Trend

သီချင်းနားထောင်ခြင်းမှ ရရှိနိုင်မယ့် ကျန်းမာရေး ကောင်းကျိုး ၆ ချက်

Want create site? Find Free WordPress Themes and plugins.

သုတေသနပညာရှင်တွေရဲ့ လေ့လာချက်တွေအရ သီချင်းနားထောင်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာကို သာမက ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ အထောက်အကူ ပြုစေတယ်လို့ ဆိုပါတယ်။ သီချင်းနားထောင်ခြင်းအပေါ် သိပ္ပံပညာရှင်တွေရဲ့ သိပ္ပံနည်းကျ လေ့လာထားတဲ့ အကျိုးကျေးဇူးတွေကို ဧရာဝတီ စာဖတ်ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

(၁) သီချင်းနားထောင်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ကောင်းမွန်စေနိုင်တဲ့အပြင် ဉာဏ်ရည်ဉာဏ်သွေးကိုလည်း မြင့်တက်စေပါတယ်။ အလုပ်လုပ်ရင်း သီချင်းနားထောင် တတ်သူတွေဟာ အတွေးအခေါ်သစ်တွေကို ရစေနိုင်ပြီး ဦးနှောက်ရဲ့ ညာဘက်အခြမ်းကို သန်မာစေတာကြောင့် စိတ်ကူးစိတ်သန်းတွေကိုလည်း ကောင်းမွန်စေနိုင်တယ်လို့ လေ့လာချက်တွေမှာ ဖော်ပြထားပါတယ်။

(၂) စိတ်ဖိစီးမှုတွေ များနေတဲ့ အခါမျိုးနဲ့ စိတ်မကြည်မလင် ဖြစ်နေတဲ့အခါမျိုးတွေမှာ သီချင်းနားထောင်ပေးခြင်းက စိတ်ကို ကြည်လင် လန်းဆန်းစေနိုင်ပါတယ်။

(၃) လေ့ကျင့်ခန်း ပြုလုပ်နေချိန်မှာ သီချင်းနားထောင်ပေးခြင်းက ပုံမှန်ထက် ပိုပြီး လေ့ကျင့်ခန်းကို တက်တက်ကြွကြွ ပြုလုပ်နိုင်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

(၄) ညအိပ်ရာဝင်ခါနီး သီချင်းနားထောင်ပေးခြင်းဟာ စိုးရိမ်ပူပန်မှုများသူတွေကို စိုးရိမ်စိတ် လျော့ကျစေနိုင်ပြီး သီချင်းတွေ ဆီက သံစဉ်လှိုင်းတွေကြောင့် ဦးနှောက်အတွင်းက ဆဲလ်တွေရဲ့ လုပ်ဆောင်ချက်တွေကို ပိုမိုတိုးတက်စေနိုင်တယ်လို့ အနောက်တိုင်း ဆေးပညာရှင်တွေက ဆိုပါတယ်။

(၅) သိပ္ပံပညာရှင်တွေရဲ့ လေ့လာချက်တွေအရ ဆူဆူညံညံသီချင်းတွေထက် Acoustic အမျိုးအစားနဲ့ ဂန္တဝင် သီချင်းတွေကို နားထောင်ပေးခြင်းက ကြောက်စိတ်နဲ့ နာကျင်မှုတွေကို လျော့ပါးသက်သာစေနိုင်တယ်လို့ ဆိုပါတယ်။

(၆) ကိုယ်အလေးချိန် လျှော့ချနေသူတွေအနေနဲ့ သီချင်းနားထောင်ရင်း အစာစားခြင်းက အစာစားချင်စိတ်ကို လျော့နည်း စေတာကြောင့် ကိုယ်အလေးချိန် လျှော့ချနေသူတွေအတွက် နည်းလမ်းကောင်း တခုပဲ ဖြစ်ပါတယ်။

Ref ; thedailynet.com

Did you find apk for android? You can find new Free Android Games and apps.
Loading