အိမ်ထောင်ပြု ကလေးမွေးတာကို စိတ်ကုန်လို့ လူတွေဟာ တကိုယ်တည်း ရပ်တည်ချင်ကြသလို အချစ်ကြောင့် ပူဆွေးနေရမှာကို မလိုလားတာကြောင့် Single အဖြစ် နေထိုင်ကြပါတယ်။ ကိုယ့်ဘဝ တသက်တာကို Single အဖြစ်နဲ့ပဲ အချိန် ကုန်ဆုံးချင်တယ်ဆိုရင်တော့ အောက်က အချက်လေးတွေကို လိုက်လုပ်ကြည့်ပါနော်။
(၁) ပန်းတိုင်ထားပါ
သင်ဖြစ်ချင်တဲ့ စိတ်ကူးယဉ်အိပ်မက်တခုကို အကောင်အထည်ဖော်ဖို့ အစီအစဉ်တွေ ရေးဆွဲထားပါ။ သင်ဟာ အောင်မြင်တဲ့ လုပ်ငန်းရှင် (သို့မဟုတ်) အနုပညာရှင်တယောက် ဖြစ်ချင်တယ်ဆိုရင် လိုအပ်တဲ့ အရာတွေ လေ့လာပြီး စတင် အကောင်အထည် ဖော်ပါ။
(၂) အတွေ့အကြုံ အသစ်တွေ ရှာပါ
ပြန်တွေးလိုက်တိုင်း စိတ်ကျေနပ်နေစေရမယ့် အမှတ်တရတွေအတွက် အတွေ့အကြုံအသစ်တွေ ရှာပါ။ တယောက်တည်း ခရီးထွက်တာမျိုး၊ ပရဟိတလုပ်တာမျိုး သင်တခါမှ မလုပ်ဖူးခဲ့တဲ့ အရာတွေကို စတင်လုပ်ဆောင်ပါ။
(၃) ပြောင်းလဲပါ
သင်ဟာအရင်က ရှက်ရွံ့ကြောက်တတ်တဲ့သူ တယောက်ဖြစ်ရင် ကိုယ့်ရဲ့ပုံစံ မဟုတ်တဲ့အရာကို ပြောင်းလဲကြည့်ပါ။ အရင်က ရိုးရိုးလေး ပြင်ဆင်တတ်တယ် ဆိုရင်လည်း အခုချိန်မှာ လူတွေမြင်တိုင်း ရှိန်သွားလောက်တဲ့ အသွင်အပြင်မျိုးကို ရယူ ကြည့်ပါ။
(၄) သင်တန်းတက်ပါ
သင်မသိတာတွေ သိရဖို့၊ အတွေ့အကြုံအသစ်နဲ့ နယ်ပယ် အသစ်တွေကို လျှောက်လှမ်းဖို့အတွက် သင်တန်းတွေ လိုက်တက်ကြည့်ပါ။
(၅) Single ဘဝကို ကျေနပ်ပါ
တယောက်တည်းနေတော့မယ် ဆုံးဖြတ်ထားပြီးရင် Single ဘဝမှာလည်း ပျော်အောင်နေသင့်ပါတယ်။ သင့်ကိုယ်သင် ချစ်ပြီး ဂရုစိုက်ကြည့်ခြင်းအားဖြင့် တယောက်တည်း ရပ်တည်လာရတဲ့ ဘဝကို နှစ်သက်လာပါလိမ့်မယ်။
(၆) ကျန်းမာရေး ဂရုစိုက်ပါ
အသက်အရွယ် ရလာတာနဲ့ ရောဂါတွေက ဝင်လာတတ်တာမို့ မဖြစ်ရအောင် ကြိုတင်ကာကွယ်ပါ။ နေ့စဉ်မှန်မှန် လေ့ကျင့်ခန်းလုပ်ပြီး သင့်ကိုယ်သင် သန်မာလာစေမှာပါ။
(၇) အိမ်မွေး တိရစ္ဆာန်မွေးပါ
တခါတလေ အထီးကျန်ဝမ်းနည်းလို့ ရင်ဖွင့်ဖို့ လိုအပ်တဲ့အခါ အိမ်မွေး တိရစ္ဆာန်လေးတွေက အကောင်းဆုံး အဖော်ဖြစ်မှာပါ။ သူတို့က သစ္စာမဖောက်သလို သင့်ကိုအမြဲအရိပ်တကြည့်ကြည့်ရှိနေမှာ ဖြစ်ပါတယ်။
ကဲ… တကယ်ပဲ လူပျို၊ အပျိုကြီးလုပ်တော့မယ်ဆိုရင် ဒီအချက်တွေကိုစမ်းကြည့်ပါ။
Ref ; bustle.com