ထင်ပေါ်ကျော်ကြားသူ အများစုဟာ ချမ်းသာပြီး ပြည့်စုံတဲ့ဘဝကို ပိုင်ဆိုင်ထားသူတွေ ဖြစ်တာကြောင့် သူတို့ဘဝတွေဟာ ဘယ်လို ပြဿနာမျိုးမှ ရင်မဆိုင်ရဘူးလို့ တွေးထင်တတ်ကြပါတယ်။ အခုဖော်ပြပေးမှာကတော့ ကမ္ဘာကျော် သရုပ်ဆောင်တွေရဲ့ ထူးဆန်းပြီး စိတ်ဝင်စားဖွယ်ရာ နောက်ဆုံးအချိန် (သေဆုံးမှု) တွေ အကြောင်းကို ဗဟုသုတအနေနဲ့ စာဖတ် ပရိသတ်တွေအတွက် ပြန်လည် မျှဝေပေးမှာပဲ ဖြစ်ပါတယ်။
(၁) Heath Ledger
“ဂျိုကာမင်းသား” လို့ လူသိများကြတဲ့ Heath Ledger ရဲ့သေဆုံးမှုဟာ တကမ္ဘာလုံးကို တုန်လှုပ်စေခဲ့တဲ့ နာရေးသတင်း တပုဒ် ဖြစ်ခဲ့ပြီး ဆေးအလွန်အကျွံ သုံးစွဲမှုကြောင့် သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။ “The Dark Knight” ရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင်ဖို့ အတွက် သူ့ကိုယ်သူ အခန်းထဲ သော့ခတ်ပြီး ကြိုးစားခဲ့သူဖြစ်ပြီး သူ့ရဲ့ ဒိုင်ယာရီထဲမှာ သရုပ်ဆောင်ရမယ့် ဇာတ်ရုပ်တွေကို ရေးလေ့ရှိသူဟာ ဒိုင်ယာရီရဲ့ နောက်ဆုံး စာမျက်နှာမှာတော့ “Bye Bye” ဆိုတာကို ရေးခဲ့နှင့်ပြီး ဖြစ်ပါတယ်။
(၂) Bruce Lee
အသက် ၃၁ နှစ်မတိုင်ခင် အောင်မြင်မှုတွေကို သိမ်းပိုက်နိုင်ခဲ့တဲ့ ဘရုစ်လီဟာ အသက် ၃၂ နှစ်ပြည့်ခါနီးမှာပဲ သေဆုံး ခဲ့ရပါတယ်။ သူမသေခင် တရက်အလိုမှာ ခေါင်းအလွန်အမင်း ကိုက်ခဲတာကြောင့် ချစ်သူဟောင်းဖြစ်သူ မင်းသမီး Bretty Ting Pei တိုက်တဲ့ အကိုက်အခဲပျောက်ဆေးကို သောက်ခဲ့ပြီး အဲဒီနောက်ပိုင်းမှာတော့ ပြန်နိုး မလာခဲ့တော့ပါဘူး။ ဘရုစ်လီကို တရုတ်ကိုယ်ခံပညာ အသင်းက လုပ်ကြံခဲ့တယ်လို့ သူ့ပရိသတ်တွေက သံသယရှိကြပြီး သူဟာ အဲဒီအဖွဲ့ရဲ့ လျှို့ဝှက်ချက်တွေကို ရုပ်ရှင်ကို ကြားခံအဖြစ် အသုံးချပြီး မျှဝေခဲ့ခြင်းကြောင့် ဖြစ်ပါတယ်။
(၃) Marilyn Monroe
“အလှဘုရင်မ” လို့ တင်စားခေါ်ဝေါ်ကြတဲ့ မာရီလင်မွန်ရိုးကတော့ ဆေးအလွန်အကျွံ သုံးစွဲမှုကြောင့် သေဆုံးခဲ့ရတာဖြစ်ပြီး သူမရဲ့ သေဆုံးမှုအလွန် စုံစမ်းစစ်ဆေးမှုတွေမှာတော့ သံသယဝင်စရာ အချက်အလက်တွေ ရှိခဲ့ပါတယ်။ သူမကိုယ်ထဲကို သေစေလောက်တဲ့ ဆေးတမျိုး ထိုးသွင်းခံခဲ့ရတာ ဖြစ်တယ်လို့ သူမရဲ့ စိတ်ရောဂါကုဆရာဝန် Dr Greenson က ဖွင့်ဟခဲ့ပါတယ်။
(၄) George Reevees
“စူပါမန်း” ဇာတ်ကောင်ရဲ့ ပထမဆုံးမင်းသားဖြစ်တဲ့ George Reeves ကတော့ ခေါင်းကို သေနတ်အပစ်ခံရကာ သေဆုံးခဲ့ရတာ ဖြစ်ပြီး ကျည်နှစ်တောင့်ကိုပါ ကြမ်းပြင်ပေါ်မှာ တွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။ သေနတ်လိုင်စင်မှာ သူနဲ့ ဇာတ်လမ်းတွေ ဖြစ်ခဲ့တဲ့ မိန်းမချော Toni Mannix ရဲ့ ခင်ပွန်း Eddie Mannix နာမည်နဲ့ ဖြစ်ပြီး ဟောလိဝုဒ်ရဲ့ထူးဆန်းတဲ့ ကြေကွဲဖွယ် သေဆုံးမှုတွေထဲက တခုပဲ ဖြစ်ပါတယ်။
Ref; thedailynet.com