ဝိတ်အတက်အကျကြောင့် ကိုယ်ခန္ဓာ ဝစဉ်အခါက ဝယ်ထားတဲ့ တီရှပ်တွေပဲဖြစ်ဖြစ်၊ ဆိုဒ်အကြီးစား တီရှပ်တွေ မှားယူမိလို့ဖြစ်ဖြစ် တီရှပ်အကြီးစားတွေကို ပြန်လည်ဆန်းသစ်ပြီး အမိုက်စားဖြစ်အောင် ဝတ်ဆင်လို့ရမယ့် နည်းလမ်းတွေကို ဖော်ပြပေးသွားပါမယ်။
(၁) ဘလေဇာကုတ်နဲ့ တွဲပါ
အောက်က လည်ပင်းကျယ်၊ အသားလျော့ပြီး အိကျနေတဲ့ တီရှပ်မျိုးကို အပေါ်က အနားသပ်ကောင်းတဲ့ ဘလေဇာကုတ်နဲ့ တွဲဖက် ဝတ်ဆင်ခြင်းအားဖြင့် စမတ်ကျတဲ့အသွင်ကို ဖန်တီးယူနိုင်ပါတယ်။
(၂) ပခုံးလျှော ဝတ်မယ်
ဒီအတိုင်းကြီး ဝတ်ရတာက အရမ်း ရိုးရှင်းနေတယ်ဆိုရင် ပခုံးလျှော ဝတ်ကြည့်ပါ။ အရင်ဆုံး ဆိုဒ်အရမ်းကြီးနေတဲ့ အကျီကို DIY နည်းလမ်းနဲ့ ပခုံးလျှောဖန်တီးနိုင်ပါတယ်။
(၃) လက်တွေကို ခေါက်မယ်
လက်က အကြီးကြီးဖြစ်နေတာကြောင့် ပုံမကျဘူးဆိုရင် လက်ခေါက်ဝတ်ပြီး ယောကျ်ားဆန်တဲ့ အသွင်မျိုး ရယူူနိုင်ပါတယ်။ ဒါမှမဟုတ် ခါးနားကနေ ချည်ပြီးတော့လည်း ခပ်မိုက်မိုက်စတိုင် ဖန်တီးလို့ ရပါတယ်။
(၄) ခါးပတ် ပတ်မယ်
အကျီက အရမ်းပွနေမယ်။ အရှည်က ဒူးခေါင်းနား မရောက်တရောက် ဆိုရင်တော့ ခါးပတ်လေးနဲ့ တွဲဖက် ဝတ်ဆင်နိုင်ပါတယ်။ အောက်က ဖိနပ်ကိုတော့ ကြိုးသိုင်း (သို့မဟုတ်) ဒေါက်စီးပါ။
(၅) ဘောင်းဘီ၊ စကပ်တို့နဲ့ တွဲဖက်မယ်
ကိုရီးယားစတိုင် ဝတ်ဆင်ချင်တယ် ဆိုရင်တော့ ဘောင်းဘီ သို့မဟုတ် စကပ်ထဲ ထည့်ပြီး ဝတ်ဆင်ကြည့်ပါ။ ချစ်စရာကောင်းတဲ့ အသွင်ကို ဖော်ဆောင်ပါလိမ့်မယ်။
ကဲ… ဒါဆိုရင်တော့ ကိုယ့်မှာရှိတဲ့ ဆိုဒ်အကြီးစား တီရှပ် အထည်တွေကို ဒီလိုနည်းလမ်းတွေနဲ့ ဖက်ရှင်ကျကျ ဝတ်ကြည့်ရအောင်။
Ref : sidetrend.com