ပူစီနံဆီ (Peppermint oil) မှာ သင့်ကျန်းမာရေးနဲ့အလှအပအတွက် အသုံးချလို့နည်းလမ်းတွေအများကြီးရှိပါတယ်။ အသားအရေကိုဝင်းလက်စေဖု့ိနဲ့ ဝက်ခြံတွေပျောက်ဖို့အတွက် ပူစီနံဆီသုံးကြည့်လို့ရသလို အခြားအသုံးချစရာ နေရာတွေလည်း အများကြီးရှိပါသေးတယ်။ ဒါကြောင့် အိမ်မှာစမ်းကြည့်နိုင်ဖို့နည်းလမ်းလေးတွေဝေမျှပေးချင်ပါတယ်။
– မျက်နှာကြေးချွတ်ဖို့အတွက်ဆိုရင် ပူစီနံဆီ ၄ စက်၊ သံလွင်ဆီစားပွဲတင်ဇွန်း ၂ ဇွန်း၊ အိမ်သုံးဆား စားပွဲတင်ဇွန်း ၃ ဇွန်းလိုအပ်ပါတယ်။ ပန်းကန်လုံးထဲမှာ ဒီပါဝင်ပစ္စည်းတွေရောနယ်ပြီး သင့်မျက်နှာကို ကြေးချွတ်နိုင်ပါတယ်။
– တိုနာအဖြစ်သုံးချင်တယ်ဆိုရင်တော့ စစ်ထားသောရေ ၁၁၅ မီလီလီတာ၊ ပန်းသီးရှာလကာရည် ၄၀ မီလီလီတာနဲ့ ပူစီနံဆီ အစက် ၃၀ လိုအပ်ပါတယ်။ စပရေးဘူးတခုထဲ ရေနဲ့ပန်းသီးရှာလကာရည်ဖြည့်ပါ။ ပြီးရင် ပူစီနံဆီ ရောထည့်ပြီး တိုနာအဖြစ်ကော၊ စပရေးအဖြစ်ပါ သုံးလို့ရပါတယ်။ ပုလင်းကို ရေခဲသေတ္တာထဲ ထည့်သိမ်းရမှာဖြစ်ပါတယ်။
– ခြောက်သွေ့တဲ့ဆံသား၊ ကျိုးပြီးဗောက်ထနေတဲ့ ဆံကေသာအတွက်လည်း ပူစီနံဆီက မရှိမဖြစ်ပါ။ ခေါင်းမလျှော်ခင် သုံးနေကျဆီထဲ (ဥပမာ သံလွင်ဆီ) နဲ့ ပူစီနံဆီ ရောပြီးဆံသားကိုလိမ်းပြီးပေါင်းတင်ထားပေးလို့ရပါတယ်။
– ဆံသားအရမ်းကျွတ်တဲ့သူတွေ ပူစီနံဆီလိမ်းပေးမယ်ဆိုရင် သွေးလည်ပတ်မှုကောင်းစေပြီး ဆံသားအရင်းအမြစ် တွေကိုသန်မာစေတဲ့အတွက် ထူထဲတဲ့ဆံကေသာကို ပို်င်ဆိုင်နိုင်မှာဖြစ်ပါတယ်။
ကဲ … ပူစီနံဆီရဲ့အသုံးဝင်ပုံတွေကတော့ အံ့မခန်းပါပဲ။