Trend

ကမ္ဘာတဝှမ်းက လွတ်မြောက်နေတဲ့ စိတ္တဇ လူသတ်သမားများအကြောင်း

Want create site? Find Free WordPress Themes and plugins.

စိတ္တဇ လူသတ်သမား အများစုဟာ ယေဘုယျအားဖြင့် တကိုယ်တည်း နေထိုင်လေ့ရှိကြပြီး သူတို့ဖြစ်ပွားနေတဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေပေါ် မူတည်ပြီး လူသတ်မှုကို ကျူးလွန်လေ့ရှိကြပါတယ်။ တချို့သော သူတွေကတော့ ကျူးလွန်ခဲ့တဲ့ ပြစ်မှုအတွက် ဖမ်းဆီးခံရပြီး ပြစ်ဒဏ်ကိုခံကြရပေမယ့် တချို့သော စိတ္တဇ လူသတ်သမားလူတွေကတော့ အခုအချိန်ထိ လွတ်မြောက်နေဆဲ ဖြစ်ပါတယ်။

(၁) အမေရိကန်က ပုဆိန်လူသတ်သမားလို့ သိကြတဲ့ စိတ္တဇလူသတ်သမားကတော့ လူ ၆ ယောက်ကို သတ်ဖြတ်ခဲ့ပြီး ၁၂ ယောက်ကို ဒဏ်ရာအနာတရဖြစ်စေခဲ့ပါတယ်။ သူဟာ Jazz ဂီတကို ကြိုက်နှစ်သက်သူဖြစ်ပြီး သူ့ရဲ့သားကောင်တွေကို မသတ်ခင်မှာ Jazz ဂီတကို တီးမှုတ်ခိုင်းလေ့ရှိပါတယ်။ သူကျူးလွန်ခဲ့တဲ့ လူသတ်မှုတွေဟာ ဒဏ္ဍာရီဆန်ဆန်ပဲ စတင်လေ့ရှိပြီး ဒဏ္ဍာရီဆန်ဆန်ပဲ အဆုံးသတ်သွားလေ့ရှိပါတယ်။ အခုအချိန်ထိ ပုဆိန်လူသတ်သမားဟာ ဘယ်သူဆိုတာကို ဖော်ထုတ်နိုင်ခြင်းမရှိသေးသလို ဖမ်းဆီးအရေးယူနိုင်ခြင်းလည်း မရှိသေးပါဘူး။

(၂) ရူးနေတဲ့ သားသတ်သမားလို့ တင်စားခေါ်ဝေါ်ကြတဲ့ အိုဟိုင်းရိုးပြည်နယ်မှာ လူသတ်မှုတွေကို ၃ နှစ်ကြာ ကျူးလွန်ခဲ့တဲ့ စိတ္တဇလူသတ်သမားကတော့ လူ ၁၃ ယောက်ကို သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။ သူဟာ သူ့ရဲ့ သားကောင်တွေကို ရွေးချယ်တဲ့အခါမှာ လူ့အဖွဲ့အစည်းရဲ့ အားနည်းသူတွေဖြစ်တဲ့ ဆင်းရဲသားတွေကိုပဲ အဓိကထား ကျူးလွန်လေ့ရှိတာဖြစ်ပြီး သတ်ဖြတ်ပြီးချိန်မှာ ခန္ဓာကိုယ်နဲ့ခေါင်းတွေကို တစစီဖြစ်စေပြီး ယောကျာ်းတွေ ဆိုရင်တော့ သင်းကွပ်ပစ်လေ့ရှိတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။ သားသတ်သမားလို့ တင်စားကြရတဲ့ အဆိုပါ စိတ္တဇ လူသတ်သမားကိုလည်း ဖမ်းဆီးနိုင်ခဲ့ခြင်း မရှိသေးပါဘူး။

(၃) စိတ္တဇလူသတ်သမားတွေအကြောင်း ပြောမယ်ဆိုရင် “Jack the ripper” လို့ ခေါ်တဲ့ ဂျက်အကြောင်းကတော့ မပါလို့ မပြီးနိုင်ပါဘူး။ သူ့ရဲ့အဓိက သားကောင်တွေကတော့ ပြည့်တန်ဆာတွေဖြစ်ပြီး သူတို့ရဲ့လည်ပင်းကို လှီးဖြတ်ပစ်တာ ကတော့ ဂျက်ရဲ့ကိုယ်ပိုင်ပုံစံပဲ ဖြစ်ပါတယ်။ ဂျက်ရဲ့ ပြစ်မှုတွေကြောင့် အင်္ဂလန်နိုင်ငံရဲ့ အမျိုးသမီးထုဟာ အကြောက်တရားတွေနဲ့ နေထိုင်ကြရတယ်လို့ မှတ်တမ်းတွေအရ သိရပြီး သူဟာလည်း ဥပဒေလက်မှ လွတ်မြောက်နေတဲ့ စိတ္တဇလူသတ်သမားတဦးပဲ ဖြစ်ပါတယ်။

(၄) Zodiac လို့ သူ့ကိုယ်သူ နာမည်ပေးထားတဲ့ စိတ္တဇလူသတ်သမားကတော့ လူ ၃၇ ယောက်ကို သတ်ဖြတ်ခဲ့တာ ဖြစ်ပြီး အမေရိကန်နိုင်ငံမှာ ၁၀ စုနှစ် တခုကြာအောင် ပြစ်မှုတွေ ကျူးလွန်ခဲ့သူလည်း ဖြစ်ပါတယ်။ သူဟာ လူသတ်မှုတွေ မကျူးလွန်ခင် သူ့ရဲ့သားကောင်တွေဆီကို လျှို့ဝှက်စာတွေ ကြိုတင် ပေးပို့လေ့ရှိပြီး သတင်းစာတွေကနေ သူ့အကြောင်းကို ရေးသားဖော်ပြကြတာကို ဂုဏ်ယူလေ့ရှိသူလည်း ဖြစ်ပါတယ်။ သူ့ရဲ့လူသတ်မှုတွေဟာ သူ့ရဲ့ဆုတံဆိပ်တွေ ဖြစ်တယ်လို့ ခံယူထားသူဖြစ်ပြီး အခုချိန်ထိ လွတ်မြောက်နေဆဲ စိတ္တဇ လူသတ်သမားတဦးလည်း ဖြစ်ပါတယ်။

Ref ; thedailynet.com

Did you find apk for android? You can find new Free Android Games and apps.
Loading