Trend

လျှပ်စစ် မတော်တဆမှုတွေကနေ ဘယ်လို ကာကွယ်မလဲ

Want create site? Find Free WordPress Themes and plugins.

ဓာတ်လိုက်တယ်ဆိုတာကို လူတိုင်း အနည်းနဲ့အများ ဘဝမှာ တကြိမ်တခါ ကြုံဖူးကြမှာပါ။ ဓာတ်လိုက်ခြင်းဟာ အသက်ဆုံးရှုံးတဲ့အထိ ဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် အခုလို မိုးရာသီ အချိန်ခါမျိုးမှာ လျှပ်စစ် မတော်တဆ ဖြစ်ပွားမှုတွေ ဖြစ်နိုင်ပါတယ်။

လျှပ်စစ် မတော်တဆမှုတွေ ဖြစ်တဲ့အခါ ဓာတ်လိုက်ခြင်း အန္တရာယ်တွေကနေ ဘယ်လို ကာကွယ်မလဲ။ ဓာတ်လိုက်ခြင်း အန္တရာယ်များကနေ ကာကွယ်နိုင်မယ့် နည်းလမ်းတွေကို ဧရာဝတီ စာဖတ်ပရိသတ်တွေ အတွက် ဗဟုသုတ အနေနဲ့ သိရှိနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။

(၁) လျှပ်စစ် မတော်တဆမှုတွေ မဖြစ်ရအောင် ပထမဆုံး ပြုလုပ်ရမယ့် အရာကတော့ လျှပ်စစ်ပစ္စည်းတွေ အသုံးပြုတဲ့အခါ လျှပ်စစ်ကြားခံ ပစ္စည်းတွေကို မဖြစ်မနေ အသုံးပြုဖို့ပဲ ဖြစ်ပါတယ်။ ဒီလိုမျိုး လျှပ်စစ်ကြားခံ ပစ္စည်းတွေ အသုံးပြုခြင်းက လျှပ်စစ် မတော်တဆဖြစ်မှုနဲ့ လျှပ်စစ်ကြောင့် မီးလောင်မှုဖြစ်ခြင်းတွေကနေ ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

(၂) အပြင်သွားတဲ့ အခါမျိုးတွေမှာပဲဖြစ်ဖြစ် ဒါမှမဟုတ် လျှပ်စစ် မတော်တဆဖြစ်မှုနဲ့ ကြုံတွေ့ရတဲ့အခါမျိုးတွေမှာ အရင်ဦးဆုံး လုပ်ရမှာက လျှပ်စစ် ဓာတ်အားလမ်းကြောင်းတွေကို ပိတ်ချပစ်ဖို့ တနည်းအားဖြင့် မိန်းချပစ်ဖို့ပဲ ဖြစ်ပါတယ်။

(၃) မီးခလုတ် ပြင်တာမျိုးတွေ၊ ဝါယာကြိုးတွေ လဲတာမျိုးတွေနဲ့ လျှပ်စစ်ပစ္စည်းအသစ်တွေ တပ်ဆင် အသုံးပြုတော့မယ့် အခါမျိုးတွေမှာ နားလည်တတ်ကျွမ်းတဲ့ လျှပ်စစ်ကျွမ်းကျင်သူတွေကို ခေါ်ယူခြင်းက လျှပ်စစ် မတော်တဆဖြစ်မှုတွေကနေ ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

(၄) မိမိအိမ်မှာ အသုံးပြုတဲ့ လျှပ်စစ်ပစ္စည်းတွေရဲ့ သက်ရောက်မှု သဘောတရားကို သင့်အနေနဲ့ သိထားနိုင်ရင်တော့ အကောင်းဆုံးပဲ ဖြစ်ပါတယ်။ ဒီလိုမျိုး သိထားရင်တော့ သာမန် လျှပ်စစ် ပြဿနာလောက်ကို ကိုယ်တိုင် ဖြေရှင်းနိုင်မှာပဲ ဖြစ်ပါတယ်။

(၅) လျှပ်စစ်ပစ္စည်းတွေမှာ မသင်္ကာစရာ အခြေအနေတခုခု တွေ့ရလို့ပဲဖြစ်ဖြစ် ဒါမှမဟုတ် စိုစွတ်နေတဲ့ အခြေအနေမျိုးတွေမှာ လက်နဲ့ သွားရောက် ကိုင်တွယ် စမ်းသပ်တာဟာ အန္တရာယ်ရှိလှပါတယ်။ ဒီလို အခြေအနေမျိုးတွေအတွက် သင့်အိမ်မှာ Tester တခုကိုတော့ မဖြစ်မနေ ဆောင်ထားသင့်ပါတယ်။

(၆) ဘယ်လျှပ်စစ် ပစ္စည်းမျိုးကိုမဆို စိုစွတ်လွယ်တဲ့ နေရာတွေနဲ့ ရေရှိတဲ့ အနီးတဝိုက်မှာ မထားရှိခြင်းက လျှပ်စစ် မတော်တဆ ဖြစ်မှုအန္တရာယ်ကနေ ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

Ref ; timesofindia.indiatimes.com

Did you find apk for android? You can find new Free Android Games and apps.
Loading