Kiki Challenge ဟာ မြန်မာနိုင်ငံကို ကူးစက်လာတဲ့ ပထမဆုံး Challenge လို့ ပြောလို့ရပါတယ်။ အရင်က ရေခဲနဲ့ လောင်းချပြီး ရန်ပုံငွေ ရှာတဲ့ Challenge တွေရှိပေမယ့် ထင်သလောက် မြန်မာနိုင်ငံမှာ အလုပ် မဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် အခု ကမ္ဘာကျော် Rap အဆိုတော် Drake သီဆိုထားတဲ့ ဒီသီချင်းဟာ ကမ္ဘာမှာတင်မက မြန်မာနိုင်ငံထိပါ ကူးစက်လာခဲ့ပါတယ်။
ဒီ Challenge ကို စခဲ့သူက ဟာသ ဗီဒီယိုတွေနဲ့ You Tube မှာ နာမည်ကြီးလာတဲ့ “Shiggy” ဆိုတဲ့ သူ စတင်ခဲ့တာပါ။ သူဟာ အစမှာ သူထွင်ထားတဲ့ “Do the shaggy” ဆိုတဲ့ ကကွက်ကို Drake ရဲ့ In my feeling ဆိုတဲ့ သီချင်းနဲ့ ကခဲ့ပါတယ်။
Shiggy Dance Pinoy Celebrity Kiki Challenge Compilation
ဒီကကွက်ဟာ ကြည့်ရှုသူ သန်းနဲ့ချီ ရှိသွားပြီးတဲ့ နောက်မှာ နာမည်ကြီး Celebrity ဖြစ်တဲ့ Will Smith၊ Ciara၊ Dj Khaled စတဲ့သူတွေဟာလဲ ကခဲ့ကြပါတဲ့အပြင် တကမ္ဘာလုံးကလူတွေပါ လိုက်က ခဲ့ကြပါတယ်။
ဒါပေမယ့် ဒီ Challenge ကို စခဲ့တဲ့ “Shiggy” ဟာ Drake ကိုအပြင်မှာတွေ့တဲ့အခါ “ကျနော် ကခဲ့တဲ့ ကကွက်အတွက် ပိုက်ဆံမရဘူးလား”လို့ မေးခဲ့ပေမယ့် Drake ဟာ ရီမောပြီး စကားလွှဲခဲ့ပါတယ်။
ဒါ့အပြင် ဒီကကွက်ဟာ ရွေ့နေတဲ့ ကားပေါ်က ဆင်းပြီး ကားတံခါးကို ဖွင့်ရင်း ကရတာ ဖြစ်လို့ နိုင်ငံတကာမှာ ရှိတဲ့ ရဲတွေဟာ ဒီအကကို အန္တရာယ်များတဲ့ အကအဖြစ် သတ်မှတ်ထားကြပါတယ်။ ဒီလိုဆင်းကပြီး ကားတိုက်ခံရတဲ့ ပရိတ်သတ်တွေအတွက်လည်း Drake ဟာ ဘာမှ လုပ်ပေးခြင်း မရှိသေးပါဘူး။
ဒီ Challenge ကို မြန်မာနိုင်ငံက Celebrity တွေဖြစ်တဲ့ နေခြည်ဦး၊ ဝါဆိုမိုးဦး၊ အုပ်စိုးခန့်၊ မိတ်ကပ် ညီညီမောင်(စမ်းချောင်း)၊ အီစိကွေး၊ ဟိဏ်းသစ် စတဲ့သူတွေလည်း ပါဝင်ပြီးကထားကြပါတယ်။
Ref; thesun.co.uk, youtube