အင်္ဂလန်နိုင်ငံရဲ့ တော်ဝင်မိသားစုဝင်တွေဟာ ထုံးတမ်း အစဉ်လာအရ တသီးတသန့် ဆန်တဲ့ အနေအထိုင်တွေကြောင့် တော်ဝင်မိသားစုမဟုတ်တဲ့ ဘယ်သူနဲ့မှ အရောတဝင် မရှိလှဘူးလို့ ထင်ရပါတယ်။
ဒါပေမယ့် တချို့သော ကမ္ဘာကျော် အနုပညာရှင်တွေနဲ့တော့ ရင်းနှီးလှတဲ့ Friendship ဆက်ဆံရေးတွေ ရှိတယ်ဆိုတာကတော့ အံ့အားသင့်စရာ ကောင်းတာကြောင့် ပြန်လည် မျှဝေပေးလိုက်ပါတယ်။
(၁) “Danish Girl”, “Fantastic Beast” စတဲ့ ရုပ်ရှင်တွေနဲ့ လူသိများထင်ရှားတဲ့ အော်စကာဆုရ မင်းသား Eddie Redmayne နဲ့ မင်းသား ဝီလျံတို့ဟာ ကျောင်းနေဘက် သူငယ်ချင်းတွေဖြစ်ကြပြီး ကျောင်းအားကစားပြိုင်ပွဲတွေမှာလည်း အတူယှဉ်တွဲ ကစားရသူတွေပဲ ဖြစ်ပါတယ်။
(၂) ကမ္ဘာကျော်ဘောလုံးကစားသမား David Beckham နဲ့ ဇနီးဖြစ်သူVictoria Beckham တို့ဟာ ဆိုရင်လည်း မင်းသား ဝီလျံနဲ့ရော မင်းသားဟယ်ရီနဲ့ပါ သိကျွမ်းတဲ့ ကမ္ဘာကျော်တွေပဲ ဖြစ်ပါတယ်။ မင်းသားဝီလျံနဲ့ ဟယ်ရီတို့ရဲ့ မင်္ဂလာပွဲတွေမှာ တွေ့ရတတ်တဲ့ သူတို့ဇနီးမောင်နှံဟာ အဲလိဇဘက်ဘုရင်မကြီးနဲ့လည်း Buckingham နန်းတော်မှာ မကြာခဏ ဆိုသလို တွေ့ဆုံ တတ်ကြသူတွေလည်း ဖြစ်ပါတယ်။
(၃) ရုပ်ရှင်အသိုင်းအဝိုင်းကဖြစ်တဲ့ မင်းသားဟယ်ရီရဲ့ ဇနီးဖြစ်သူ Meghan Markle အနေနဲ့တော့ ကမ္ဘာကျော် အနုပညာရှင်တွေနဲ့ သိကျွမ်းတာဟာ သိပ်မဆန်းပါဘူး။ ဒါပေမယ့် သူမဟာ တင်းနစ် အကျော်အမော်တဦးဖြစ်တဲ့ Serena Williams နဲ့ အရင်းနှီးဆုံး bff တွေဖြစ်ကြပြီး Serena Williams ရဲ့ တင်းနစ်ပြိုင်ပွဲတွေကို မကြာခဏ သွားရောက် အားပေးဖြစ်တယ်လို့ ဆိုပါတယ်။
(၄) ကမ္ဘာကျော်အဆိုတော်တဦးဖြစ်တဲ့ Rihanna နဲ့ မင်းသားဟယ်ရီတို့ဟာဆိုရင်လည်း သိုသိပ်လျှို့ဝှက်တဲ့ ဆက်ဆံရေးတွေ ရှိတယ်လို့ မင်းသားဟယ်ရီနဲ့ Meghan Markle တို့လက်မထပ်ခင်က ကောလဟာလတွေ ထွက်ခဲ့ဖူးပါတယ်။ Rihanna ရဲ့မွေးရပ်မြေမှာ ပြုလုပ်ခဲ့တဲ့ အခမ်းအနားပွဲတချို့နဲ့ ကမ္ဘာ့ အေအိုင်ဒီအက်စ်နေ့လို အခမ်းအနားတွေမှာ ယှဉ်တွဲတွေ့ရတဲ့ သူတို့နှစ်ဦးရဲ့ ဆက်ဆံရေးကြောင့် ကျန်ခဲ့တဲ့နှစ်တွေမှာဆိုရင် Rihanna ရဲ့ပရိသတ်တွေက သို့လောသို့လောနဲ့ စိတ်ဝင်တစား ရှိခဲ့ကြပါတယ်။
(၅) Netflix ကနေထုတ်လွှင့်တဲ့ The Crown ရုပ်ရှင်ဇာတ်လမ်းတွဲကို ကြည့်ဖူးသူတွေ သိကြမယ့် ကွယ်လွန်ခဲ့ပြီဖြစ်တဲ့ မင်းသားကြီး Billy Graham ဟာဆိုရင် အဲလိဇဘက်ဘုရင်မကြီးနဲ့ မိသားစုဝင်တွေလို ရင်းနှီးနွေးထွေးတဲ့ ဆက်ဆံရေး ရှိခဲ့တဲ့ မင်းသားတယောက်ပဲ ဖြစ်ပါတယ်။
Ref : www.rd.com