သင်ဟာ အခုအချိန်မှာ အသက် ၂၀ ကျော်နေပြီး ဘဝအတွက် လှုပ်ရှားရုန်းကန်ဖို့ ပြင်ဆင်နေရတဲ့ အချိန် ဆိုရင် အောက်ကအချက်တွေကို သိထားသင့်ပါတယ်။ ဒီအချက်တွေက အသက် ၃၀ မတိုင်ခင် ပြီးမြောက်အောင် လုပ်ဖို့ စာရင်းပြုစုထားသင့်တဲ့ အရာတွေပဲ ဖြစ်ပါတယ်။
(၁) ကျောင်းတက်ပါ
အသက်မကြီးခင် ပညာရေးကို အလေးထားတာက အကောင်းဆုံးပါ။ အလုပ်လုပ်ချင်ဇောတွေ များပြီး ပညာရေး တပိုင်းတစနဲ့ ကျောင်းထွက်မယ့်အစား သင်ယူလေ့လာစရာတွေ အကုန်ပြီးမြောက်တော့မှ လုပ်ငန်းခွင် ဝင်သင့်ပါတယ်။
(၂) ချက်ပြုတ်တတ်ပါစေ
ကိုယ်ပိုင်ဘဝ ထူထောင်မယ်ဆိုရင် သင်ဟာ ချက်ပြုတ်တတ်မှ အဆင်ပြေမှာပါ။ ဒါကြောင့် ကိုယ်တိုင် ရပ်တည်နိုင်ဖို့အတွက် ဟင်းကောင်းကောင်း ချက်တတ်ဖို့ အချိန်ပေးပါ။
(၃) ငွေစုပါတော့
ပိုက်ဆံစုဖို့ကို တွေဝေမနေပါနဲ့။ လစာရတာနဲ့ မုန့်စား၊ အသုံးအဆောင်ဝယ်တာမျိုးတွေ အမြဲ လုပ်မယ့်အစား အနာဂတ်မှာ ရပ်တည်ဖို့အတွက် ဘဏ်အကောင့်ထဲမှာ ဝင်ငွေများအောင် လုပ်ပါ။
(၄) ချစ်ခင်ရသူတွေ ရှိပါစေ
အထီးကျန် တကိုယ်တည်း ရပ်တည်မယ့်အစား သင့်မှာ ရင်ဖွင့်ဖော် ခင်မင်ရတဲ့ သူငယ်ချင်းတွေ၊ အပေါင်းအဖော်တွေ ရှိနေပါစေ။ ဒါ့အပြင် အမုန်းတရားတွေ ရှိနေမယ့်အစား သင့်ပတ်ဝန်းကျင်က လူတွေနဲ့ကောင်းမွန်တဲ့ ဆက်ဆံရေး တည်ဆောက်ပါ။
(၅) ကျရှုံးဖူးပါစေ
လူတိုင်းဟာ ကိုယ့်အချိန်နဲ့ကိုယ် သွားနေတာဖြစ်တဲ့အတွက် ငယ်ငယ်ရွယ်ရွယ်မှာ အောင်မြင်မှုရတဲ့ သူတိုင်းကို အားကျနေမှာပါပဲ။ ဒါပေမဲ့ သင်ဟာ ငယ်ရွယ်စဉ်မှာ ကျရှုံးမှုတွေ အများကြီးကို ရင်ဆိုင် တတ်ပါစေ။ သင်အသက်အရွယ်တခု ရောက်တဲ့အခါ သင့်ကို ဒီအမှားတွေက သင်ခန်းစာပေးနိုင်မှာပဲ ဖြစ်ပါတယ်။
Ref : entrepreneur.com