Trend

အမေရိကန်နိုင်ငံမှာ လစာဝင်ငွေ အကောင်းဆုံး အလုပ်များ

Want create site? Find Free WordPress Themes and plugins.

လုပ်ငန်းခွင်မှာ ဘယ်လို ရာထူးမျိုးတွေက လစာကောင်းကြသလဲဆိုတာ သိချင်နေကြမှာပါ။ တချို့ အလုပ်တွေက လစာလည်း ကောင်းသလို အလုပ်လုပ်ရတာ ပျော်စရာကောင်း၊ စိတ်ဝင်စားဖို့လည်း ကောင်းပါတယ်။

အခုဖော်ပြပေးမဲ့အလုပ်တွေက Business Insider ကနေ ကောက်နုတ်ထားတာ ဖြစ်ပါတယ်။ ဒီအလုပ်တွေက အမေရိကန်နိုင်ငံမှာ လစာအကောင်းဆုံး အလုပ်တွေပါ။

(၁) မေ့ဆေးဆရာဝန်

 

 

မေ့ဆေးဆရာဝန် အလုပ်က နံပါတ် ၁ ဖြစ်ပြီး တနှစ်ကို ဝင်ငွေ အမေရိကန် ဒေါ်လာ ၂ သိန်း ၆ သောင်းကျော်လောက် ရပါတယ်။ ခွဲစိတ်ခံ လူနာတွေ နာကျင်မှု မရှိအောင်နဲ့ ခွဲစိတ်ဆရာဝန်တွေကို ဆေးပေးတာမှာ စီမံခန့်ခွဲ ရပါတယ်။ ခွဲစိတ်ခန်း မဝင်ခင်နဲ့ ခွဲစိတ်ပြီး နောက်ပိုင်းတွေမှာလည်း သူ့တာဝန်က အရေးပါသလို တာဝန်လည်းကြီးပါတယ်။

(၂) ခွဲစိတ်ဆရာဝန်

 

 

ခွဲစိတ်ဆရာဝန်တွေ အလုပ်က တနှစ်ဝင်ငွေ ကန်ဒေါ်လာ ၂ သိန်း ၅ သောင်းကျော် ရပြီး ဒုတိယ လစာအကောင်းဆုံး အလုပ်ပါ။ လူနာတွေကို ခွဲစိတ်ကုသတဲ့ နေရာမှာ တာဝန်အရှိဆုံး ဖြစ်ပြီး စိတ်ဖိစီးမှုများတဲ့ အလုပ်လည်း ဖြစ်ပါတယ်။

(၃) စိတ်ရောဂါကု ဆရာဝန်

 

 

ဒီအလုပ်ကတော့ နံပါတ် ၇ နေရာမှာ ရှိပြီး လစာကောင်းတဲ့ အလုပ်တခုပါ။ နိုင်ငံရပ်ခြားမှာလည်း စိတ်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဆရာဝန်တွေနဲ့ တိုင်ပင်ဆွေးနွေးတာမျိုး လုပ်လေ့ရှိတာကြောင့် လစာကောင်းတဲ့ အလုပ်တခုပဲ ဖြစ်ပါတယ်။ စိတ်ကျရောဂါ၊ ထင်ယောင်ထင်မှားဖြစ်ခြင်း၊ အလွန်အမင်း စိုးရိမ်ပူပန် သောကရောက်သူတွေကို ကုသပေးပါတယ်။

(၄) သွားဆရာဝန်

 

 

သွားကျန်းမာရေး၊ ခံတွင်းနဲ့ ပတ်သက်တဲ့ ရောဂါတွေအတွက်ဆိုရင် သွားဆရာဝန်တွေဆီမှာ အမြဲစစ်ဆေးမှုတွေ ပြုလုပ်လေ့ ရှိပါတယ်။ ဒီအလုပ်ဟာလည်း ဝင်ငွေကောင်းတဲ့ အလုပ်စာရင်းမှာ နံပါတ် ၉ နေရာမှာ ရပ်တည်နေပါတယ်။

(၅) ရေနံ အင်ဂျင်နီယာ

 

 

နည်းလမ်းသစ်တွေ၊ နည်းပညာသစ်တွေ အသုံးပြုပြီး ပတ်ဝန်းကျင်ကို မထိခိုက်စေဘဲ လိုအပ်တဲ့ ရေနံတွေရအောင် ထုတ်ယူပေးရတဲ့ ဒီအလုပ်ဟာလည်း လစာကောင်းပြီး နံပါတ် ၁၂ နေရာမှာ ရပ်တည်နေပါတယ်။

(၆) IT မန်နေဂျာ

 

 

အဆင့်မြင့်တဲ့ ကုမ္ပဏီတိုင်းက နည်းပညာကို အားထားပြီး လုပ်ငန်းဆောင်တာတွေကို ပြီးမြောက်အောင် လုပ်ကြပါတယ်။ ဆော့ဖ်ဝဲလ်၊ ဟာ့ဒ်ဝဲလ်ပိုင်းတွေနဲ့ ကုမ္ပဏီ လည်ပတ်မှုကို IT ပိုင်းနဲ့လည်း ထိန်းချုပ်ထားတာကြောင့် ဒီလိုရာထူးမျိုးဟာ အလုပ်ရှာရ လွယ်ကူလာပြီး ဝင်ငွေ ကောင်းလာပါတယ်။

(၇) မာကတ်တင်းမန်နေဂျာ

 

 

ကုမ္ပဏီရဲ့ဝင်ငွေတွေ ဖန်တီးပေးနိုင်တဲ့ အရောင်းသမားတွေနဲ့ အရောင်း Plan တွေတိုးလာအောင်၊ သုံးစွဲသူများများ ရအောင် နည်းလမ်းမျိုးစုံ သုံးပြီး ဆွဲဆောင်ဖို့အတွက် အရေးပါတဲ့ မာကတ်တင်း မန်နေဂျာကတော့ နံပါတ် ၁၄ မှာ ရပ်တည်နေပါတယ်။

ဒီအလုပ်တွေက လစာအကောင်းဆုံး ဆိုပေမယ့်လည်း ကိုယ်ရောက်နေတဲ့ နေရာကနေ ကြိုးစားပြီးတော့လည်း သင့်ဝင်ငွေတွေ တိုးပွားအောင် ဖန်တီးလို့ရပါတယ်။

Ref ; Business Insider

Did you find apk for android? You can find new Free Android Games and apps.
Loading