Trend

ဘယ်အချိန်မှာ အလုပ်ထွက်သင့်သလဲ

လက်ရှိ လုပ်ငန်းခွင်မှာ ငြီးငွေ့လာပြီဆိုရင် ဝန်ထမ်းအများစုက အလုပ်ထွက်လေ့ရှိကြပါတယ်။ အလုပ်ထွက်တဲ့အခါ လစာပိုကောင်းချင်လို့ အလုပ်ထွက်တာလား။ အခွင့်အရေးကောင်းတွေ ထပ်လိုချင်လို့ ထွက်မှာလား၊ ဒီလို အလုပ်တိုင်းကို အကြောင်းပြချက်မရှိဘဲ ဒီအတိုင်း ထွက်လို့မရနိုင်ပါဘူး။

ဘာလို့လဲဆိုရင် အလုပ်လက်မဲ့ ဖြစ်သွားရင် ပိုက်ဆံက အမြဲလိုနေလို့ပါ။ ဒါပေမယ့် အောက်မှာ ဖော်ပြထားတဲ့ အချက်တွေနဲ့ တိုက်ဆိုင်နေပြီဆိုရင်တော့ သင်ဟာ အလုပ်ထွက်သင့်တာ သေချာသွားပါပြီ။

(၁) အလုပ်သွားဖို့ ပျင်းလာနေပြီလား

အလုပ်လုပ်စမှာတော့ သင်ဟာ တက်ကြွနေမယ် မနက်တိုင်း အလုပ်သွားဖို့ တက်ကြွနေမယ်၊ ဒါပေမယ့် ဒါတွေဟာ သင်ရမယ့် လစာကြောင့် ကိုယ်လိုချင်တဲ့ အခွင့်အရေးတွေ ရမယ်လို့ ထင်တာကြောင့် ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အခုတော့သင်ဟာ မနက်အိပ်ယာနိုးတိုင်း ဒီအလုပ်ကို ငါတကယ်ရော လုပ်ချင်ရဲ့လား ဆိုပြီး အိပ်ယာက ထဖို့ပါစိတ်မပါတော့ဘူးဆိုရင် သေချာပါတယ် သင်အလုပ်ထွက်သင့်ပါပြီ။

(၂) အလုပ်ထွက်မယ်ဆိုပြီး နေ့တိုင်းနီးပါး ရေရွတ်နေမိပြီလား

လူတော်တော်များများဟာ သူတို့ရဲ့လက်ရှိအလုပ်မှာ မပျော်ကြပါဘူး၊ ဒါကြောင့် အလုပ်ထွက်မယ် ထွက်မယ်လို့ ပြောပြီး ဒီထက်အောင်မြင်တဲ့ ဘဝမှာနေမယ်ဆိုပြီး ကိုယ့်ကိုယ်ကို ကတိပေးတတ် ကြပါတယ်။ ဒါပေမယ့် သင်ဟာ ကတိပဲပေးနေပြီး တကယ်မလုပ်နိုင်ရင်တော့ သင်မလုပ်ချင်တဲ့ အလုပ်မှာ တသက်လုံး သောင်တင်သွားနိုင်ပါတယ်။

 

 

(၃) အလုပ်ထဲက လူတွေနဲ့ လုံးဝ အဆင်မပြေတော့ဘူး

သင်ဟာ ရာထူးကောင်းကောင်းလည်း ရနေမယ်။ လစာကောင်းကောင်းလည်း ရနေမယ်။ ဒါပေမယ့် အလုပ်ထဲက လူတွေနဲ့ အဆင်မပြေဘူး။ ဘယ်လိုပဲ ကြိုးစားနေပါစေ သင့်လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆင်မပြေဘူးဆိုရင် သင့်အထက်လူကြီးကို နေရာအပြောင်းအရွှေ့အတွက် ချဉ်းကပ်သင့်ပါတယ်။
အဲ့ဒါပါ အဆင်မပြေရင်တော့ ဒီအလုပ်ကနေ မြန်မြန်ထွက်သင့်ပါပြီ။

(၄) ကိုယ့်အထက်လူကြီးလို မဖြစ်ချင်ဘူး

သင်ဒီအလုပ်မှာ စွဲစွဲမြဲမြဲ လုပ်နေတာက ရာထူးမြန်မြန် တိုးပေးဖို့လား။ သင်သာ တကယ်ကြိုးစား လုပ်မယ်ဆိုရင် သင့်အထက် လူကြီးရဲ့နေရာကို အနှေးနဲ့ အမြန်ရလာမှာပါ။ ဒါကိုမှ မလုပ်ချင်ရင် မြန်မြန်ထွက်ပေးပြီး တခြားလူကိုသာ နေရာပေးလိုက်ပါ။

Ref ; lifehack

Loading