အဒေါ်ဖြစ်သူတို့ကို စာရေး ပြောဆိုခဲ့ပါတယ်။

Ref ; mothership.sg

Loading