Trend

ချစ်သူနှစ်ဦးကြား အက်ကြောင်းထင်စေမယ့် အပြုအမူဆိုးများ

Want create site? Find Free WordPress Themes and plugins.

ချစ်သူတွေကြားက ဆက်ဆံရေးကို အက်ကြောင်းထင်စေတဲ့ အရာတွေက ဘာတွေဖြစ်မလဲ။ တခါတလေ သင်မသိလိုက်ဘဲ လုပ်မိလိုက်တဲ့ အပြုအမူတွေကြောင့် တဖက်သားမှာ စိတ်ဒဏ်ရာရပြီး ဆက်ဆံရေး ပြိုကွဲသွားကြတာပါ။

ကိုယ်သေချာ မသိဘဲ အပေါ်ယံ ပြောလိုက်မိတဲ့ စကားတွေကြောင့် ကိုယ့်ချစ်သူ စိတ်ထဲ အနာတရ ဖြစ်သွားတတ်သလို ဒီအပြုအမူတွေကို သတိမထားမိဘဲ နေ့စဉ် လုပ်မိနေပြီဆိုရင် သင်တို့နှစ်ယောက် ဆက်ဆံရေး ပြိုကွဲဖို့ကို ဦးတည်နေပါပြီ။

တယောက် ခံစားနေရတဲ့ ပြဿနာတွေကို ရင်ဖွင့်သင့်တယ်ဆိုပေမယ့် တချို့ ပြဿနာတွေကျပြန်တော့ ပြောလိုက်မှ နောက်ထပ် နောက်ထပ် ပြဿနာတွေ ထပ်ဖြစ်လာအောင် လောင်စာ ထည့်ပေးလိုက်သလို ဖြစ်စေပါတယ်။ ဒါကြောင့် ပြဿနာတွေကို ရင်ဖွင့်တော့မယ်ဆိုရင် ပြောသင့်၊ မပြောသင့် အရင်ကြိုစဉ်းစားပါ။

အပေါ်ယံ လက်ခံပေးလိုက်တာကလည်း နှစ်ယောက်ကြားဆက်ဆံရေးကို အက်ကြောင်း ထင်စေတဲ့အချက်ပါ။ သူနဲ့ ပြဿနာ ထပ်မဖြစ်ချင်တော့လို့ ပြီးပြီးရော လက်ခံလိုက်ပေမယ့် စိတ်ထဲမှာတော့ မကျေနပ်နိုင်သေးဘဲ ဒေါသတွေ ဖြစ်နေမယ်ဆိုရင် နှစ်ဦးနှစ်ဖက် ရေရှည် မကောင်းပါဘူး။ ဒါကြောင့် ကိုယ့်ဘက်က လက်မခံနိုင်ဘူးဆိုရင် တဖက်လူ နားလည်အောင် သေချာရှင်းပြပြီး ဘာလို့ လက်မခံတာလဲဆိုတာ ပြောပါ။

သမီးရည်စား ဆက်ဆံရေးမှာ တယောက်နဲ့ တယောက် စကြ၊ နောက်ကြတာ ရှိတယ်ဆိုပေမယ့် တဖက်သား ထိခိုက် နစ်နာသွားတဲ့ အထိတော့ မလုပ်သင့်ပါဘူး။ ကိုယ့်ချစ်သူမလို့ ဘာပြောပြော ကိစ္စမရှိဘူး ထင်ပြီး စည်းမရှိ ပြောနေလို့ မရပါဘူး။ သူ့အရှက်ကွဲခဲ့တဲ့ ဖြစ်ရပ်ကိုပဲ ထပ်တလဲလဲ ပြောနေတာမျိုးက မဖြစ်သင့်တဲ့ အရာပါ။

ကိုယ့်ကိုယ်ကို ဂရုမစိုက်တာလည်း သတိထားသင့်တဲ့ အချက်ပါ။ ချစ်သူတွေဖြစ်လာပြီဆိုရင် တယောက်က အရိပ် တကြည့်ကြည့်နဲ့ သေချာ ဂရုစိုက်ပေးနေတာတောင် နောက်တယောက်က အသိအမှတ် မပြုဘဲ နေချင်သလိုနေ၊ လုပ်ချင်ရာ လုပ်နေပြီဆိုရင် သင့်တို့နှစ်ယောက် ဆက်ဆံရေး ရေရှည်တည်မြဲဖို့ မလွယ်ပါဘူး။ ကိုယ့်စိတ်ကိုယ် လုပ်ချင်ရာ လုပ်မယ် ဆိုပေမယ့် တယောက်နဲ့တယောက် အပြန်အလှန် လေးစားမှု ရှိသင့်ပါတယ်။

မလိုအပ်ဘဲ ကိုယ့်ချစ်သူကို ခဏခဏ ညည်းညူနေတာ၊ မကျေမနပ် ပွစိပွစိပြောနေတာက အစပိုင်းမှာတော့ “ချစ်စရာလေး” ဆိုပြီး ခွင့်လွှတ်နိုင်ပေမယ့် ကြာလာတာနဲ့ ဒီအချက်ကပဲ လမ်းခွဲခြင်းရဲ့ တရားခံ ဖြစ်သွားနိုင်ပါတယ်။ တခုခုဆို ထစ်ခနဲရှိ အပြစ်တင် လိုက်မယ်၊ အပြစ်ပြောလိုက်ရတာ လွယ်ပေမယ့် ဆက်ဆံရေး ထိခိုက်စေလောက်တဲ့အထိ ပြင်းထန်နိုင်လို့ ဆင်ခြင်သင့်ပါတယ်။

တခုခုဆို “ငါ ဘာဖြစ်ချင်တယ်” ဆိုတာ သူသိမှာပဲလေလို့ အထူးသဖြင့် ချစ်သူတွေကြားမှာ မိန်းကလေးအများစုက ဖြစ်ချင်တာကို ထုတ်မပြောကြဘဲ ကိုယ့်ကောင်လေးသိမှာပါလို့ ထင်နေကြတာက လုံးဝ လွဲမှားနေတဲ့ အချက်ပါ။ ကိုယ့်အကြောင်းကို ကိုယ့်လောက် တဖက်လူက မသိနိုင်တာမို့ ကိုယ့်ဆန္ဒကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုပါ။

ချစ်သူတွေကြားထဲမှာ “လိမ်လည်ခြင်း” ဆိုတဲ့ ခေါင်းစဉ်ကို မတပ်မိဖို့ လိုပါတယ်။ ကိုယ့်ဝါသနာမို့ “မုသားမပါ လင်္ကာမချော” ဆိုစေဦးတော့ ကိုယ့်ချစ်သူကို မလိမ်သင့်ပါဘူး။ တယောက်ရဲ့ စစ်မှန်တဲ့ ချစ်ခြင်းကို အလိမ်အညာ စကားတွေနဲ့ အရောင် မဆိုးလိုက်ပါနဲ့။

Ref: Relationship Rules

Did you find apk for android? You can find new Free Android Games and apps.
Loading