“မြွေ” လို့ ပြောလိုက်တာနဲ့ အန္တရာယ်ရှိတဲ့ တိရစ္ဆာန်တကောင်အဖြစ် မြင်တတ်ကြပေမယ့် အခုနောက်ပိုင်းမှာတော့ မြွေကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမြူလာကြပါပြီ။
ချစ်စရာကောင်းတဲ့ အိမ်မွေးတိရစ္ဆာန်တွေများစွာ ရှိတဲ့အထဲကမှ မြွေကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမြူလာကြတာဟာ စိတ်ဝင်စားစရာကောင်းလှတာကြောင့် ဧရာဝတီရဲ့ စာဖတ်ပရိသတ်တွေအတွက် ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။
(၁) မြွေကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမြူတာဟာ တခြားသောအိမ်မွေးတိရစ္ဆာန်တွေ မွေးမြူတာထက် အကုန်အကျ ပိုမိုများပြားပြီး အမေရိကန်မှာတော့ ခွေးတွေ၊ ကြောင်တွေ မွေးတာထက် ပိုမိုခေတ်စားလာပြီး မွေးမြူမှုများလာတယ်လို့ သိရပါတယ်။
(၂) မြွေကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမြူခြင်းဟာ စိတ်လှုပ်ရှားစရာကောင်းတာကြောင့် မြွေကို အိမ်မွေး တိရစ္ဆာန်အဖြစ် မွေးမြူကြတယ်လို့ မွေးမြူသူတွေက ဆိုပါတယ်။ မြွေဟာလည်း တခြားသော အိမ်မွေးတိရစ္ဆာန်တွေကို သခင်ကို ချွဲတတ်တဲ့ သတ္တဝါတမျိုး ဖြစ်တယ်လို့လည်း ဆိုပါတယ်။
(၃) မြွေကို အိမ်မွေးတိရစ္ဆာန်အဖြစ်မွေးမြူတာဟာ တခြားသောအိမ်မွေးတိရစ္ဆာန်တွေလို အနံ့အသက်တွေ အတွက် စိတ်ရှုပ်စရာ မလိုတဲ့အပြင် ဂရုစိုက်ရတာလည်း သက်သာပြီး သူတို့ရဲ့ လှုပ်ရှား စားသောက်နေထိုင်မှု ပုံစံဟာလည်း စိတ်ဝင်စားစရာကောင်းလှတယ်လို့ အလှမွေးမြွေချစ်သူတွေက ဆိုပါတယ်။
(၄) မြွေကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမြူသူတွေကို သုတေသနလုပ်ကြည့်တဲ့အခါ မြွေမွေးခြင်းဟာ အလှမွေးငါး မွေးမြူသလိုပဲ မှန်ဘောင်ထဲမှာ အလှကြည့်ဖို့အတွက်ဖြစ်တယ်လို့ သိရပါတယ်။
(၅) အလှမွေးမြွေအများစုဟာ အဆိပ်မရှိတဲ့အတွက် မွေးမြူသူတွေအတွက် အန္တရာယ်မရှိနိုင်ဘူးလို့ သိရပြီး သက်တမ်း အားဖြင့်လည်း အနှစ်သုံးဆယ်လောက် အသက်ရှင်နေနိုင်ပါတယ်။
ရိုးရိုးမြွေတွေကတော့ လူတွေပွတ်သပ်ကိုင်တွယ်ကြတာကို မကြိုက်နှစ်သက်ကြပေမယ့် အလှမွေး မြွေအများစုကတော့ လူတွေ ကိုင်တွယ်ပွတ်သပ်တာကို နှစ်သက်ကြတယ်လို့ အမေရိကန်က အိမ်မွေးတိရစ္ဆာန်ရောင်းချသူတွေက ဆိုပါတယ်။
Ref ; www.quora.com