Trend

ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းကို လေ့လာနိုင်တဲ့ ထိုင်းနိုင်ငံက ဘုန်းကြီးကျောင်း

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရဲ့ အနောက်ဘက်စွန်းက “Ratchaburi” ဆိုတဲ့နေရာဟာ ထိုင်းနိုင်ငံရဲ့ “ရေပေါ်ဈေး” ရှိလို့ ကျော်ကြားတဲ့ နေရာတခုပါ။ ဗဟိုစီရင်စုမှာရှိတဲ့ ဒီနေရာက ဘုန်းကြီးကျောင်း တကျောင်းဟာ ရှင်သန်ခြင်းနဲ့သေဆုံးခြင်းကို လေ့လာချင်တဲ့ သူတွေကို လာရောက်လေ့လာဖို့ ဖိတ်ခေါ်ထားပါတယ်။

အဲဒီကျောင်းက ကျောင်းထိုင်ဆရာတော်ကတော့ ဒီအခွင့်အရေးဟာ ဘယ်နေရာမှာမှ ရှာဖွေလို့ မရနိုင်ဘူးလို့ ဆိုပါတယ်။ အဆိုပါ ကျောင်းမှာ ရှိနေတဲ့ အဲဒီအခန်း၊ ခန်းမဟာ ဘက်စုံသုံးဖို့ စီစဉ်ထားတာဖြစ်ပြီး အလောင်းများကို မီးသဂြိုဟ်ဖို့ အဓိက သုံးတယ်လို့ သိရပါတယ်။ နေရမယ့် အခန်းဟာ မီးသဂြိုဟ်တဲ့အခန်းရဲ့ အပေါ်တည့်တည့်မှာရှိပြီး နေရမယ့် အခန်းရဲ့ အပေါ်မှာ စတိုခန်း ရှိနေပါတယ်။

 

 

အခန်းကိုတော့ ဟိုတယ်လို ပြင်ဆင်ထားပေးပါတယ်။ ဒီအခန်းမှာ လာအိပ်မယ့်သူဟာ အခန်းခ ပေးစရာ မလိုပေ့မယ် အခန်းက ပြန်ထွက်ရင်တော့ ဘုန်းကြီးကျောင်းကို အလှူငွေ စေတနာ ရှိသလောက် ထည့်ခဲ့ရပါမယ်။

ယခင်ကတော့ ဒီအခန်းကို ရဟန်းတွေ အသုဘ ကမ္မဋ္ဌာန်းရှုဖို့ ပြင်ဆင်ထားတာ ဖြစ်ပါတယ်။ ရဟန်းများဟာ အသုဘ ကမ္မဋ္ဌာန်းရှုပြီး ရုပ်/နာမ်တို့ရဲ့ ဖြစ်ပျက်သဘောကို ဆင်ခြင်ဖို့ ပြင်ဆင်ထားတဲ့ ဒီအခန်းကို ယခုအခါမှာ ပြည်သူတွေ ဝင်ရောက်ဖို့ ဖွင့်လှစ်ပေးတာပါ။

ဒါကို ကျောင်းထိုင်ဆရာတော်ဟာ စိန်ခေါ်မှုတရပ်အနေနဲ့ လုပ်ခဲ့တာဖြစ်ပြီး စိန်ခေါ်မှုကိုလက်ခံသူဟာ အောက်မှာ မီးသဂြိုဟ်ခန်းနဲ့ အပေါ်မှာ စတိုခန်းရှိနေတဲ့ ဒီချောက်ချားစရာ နေရာမှာ လာရောက် အိပ်စက်ရမှာ ဖြစ်ပါတယ်။စိန်ခေါ်မှုကိုလက်ခံသူဟာ တဦးထဲဖြစ်စေ၊ နှစ်ယောက်တွဲဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ လာရောက် အိပ်စက်ခွင့်ရှိတယ်လို့ သိရပါတယ်။

ကျောင်းထိုင်ဆရာတော်က ဒီလိုဖွင့်ပေးလိုက်တာဟာ လာအိပ်မယ့် လူတွေရဲ့ စိတ်ဓာတ်သန်မာမှုကို သိလိုတဲ့ အတွက်လို့ ဆိုပါတယ်။ ဒီအခန်းဟာ ကျယ်ဝန်းပြီး မှောင်မဲလှောင်ပိတ်နေခြင်း မရှိပေမယ့် လေတော့ အတော်တိုက်တယ်လို့ ဆိုပါတယ်။

Ref; bangkokpost.com

Loading