သင်ဟာ သာမန် မိန်းကလေးတယောက်ထက် ပိုပြီး ထူးခြားနေတယ်၊ ကိုယ့်အစွမ်းနဲ့ကိုယ် ရပ်တည် နေနိုငတယ် ဆိုရင် စမတ်ကျတဲ့ မိန်းကလေးတယောက်ပါ။ ဒီလိုမျိုး စမတ်ကျတဲ့ မိန်းကလေးတွေဟာ ချစ်သူရည်းစား ရှားတတ်ပေမယ့် ရလာရင်လည်း ကံကောင်းတတ်ကြပါတယ်။ ဘာကြောင့် ကံကောင်းနိုင်လဲ ဆိုတဲ့အချက်တွေ ဖော်ပြပေးပါမယ်။
(၁) ကိုယ့်ကိုယ်ကို ချစ်တယ်
ချစ်သူရည်းစားကို ချစ်ပေမယ့်လည်း သူ့ကြောင့်တော့ အမြဲစိတ်ညစ် မခံပါဘူး။ ကိုယ်တိုင် ပျော်ပျော်ရွှင်ရွှင် နေပြီး အလှအပကိုလည်း အပျက်မခံသလို ဘဝတက်လမ်းအတွက် အမြဲကြိုးစားနေတာကြောင့် စိတ်ညစ်ရတဲ့အချစ်ရေး ပိုင်ဆိုင်ထားတယ်ဆိုရင်တောင် ပျော်ရွှင်အောင်နေထိုင်တတ်ပါတယ်။
(၂) ပြဿနာတွေကို ဘယ်လိုကိုင်တွယ်ရမလဲ သိတယ်
သာမန်စုံတွဲတွေ ဖြစ်လေ့ရှိတဲ့ အဆင်မပြေမှုတွေ ပြသနာတွေကို စမတ်ကျတဲ့ ကောင်မလေးတွေက ဖြေရှင်းတတ်ပါတယ်။ ချစ်သူအနားမှာ အမြဲ တွယ်ကပ်တာမျိုး မရှိဘူး၊ အရေးမပါတဲ့ အရာတွေအတွက် အချိန်ကုန်ခံ မရစ်တတ်တာကြောင့် ရန်ဖြစ်ရတာမျိုး နည်းပါတယ်။
(၃) လူရွေးတော်တယ်
သာမန်မိန်းကလေးတွေလို မျက်စိစုံမှိတ်ပြီး ရွေးချယ်ထားတာ မဟုတ်တဲ့အတွက် သူရွေးချယ်ထားတဲ့လူဟာ သာမန်တော့ မဖြစ်ပါဘူး။ အနည်းဆုံးတော့ သူရွေးချယ်ထားတဲ့သူဟာ တနေရာရာမှာ သာလွန်နေပါလိမ့်မယ်။
(၄) ချစ်သူက လက်လွှတ်စပယ် မလုပ်ရဲဘူး
စမတ်ကျတဲ့ မိန်းကလေးတွေဟာ ကိုယ်တိုင်ရပ်တည်နိုင်သလို ချစ်သူက စွန့်ပစ်လို့လည်း လမ်းမှားသွားမှာ မဟုတ်ပါဘူး။ လက်တွဲဖော်အတွက်လည်း အကြံဉာဏ်ကောင်းတွေ ပေးနိုင်တဲ့အတွက် လက်လွတ်စပယ် လမ်းခွဲတာမျိုးကို တော်ရုံယောကျာ်းက လုပ်မှာ မဟုတ်ပါဘူး။