မယ်ဆိုင်ဂူထဲမှာ ပိတ်မိနေတဲ့ ကလေးတွေကို ကယ်ဆယ်ရေးမှာ ကယ်ဆယ်ရေးအဖွဲ့ကို ထိုင်းနိုင်ငံ ရေတပ်အဖွဲ့ အပါအဝင် နိုင်ငံတကာက ရေငုပ် ကျွမ်းကျင်သူတွေနဲ့ ပေါင်းစပ် ဖွဲ့စည်းခဲ့တာပဲ ဖြစ်ပါတယ်။ ဒီကယ်ဆယ်ရေးအဖွဲ့မှာ ပါဝင်ခဲ့သူတချို့အကြောင်းကို ဧရာဝတီ စာဖတ်ပရိသတ်တွေအတွက် ပြန်လည် မျှဝေပေးလိုက်ပါတယ်။
(၁) John Volanthen, Richard Stanton, Robert Harper
ဒီကယ်ဆယ်ရေးအတွက် ထိုင်းနိုင်ငံရဲ့တာဝန်ရှိသူတွေက Volanthen နဲ့ Stanton တို့ကို ခေါ်ဆိုခဲ့တာ ဖြစ်ပြီး သူတို့ နှစ်ယောက်အပြင် နောက်ထပ် ကျွမ်းကျင်ရေငုပ်သမားတဦး ဖြစ်တဲ့ Robert Harper ပါ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ သူတို့ ၃ ဦးလုံးဟာ ကလေး ၁၂ ယောက်နဲ့ နည်းပြ ၁ ယောက် ပျောက်ဆုံးနေတယ်လို့ သတင်းကို သိပြီး ၃ ရက်အကြာမှာ ထိုင်းနိုင်ငံကို ရောက်ရှိလာကြတာပဲ ဖြစ်ပါတယ်။
(၂) Richard Harris
Richard Harris ဟာ ဆရာဝန်တယောက်ဖြစ်ပြီး ရေငုပ်ကျွမ်းကျင်တဲ့ သြစတေးလျ နိုင်ငံသားတဦး ဖြစ်ပါတယ်။ မေ့ဆေး ဆရာဝန်တဦးဖြစ်တဲ့ Richard ဟာ ဂူအတွင်းကို ပထမဦးဆုံးရှာဖွေမှု ပြုလုပ်ခဲ့သူ ဖြစ်ပါတယ်။
(၃) Saman Gunan
Saman Gunan ကတော့ ထိုင်းနိုင်ငံရေတပ်အဖွဲ့ဝင်တဦးဖြစ်ပြီး အသက် ၃၈ နှစ်အရွယ်မှာ အနားယူခဲ့သူ တဦးလည်း ဖြစ်ပါတယ်။ ဒီကယ်ဆယ်ရေးမှာ စေတနာ့ဝန်ထမ်း တဦးအနေနဲ့ ပါဝင်ခဲ့တာဖြစ်ပြီး လိုဏ်ဂူအဝကို ပြန်ထွက်လာချိန်မှာ အောက်ဆီဂျင် ပြတ်လပ်ကာ အသက်ဆုံးရှုံးခဲ့ရတာလည်း ဖြစ်ပါတယ်။
(၄) Ben Reymenants
Ben Reymenants ဟာ ဖူးခက်ကမ်းခြေမှာ ရေငုပ်ဆက်စပ်ပစ္စည်းဆိုင် ဖွင့်လှစ်ထားသူဖြစ်ပြီး တနင်္လာနေ့ ပထမဆုံး ကယ်ဆယ်မှုမှာ တစိတ်တပိုင်း ပါဝင်ခဲ့တာ ဖြစ်ပါတယ်။
(၅) Claus Rasmussen
Claus Rasmussen ကတော့ ထိုင်းနိုင်ငံမှာ နေထိုင်ပြီး ရေငုပ်သင်တန်းပို့ချနေသူ ဒိန်းမတ်နိုင်ငံသား တဦး ဖြစ်ပါတယ်။ အရှေ့တောင်အာရှ နိုင်ငံတဝှမ်းမှာ ကယ်ဆယ်ရေး လုပ်ငန်းတွေကို စေတနာအပြည့်နဲ့ လုပ်ကိုင်နေသူဖြစ်ပြီး Ben Reymenants ရဲ့ကုမ္ပဏီမှာ ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသူလည်း ဖြစ်ပါတယ်။
(၆) Ivan Karadzic, Erik Brown
ပထမဆုံး ကယ်ဆယ်ရေးမှာ ကလေးတယောက်ကို တွေ့ရှိလိုက်ချိန်မှာပဲ သူဟာ ကြောက်ရွံ့နေခဲ့ပါတယ်။ အဲဒီကလေး ဘေးကင်းနေတယ်ဆိုတာ သိရလို့သာ သူစိတ်သက်သာရာရခဲ့တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ Erik ကလည်း ရေငုပ်နည်းလမ်းတွေကို စနစ်တကျ ညွှန်ကြားနိုင်ခဲ့သူတဦးဖြစ်တယ်လို့ သိရပါတယ်။
(၇) Mikko Passi
ထိုင်းနိုင်ငံ Koh Tao ကျွန်းမှာ ရေငုပ်သင်တန်း တည်ထောင်သူတဦး ဖြစ်ပြီး သူ့ရဲ့ဇနီးရော သူကိုယ်တိုင်ပါ ကယ်ဆယ်ရေး အတွက် စိတ်အားထက်သန်ခဲ့ကြတာပဲ ဖြစ်ပါတယ်။
Ref ; bbc