• English
Wednesday, June 18, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Trend

3D ပရင့်ထုတ် သေနတ်ဒီဇိုင်းများ အမေရိကန်နိုင်ငံမှာ တရားဝင်ဒေါင်းလုဒ် ရယူနိုင်ပြီ

by Nigma
30 July 2018
in Trend
A A
3D ပရင့်ထုတ် သေနတ်ဒီဇိုင်း

3D ပရင့်ထုတ် သေနတ်ဒီဇိုင်း

8.3k
VIEWS
Share on FacebookShare on Twitter

အမေရိကန် အစိုးရဟာ 3D ပရင့်ထုတ် သေနတ်ဒီဇိုင်းတွေကို အွန်လိုင်းမှာ လွတ်လပ်စွာ တင်နိုင်ဖို့အတွက် တရားဝင် ခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။

အမေရိကန်အစိုးရဟာ သေနတ်ကိုင်ဆောင်ခွင့်လှုပ်ရှားသူတဦးကို အင်တာနက်ပေါ်မှာ တင်ထားတဲ့ 3D သေနတ် ဒီဇိုင်းတွေကို ဖြုတ်ချခိုင်းခဲ့ပြီးနောက် အဆိုပါပုဂ္ဂိုလ်က အမေရိကန်အစိုးရကို ပြန်လည် တရားစွဲဆိုခဲ့ရာကနေ နောက်ဆုံးမှာ တရားဝင်ခွင့်ပြုဖို့ အစိုးရဘက်က သဘောတူညီလိုက်တာ ဖြစ်ပါတယ်။

RelatedPosts

တရုတ်ပြည်က ရှမ်းတို့ရဲ့ စစ်ဆောင်ပန္နား

တရုတ်ပြည်က ရှမ်းတို့ရဲ့ စစ်ဆောင်ပန္နား

16 June 2025
834
တနင်္သာရီမြို့

တနင်္သာရီမြို့

15 June 2025
342
သာလိကာ သမ္မတ

သာလိကာ သမ္မတ

14 June 2025
421

ယခုသဘောတူညီချက်အရ သြဂုတ်လ ၁ ရက်နေ့ကစတင်ပြီး အမေရိကန်ပြည်သူတိုင်းဟာ 3D သေနတ် ဒီဇိုင်းတွေကို အွန်လိုင်းမှာ လွတ်လပ်စွာ တင်ခွင့်၊ Download ရယူခွင့် ရှိသွားပြီ ဖြစ်ပါတယ်။

“Cody Wilson” လို့ အမည်ရတဲ့ သေနတ်ကိုင်ဆောင်ခွင့်လှုပ်ရှားသူတဦးဟာ ၂၀၁၃ ခုနှစ်မှာ 3D ပရင့် ထုတ်ယူနိုင်တဲ့ လက်လုပ်သေနတ် မော်ဒယ်ပုံစံကို အွန်လိုင်းပေါ် တင်ခဲ့ရာကနေ ယခုအမှု စတင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် Wilson နဲ့ သူ့ရဲ့ သေနတ်ကိုင်ဆောင်ခွင့်ရရေး လှုပ်ရှားမှုအဖွဲ့အစည်းဖြစ်တဲ့ Defense Distributed က တင်ထားတဲ့ အဆိုပါ မော်ဒယ်ဒီဇိုင်းကို အစိုးရအာဏာပိုင်တွေက ဖြုတ်ချပေးဖို့ အမိန့်ပေးခဲ့ ပါတယ်။

ကာကွယ်ရေးဌာနရဲ့ အဆိုအရ Wilson ရဲ့ သေနတ်မော်ဒယ်ဒီဇိုင်းတွေဟာ အပြည်ပြည်ဆိုင်ရာ လက်နက် မှောင်ခိုမှု ဥပဒေ (ITAR) နဲ့ ငြိစွန်းနိုင်တာကြောင့် အမိန့်ပေးခဲ့တာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် အစိုးရအမိန့် အာဏာကိုမကျေနပ်တဲ့ Wilson ဟာ အမေရိကန်အစိုးရကို ၂၀၁၅ ခုနှစ်မှာ စတင် တရားစွဲဆိုခဲ့တာပါ။

အဆိုပါ အမှုက ၃ နှစ်တာကြာမြင့်ပြီး၊ ယခု ၂၀၁၈ ခုနှစ်အရောက်မှာတော့ အမေရိကန်အစိုးရဟာ Wilson နဲ့ သူ့ရဲ့ ကုမ္ပဏီတို့ကို မည်သည့် 3D ဒီဇိုင်းမော်ဒယ်၊ ပုံနှင့် ဖိုင်မဆို လွတ်လပ်စွာ အွန်လိုင်းတင်၊ ရောင်းချခွင့် ပေးလိုက်တာ ဖြစ်ပါတယ်။ ဒါ့အပြင် Wilson ရဲ့ တရားရုံး စရိတ်တွေနဲ့ တခြားမှတ်ပုံတင်ကြေးတွေ အတွက် နစ်နာကြေး အမေရိကန် ဒေါ်လာ ၄၀,၀၀၀ ပေးအပ်ဖို့ကိုလည်း US အစိုးရက သဘောတူလိုက်တာ ဖြစ်ပါတယ်။

အသုံးပြုသူတွေကိုယ်တိုင် ထုတ်လုပ်တပ်ဆင်မှာ ဖြစ်တဲ့အတွက် 3D Print ထုတ်ထားတဲ့ သေနတ်တွေမှာ အမှတ်စဉ် နံပါတ်တွေ ပါဝင်မှာလည်း မဟုတ်ဘဲ၊ နောက်ကြောင်းခံလိုက်လို့ရမှာ မဟုတ်ဘူးလို့ CNN က တင်ပြထားပါတယ်။

Wilson ပထမဆုံးတင်ခဲ့တဲ့ 3D သေနတ်မော်ဒယ်ဟာ ‘‘The Liberator’’ လို့ အမည်ရပြီး၊ Lego တုံးတွေ လုပ်တဲ့ ABS ပလတ်စတစ်တမျိုးတည်းကို အဓိကအသုံးပြုပြီး 3D Printer နဲ့ အဆင်သင့်ထုတ်ယူနိုင်ပါတယ်။ သတ္တုဆိုလို့ သေနတ် မောင်းတံနဲ့ သတ္တု အစိတ်အပိုင်းတခုပဲ သေနတ်တခုလုံးမှာ ပါဝင်ပါတယ်။

Ref: CNN, The Hill

Your Thoughts …
Tags: 3D ပရင့်ထုတ်သေနတ်ဒီဇိုင်း
Nigma

Nigma

Contributor

Similar Picks:

No Content Available
Next Post
BOT စနစ်ဖြင့် တာဝန်ယူ ထားသော ကားလမ်းမပေါ် ပျက်စီးနေသည့် ချိုင့်ခွက်၌ ဒေသခံ တဦးက ငါးမျှား နေသည့်ပုံစံပြုလုပ်ပြစဉ်

BOT ကုမ္ပဏီများ လမ်းမပြင်ဘဲ ငွေကောက်နေ၍ ပြည်သူနစ်နာဟုဆို

NSCN-K ဥက္ကဋ္ဌ ခန်ဂိုကွန်ညက် နှင့် NSCN-K တပ်ဖွဲ့ဝင်များကို တွေ့ရစဉ် / TIME 8 /  facebook

NSCN-K ဥက္ကဋ္ဌ ကို နယ်မြေ ကန့်သတ်ထား

No Result
View All Result

Recommended

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

4 days ago
5.7k
တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

6 days ago
5.1k

Most Read

  • ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    shares
    Share 0 Tweet 0
  • ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

    shares
    Share 0 Tweet 0
  • သူ့နာမည်က ဒေါ်အောင်ဆန်းစုကြည်

    shares
    Share 0 Tweet 0
  • ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

    shares
    Share 0 Tweet 0
  • တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate