သင့်ကို မွေးဖွားတဲ့ ရာသီခွင်အပေါ် မူတည်ပြီး အတိတ်ဘဝမှာ ဘယ်လိုသေဆုံးခဲ့လဲဆိုတာကို ယေဘုယျအားဖြင့် ခန့်မှန်းပြောဆိုနိုင်ပါတယ်လို့ အနောက်တိုင်း နက္ခတ်ဗေဒင်ပညာရှင်တွေက ဆိုပါတယ်။ အခုဖော်ပြပေးမှာက ၁၂ လရာသီခွင်တွေရဲ့ အတိတ်ဘဝမှာ ဘယ်လိုသေဆုံးခဲ့လဲဆိုတဲ့ စိတ်ဝင်စားစရာ အကြောင်းအရာပဲ ဖြစ်ပါတယ်။
(၁) မိဿရာသီဖွား (Aries)
မိဿရာသီဖွားတွေကတော့ ရာသီခွင်အရ အတိတ်ဘဝမှာ ချစ်ခင်ယုံကြည်ရသူ တဦးရဲ့ သေနတ်နဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။ မိဿရာသီဖွားအများစုဟာ အယုံကြည်လွယ်သူတွေ ဖြစ်တာကြောင့် ဒီအချက်ကိုတော့ သတိထားသင့်ပါတယ်။
(၂) ပြိဿရာသီဖွား (Taurus)
စိတ်ရှည်ပြီး ကြင်နာတတ်တဲ့ ပြိဿရာသီဖွားတွေရဲ့ ရာသီခွင်အရ ဆိုရင် ၎င်းတို့တွေဟာ အတိတ်ဘဝမှာ အသက်ရှည်ရှည်နေခဲ့ကြသူတွေဖြစ်ပြီး သိပ်မဆိုးရွားလှတဲ့ ရောဂါဝေဒနာတခုခုကြောင့် ငြိမ်းချမ်းစွာ သေဆုံးခဲ့ရတာပဲ ဖြစ်ပါတယ်။
(၃) Gemini (မေထုန်ရာသီဖွား)
မေထုန်ရာသီဖွားတွေကတော့ ရာသီခွင်အရ အတိတ်ဘဝမှာ အမြင့်တနေရာကနေ ပြုတ်ကျ သေဆုံးခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ပြုတ်ကျတာမျိုးလည်း ဖြစ်နိုင်သလို တစုံတယောက်က တွန်းချတာမျိုးလည်း ဖြစ်နိုင်တာကြောင့် အမြင့်တနေရာရာကို သွားတဲ့အခါမျိုးတွေမှာ သတိထားသင့်ပါတယ်။
(၄) ကရကဋ် (Cancer)
ကရကဋ် ရာသီဖွားတွေကတော့ အတိတ်ဘဝမှာ ရေနစ်ပြီးသေဆုံးခဲ့တာ ဖြစ်တယ်လို့် ရာသီခွင်အရ ဆိုတာကြောင့် ရေကူးကန်၊ ရေကန်အစရှိတဲ့ ရေအရင်းအမြစ်နေရာတွေသွားတဲ့အခါ သတိပြုသင့်ပါတယ်။
(၅) Leo (သိဟ်)
သိဟ် ရာသီဖွားအများစုဟာ “နှုတ်ကြောင့်သေ၊ လက်ကြောင့်ကျေ” ဆိုသလိုပဲ အတိတ်ဘဝမှာ စကားတခွန်း ကြောင့်ပဲ ခင်မင်ရင်းနှီးသူတဦးရဲ့ လုပ်ကြံမှုကြောင့် သေဆုံးခဲ့ရတာ ဖြစ်တယ်လို့ နက္ခတ်ဗေဒင် အယူအဆတွေက ဆိုပါ တယ်။
စိတ်ထဲရှိတဲ့အတိုင်း ဘွင်းဘွင်းရှင်းရှင်းပြောဆိုတတ်သူတွေ ဖြစ်တာကြောင့် ဒီအချက်ကိုတော့ သတိထားသင့်ပါတယ်။
(၆) ကန်ရာသီဖွား (virgo)
ကန် ရာသီဖွားတွေကတော့ အတိတ်ဘဝမှာ ကားမတော်တဆမှုကြောင့် သေဆုံးရတာ ဖြစ်တယ်လို့ ရာသီခွင်အရ ဆိုပါတယ်။
(၇) တူရာသီဖွား (Libra)
တူရာသီဖွားတွေကတော့ အတိတ်ဘဝမှာ အမျိုးအမည်ဖော်ရခက်တဲ့ ရောဂါဝေဒနာဆန်းတမျိုးကြောင့် သေဆုံးခဲ့ရတာ ဖြစ်တယ်လို့ ရာသီခွင်အရ ဆိုတာကြောင့် ပုံမှန်ဆေးစစ်မှုတွေကို ပြုလုပ်ဖို့ သတိပြုသင့်ပါတယ်။
(၈) ဗြိစ္ဆာရာသီဖွား (Scorpio)
ဗြိစ္ဆာရာသီဖွားတွေကတော့ အတိတ်ဘဝမှာ စိတ္တဇလူသတ်သမားတဦးရဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရတာ ဖြစ်တယ်လို့ ရာသီခွင်တွေအရ ဆိုပါတယ်။
(၉) ဓနုရာသီဖွား (Sagittarius)
ဓနုရာသီဖွားတွေဟာ အတိတ်ဘဝမှာ စိတ်ကျရောဂါနဲ့ ပူပန်သောကများမှုတွေကြောင့် ကိုယ့်ကိုယ်ကို သတ်သေကာ သေဆုံးခဲ့ရတာဖြစ်တယ်လို့ ရာသီခွင်တွေအရ သိနိုင်ပါတယ်။
(၁၀) Capricon (မကာရ)
မကာရ ရာသီဖွားတွေကတော့ အတိတ်ဘဝမှာ အဓမ္မပြုကျင့်ခံရာကနေ သတ်ဖြတ်ခံရပြီး သေဆုံးခဲ့ ရတာ ဖြစ်တာကြောင့် လူစိမ်းတွေကို အယုံမလွယ်ဖို့နဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကို အလွယ်တကူ ဖွင့်ဟမပြောဖို့ သတိထားသင့်ပါတယ်။
(၁၁) ကုံရာသီဖွား (Aquarius)
ကုံ ရာသီဖွား တွေကတော့ မီးနဲ့ပတ်သက်ပြီး အတိတ်ဘဝမှာ ဘေးသင့်ကာ သေဆုံးခဲ့ရတာ ဖြစ်တာကြောင့် မီးနဲ့ပတ်သက်တဲ့ အရာတွေကို သတိထားဆင်ခြင်သင့်ပါတယ်။
(၁၂) မိန်ရာသီဖွား (Pisces)
မိန် ရာသီဖွားတွေဟာ အတိတ်ဘဝရဲ့ အသက်အရွယ်ကြီးရင့်စဉ်ကာလမှာ တုပ်ကွေးနဲ့အဖျားရောဂါကြောင့် သေဆုံးခဲ့ရတာ ဖြစ်တယ်လို့ ရာသီခွင်အရ သိနိုင်ပါတယ်။
Ref. https://thedailynet.com