သုတေသန လေ့လာချက်တွေအရ ကမ္ဘာ့လူဦးရေရဲ့ ၃၀ ရာခိုင်နှုန်းသော လူတွေဟာ နက္ခတ်ဗေဒင် အယူအဆတွေကို ယုံကြည်ကြတယ်လို့ ဆိုပါတယ်။ သင့်ရဲ့ ရာသီခွင်ကို ကြည့်ပြီး သင်ဟာ ဘယ်လိုလူမျိုး ဖြစ်တယ်ဆိုတာကို သိနိုင်သလို သင့်ကျန်းမာရေး အခြေအနေကိုလည်း သိနိုင်ပါတယ်။ ဒါကြောင့် ရာသီခွင် အမျိုးအစားအလိုက် ကျန်းမာရေး အခြေအနေတွေကို သိရှိနိုင်အောင်လို့ ဖော်ပြပေးလိုက်ပါတယ်။
(၁) ကုမ်ရာသီဖွား
ကုမ်ရာသီဖွား အများစုဟာ အတွေးလွန် တတ်ကြတာကြောင့် စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေကို အများအားဖြင့် ခံစားရလေ့ ရှိပါတယ်။ ဒီရာသီဖွား အများစုအနေနဲ့ နှလုံးရောဂါ၊ ပန်းနာ ရင်ကျပ်ရောဂါနဲ့ အဆစ်ရောင် ရောဂါတွေကို အဖြစ်များလေ့ ရှိတာကြောင့် လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပေးသင့်ပြီး ကိုလက်စထရော နည်းတဲ့ အစားအစာတွေကို စားပေးသင့်ပါတယ်။
(၂) မိန်ရာသီဖွား
တီထွင်ဖန်တီးနိုင်စွမ်း မြင့်ကြတဲ့ ဒီရာသီဖွား အများစုကတော့ ခြေထောက်နဲ့ ပက်သက်တဲ့ ကျန်းမာရေး ပြဿနာတွေကို အလေးထားသင့်ပြီး မိမိခြေထောက်နဲ့ သက်သောင့်သက်သာရှိတဲ့ ဖိနပ်တွေကိုသာ ရွေးချယ် ဝတ်ဆင်သင့်ပါတယ်။
(၃) မိဿရာသီဖွား
မိဿရာသီဖွား အများစုဟာ ဦးခေါင်းပိုင်းနဲ့ ပက်သက်တဲ့ ကျန်းမာရေး ပြဿနာအများစုကို ခံစားရလေ့ရှိပြီး ခေါင်းအလွန်အမင်း ကိုက်ခဲတာ၊ ပုခုံး နာကျင်တာနဲ့ ရင်ဘတ် နာကျင်တာမျိုးတွေ မကြာခဏ ဆိုသလို ဖြစ်တတ်ပါတယ်။
(၄) ပြိဿရာသီဖွား
ဒီရာသီဖွား အများစုဟာ အနုပညာ ခံစားမှုအပိုင်းမှာ အားကောင်းကြသူတွေဖြစ်ပြီး တခြား ရာသီဖွားတွေထက် လည်ချောင်းနဲ့ ပက်သက်တဲ့ ကျန်းမာရေး ပြဿနာ ဖြစ်နိုင်ခြေများပြီး ဓာတ်မတည့်တဲ့ ပြဿနာမျိုးတွေလည်း အဖြစ်များ လှပါတယ်။
(၅) မေထုန်ရာသီဖွား
မေထုန်ရာသီဖွား အများစုဟာ စိုးရိမ်ပူပန်မှု များတတ်သူတွေ ဖြစ်တာနဲ့အညီ အိပ်မပျော်တဲ့ရောဂါနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေကို အများအားဖြင့် ခံစားရလေ့ ရှိတာကြောင့် တရားထိုင်တာနဲ့ ယောဂကျင့်တာမျိုးတွေကို ပြုလုပ်ပေးသင့်ပါတယ်။
(၆) ကရကဋ်ရာသီဖွား
ဒီရာသီဖွားတွေဟာ ခန္ဓာကိုယ် အလေးချိန် အတက်အကျ မြန်တဲ့အပြင် အစာအိမ်နဲ့ ပတ်သက်ပြီး ရောဂါဝေဒနာတွေ ဖြစ်နိုင်ခြေများတာကြောင့် အစားအသောက်ကို အထူး ဂရုစိုက်ပေးသင့်ပါတယ်။ စိတ်ခံစားမှုကို အသားပေးတတ်သူတွေ ဖြစ်တာကြောင့် စိတ်ကျရောဂါနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေ မဖြစ်ပွားစေဖို့ သတိထားသင့်ပါတယ်။
(၇) သိဟ်ရာသီဖွား
ဒီရာသီဖွား အများစုဟာ တက်ကြွဖျက်လတ်သူတွေ ဖြစ်တာကြောင့် ခန္ဓာကိုယ်တွင်းက ဇီဝကမ္မ ဖြစ်ပျက်မှုဟာ တခြား သူတွေထက် ပိုမိုမြန်ဆန်လေ့ရှိပါတယ်။ သိဟ်ရာသီဖွား အများစုဟာ အိပ်မပျော်တဲ့ ရောဂါကို ခံစားရလေ့ရှိပြီး နှလုံးနဲ့ နောက်ကျောရိုးတွေကို ဂရုစိုက်သင့်ပါတယ်။
(၈) ကန်ရာသီဖွား
ကန်ရာသီဖွားတွေဟာ မိမိကိုယ်ကို ယုံကြည်မ ှုအားနည်းတာကြောင့် စိတ်အားငယ်လွယ်ပြီး စိတ်ဓာတ် ကျလွယ်ပါတယ်။ ဝမ်းချုပ်လွယ်သူတွေ ဖြစ်တာကြောင့် အမျှင်ဓာတ်များတဲ့ အစားအစာတွေကို များများစားပေးသင့်ပါတယ်။
(၉) တူရာသီဖွား
ဒီရာသီဖွားအများစုဟာ Sensitive အသားအရေကို ပိုင်ဆိုင်သူတွေဖြစ်တာကြောင့် ရေဓာတ်များများ လိုအပ်ပါတယ်။ ကျောက်ကပ်ကို အလေးပေး ဂရုစိုက်သင့်ပြီး ရေဓာတ်ပါဝင်မှု များတဲ့ အသီးအနှံတွေကို များများ စားပေးသင့်ပါတယ်။
(၁၀) ဗြိစ္ဆာရာသီဖွား
ဒီရာသီဖွားအများစုကတော့ မျိုးပွားအဂါၤ ဟော်မုန်းနဲ့ ပတ်သက်တဲ့ ကျန်းမာရေး ပြဿနာတွေကို ခံစားရလေ့ရှိပြီး ရာသီအလိုက် ဖြစ်တတ်တဲ့ ဖျားနာမှုတွေကို ဂရုစိုက်သင့်ပါတယ်။
(၁၁) ဓနုရာသီဖွား
ဒီရာသီဖွားတွေကတော့ စွန့်စားရတာကို ကြိုက်နှစ်သက်လေ့ရှိကြပြီး အနားယူဖို့နည်းတာကတော့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ တင်ပါးနဲ့ ပေါင်တို့ကို ဂရုစိုက်သင့်ပြီး မတော်တဆ ဖြစ်နိုင်ခြေများတဲ့ ရာသီဖွားလည်း ဖြစ်ပါတယ်။
(၁၂) မကာရ ရာသီဖွား
ဒီရာသီဖွားအများစုဟာ ကယ်လ်ဆီယမ်ဓာတ် အားနည်းတာကြောင့် အရိုးကျန်းမာရေးကို အထူးဂရုစိုက်သင့်ပါတယ်။ ဒူးနဲ့ အဆစ်တွေမှာ ကျန်းမာရေး ပြဿနာ ဖြစ်နိုင်ခြေများတာကြောင့် ကိုယ်ခန္ဓာ လှုပ်ရှားမှုတွေကို ပုံမှန်ပြုလုပ်ပေးသင့်ပါတယ်။
Ref ; www.ba-bamail.com