တောင်ကိုရီးယားနိုင်ငံဟာ ပလတ်စတစ်ဆာဂျရီ ခွဲစိတ်မှုမှာ နာမည်ကျော်ခဲ့တဲ့ ဆယ်စုနှစ်နဲ့ ချီပြီး ရှိခဲ့ပါပြီ။ ပလတ်စတစ်ဆာဂျီ မြို့တော် ဖြစ်တဲ့အတွက် အဲဒီမှာရှိတဲ့ ကိုရီးယားနိုင်ငံသား တော်တော်များများဟာ သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ အသွင်အပြင်ကို ပိုမိုလှပချောမောစေချင်ကြပါတယ်။
ပုံမှန်အားဖြင့်တော့ Kpop အနုပညာရှင် တွေကို ပလတ်စတစ်ဆာဂျရီလုပ်ဖို့ ကမ်းလှမ်းတာမျိုး၊ သူူတို့ရဲ့ ကုမ္ပဏီက ဆာဂျရီလုပ်ဖို့ စေခိုင်းတာမျိုးတွေ ရှိတတ်ပါတယ်။ တချို့ကတော့ ဆာဂျရီလုပ်ကြပြီး တချို့ကတော့ မလုပ်ကြပါဘူး။ တောင်ကိုရီးယားနိုင်ငံမှာ ပလတ်စတစ်ဆာဂျရီ ခွဲစိတ်ပြုပြင်မှုဟာ ကိုရီးယားလူမျိုးတွေနဲ့ တရုတ်၊ အမေရိက၊ ရုရှား၊ ဂျပန်နဲ့ မွန်ဂိုလီးယားနိုင်ငံတို့ကနေ လာရောက်တဲ့ နိုင်ငံခြားကမ္ဘာလှည့် ခရီးသည်တွေအကြား နာမည် ကျော်ကြားပါတယ်။
လူနာတွေထဲ ၇၀ ရာခိုင်နှုန်းဟာ ပလစတစ်ဆာဂျရီ ခွဲစိတ်မှုခံယူတဲ့ အမျိုးသားတွေ ဖြစ်ပြီး အဲဒီအထဲက ၄၀ ရာခိုင်နှုန်း ကတော့ ဆွေးနွေးတိုင်ပင်ဖို့အတွက် ပလတ်စတစ် ဆာဂျရီဆေးခန်းတွေကို သွားရောက်ကြတာ ဖြစ်ပါတယ်။ ပိုပြီး ထူးခြားဖို့ကောင်းတာက တောင်ကိုရီးယားနိုင်ငံရဲ့ ဝင်ငွေ ၃၀ ရာခိုင်နှုန်းဟာ ပလတ်စတစ် ဆာဂျရီ လုပ်ငန်းကနေ ရရှိတာ ဖြစ်ပါတယ်။
တောင်ကိုရီးယားမှာ ပလတ်စတစ်ဆာဂျရီနဲ့ ပတ်သက်တဲ့ အချက်အလက်တချို့ကို ဖော်ပြပေးလိုက်ပါတယ်။
၁။ ကိုရီးယားမှာ ပလတ်စတစ်ဆာဂျရီဟာ လူတွေကို ပိုမိုသဘာဝဆန်စေပြီးတော့ အာရှရဲ့ အလှအပ တခုလိုမျိုး ဆင်တူအောင် ပြုလုပ်ပေးတာ ဖြစ်ပါတယ်။
၂။ ပလတ်စတစ်ဆာဂျရီပြုလုပ်ကြတဲ့ လူအများစုကတော့ သူတို့ရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုကို တိုးမြှင့်စေဖို့ လုပ်ဆောင်ကြတာလည်း ဖြစ်ပါတယ်။
၃။ တခါတလေ လူတွေက ခွဲစိတ်မှုတွေ အောင်မြင်ခဲ့တဲ့ K-pop အနုပညာရှင်တွေလိုမျိုး ပလတ်စတစ်ဆာဂျရီ လုပ်လိုကြတာပါ။
၄။ မျက်ရစ် နှစ်ထပ်ခွဲ စိတ်ကုသမှုဟာ ကိုရီးယားမှာ နာမည်အကြီးဆုံး ခွဲစိတ်မှု ဖြစ်ပါတယ်။
၅။ တောင်ကိုရီးယားက ဂန်းနမ်ခရိုင်ကို သွားမယ်ဆိုရင် အဲဒီခရိုင် ပတ်ဝန်းကျင်မှာ ရှိတဲ့ ကြော်ငြာအများစုဟာ ပလတ်စတစ် ဆာဂျရီ ကြော်ငြာတွေ ဖြစ်ပါတယ်။
၆။ ဂန်းနမ်ခရိုင်မှာ ပလတ်စတစ် ဆာဂျရီ ခွဲစိတ်ကုသပေးတဲ့ ဆေးခန်း ၅၀၀ ပတ်ဝန်းကျင်လောက် ရှိပါတယ်။
၇။ ကိုရီးယားလူမျိုးတွေဟာ အခြားလက်ဆောင်ဆိုတာထက် ပလတ်စတစ်ဆာဂျရီ ခွဲစိတ်မှုကိုသာ လက်ဆောင်အဖြစ် ပိုလိုချင်ကြပါတယ်။
၈။ တောင်ကိုရီးယားမှာ ပလတ်စတစ်ဆာဂျရီ ပြုလုပ်မှုကုန်ကျစရိတ်ဟာ ထိုင်းနိုင်ငံထက် ပိုဈေးကြီးပေမယ့် တောင်ကိုရီးယားရဲ့ ခွဲစိတ်မှုရလဒ်က အာရှပိုဆန်ပြီး ကုသမှုတွေက ပိုကောင်းပါတယ်။
၉။ ၂၀၁၅ ခုနှစ်မှာ ဆေးကုသဖို့ လာရောက်တဲ့ လူနာ ၇၀ ရာခိုင်နှုန်းဟာ တရုတ်ကမ္ဘာလှည့်ခရီးသွားတွေ ဖြစ်ပါတယ်။
အခုဆောင်းပါးမှာတော့ ပလတ်စတစ်ဆာဂျရီကုသမှုခံယူဖူးတယ်လို့ ဝန်ခံထားကြတဲ့ Idol တချို့အကြောင်း ပြောပြပေးသွားမှာပါ။
(၁) ZE:A အဖွဲ့ဝင် Kwanghee
Z:EA အဖွဲ့ဝင် Kwanghee ကတော့သူခွဲစိတ်ခံခဲ့အကြောင်းကို ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့တဲ့ အနည်းငယ်သော Idol တွေထဲ တယောက်ဖြစ်ပါတယ်။
(၂) 2NE1 အဖွဲ့ဝင်ဟောင်း Minzy
2NE1 အဖွဲ့ရဲ့ အဓိကအကသမားဖြစ်ခဲ့ဖူးတဲ့ Minzy ဟာ နှာခေါင်းခွဲစိတ်မှုပြုလုပ်ခဲ့ဖူးတယ်လို့ ၂၀၁၃ ခုနှစ်တုန်းက ပြောကြားခဲ့ဖူးပါတယ်။
(၃) T-ara’s Hyomin
T-ara အဖွဲ့ဝင် Hyomin ဟာ ပလတ်စတစ်ဆာဂျရီမပြုလုပ်ခင်ကနဲ့ ပြုလုပ်ခဲ့ပြီးနောက် ပြောင်းလဲသွားတဲ့ ခြားနားမှုတွေကို ပြသခဲ့ဖူးပါတယ်။
(၄) Super Junior အဖွဲ့ဝင် Heechul
Super Junior အဖွဲ့ဝင် Heechul ဟာလည်း နှာခေါင်းရိုးကျိုးသွားလို့ ခွဲစိတ်မှုခံယူခဲ့ရဖူးတဲ့အကြောင်း အစီအစဉ် တခုမှာ ပြောကြားခဲ့ဖူးပါတယ်။
(၅) SISTAR အဖွဲ့ဝင်ဟောင်း Hyorin
SISTAR အဖွဲ့ဝင် Hyorin ဟာ မျက်ရစ်နှစ်ထပ် ခွဲစိတ်ကုသမှုကို ခံယူခဲ့ဖူးတဲ့အကြောင်း ပြောကြားခဲ့ဖူးပါတယ်။
(၆) မင်းသမီး Park Min Young
မင်းသမီး Park Min Young ဟာ အထက်တန်းကျောင်းသူဘဝတုန်းက မျက်ရစ်နှစ်ထပ်ခွဲစိတ်မှု ခံယူခဲ့ဖူးတယ်လို့ ပြောဆိုခဲ့ဖူးသူဖြစ်ပါတယ်။
(၇) မင်းသမီး Lee Da Hae
“My Girl” ဇာတ်လမ်းတွဲနဲ့ နာမည်ကျော်ခဲ့တဲ့ မင်းသမီး Lee Da Hae ကတော့ အတိတ်ကာလတုန်းက ပြောင်းလဲမှုတချို့ကို လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ မျက်နှာက ပြည့်ပြည့်ဖောင်းဖောင်းရှိလို့ သွယ်တဲ့ မျက်နှာရရှိဖု့ိ ခွဲစိတ်ခဲ့ရတယ်လို့ ပြောခဲ့ဖူးပါတယ်။
(၈) အဆိုတော် မင်းသား Kim Hyun Joong
“Boys Over Flowers” ဇာတ်လမ်းတွဲနဲ့ နာမည်ရရှိလာခဲ့တဲ့ F4 မင်းသား Kim ဟာ ပလတ်စတစ်ဆာဂျရီ ခွဲစိတ်ကုသမှု ခံယူခဲ့ရဖူးတဲ့အကြောင်း ဝန်ခံခဲ့ဖူးပါတယ်။ ငယ်ငယ်တုန်းက ဖြစ်ခဲ့တဲ့ မတော်တဆမှုကြောင့် နှာခေါင်း ပြင်ခဲ့ရဖူးတယ်လို့ ဆိုပါတယ်။
Ref: Allkpop, channel-korea