မိုးရာသီမှာ အပြင်သွားရတာဟာ ခန္ဓာကိုယ်ကို စိုစွတ်စေပြီး ရေတွေကြားမှာ သွားရလာရတာ အဆင်မပြေစေပါဘူး။
ဒါပေမယ့်လည်း အိမ်မှာပဲ အမြဲမနေလို့ မရဘဲ အပြင်ထွက်ရတဲ့အခါ ကြုံ့တွေရမယ့် အရာတွေကို ကြိုတင် ပြင်ဆင်ထားသင့်ပါတယ်။ မိုးရာသီမှာ အပြင်ထွက်ရင် လုံခြုံမှုရှိအောင်နဲ့ မိုးရေ မစိုဘဲ နေနိုင်အောင် စိုခဲ့ရင်လည်း ဘယ်လိုမျိုးနေထိုင်ပြုမှုသင့်တယ်ဆိုတာကို နည်းလမ်းတွေကို မျှဝေပေးချင်ပါတယ်။
(၁) မိုးကာယူဖို့ မမေ့ပါနဲ့။
မိုးရာသီမှာ မိုးရေမစိုဘဲ လုံလုံခြုံခြုံ အဖြစ်ဆုံးကတော့ မိုးကာယူတာပါပဲ။ ထီးဆောင်းတာလည်း ကောင်းတယ်ဆိုပေမယ့် မိုးအရမ်းကြီးတဲ့ အချိန်ဆို ထီးက အဆင်မပြေပါဘူး။ မိုးအရမ်းကြီးတဲ့ အချိန်တွေမှာ မိုးကာ၊ ရေစိုခံကုတ်အင်္ကျီ စတာတွေကတော့ သင့်ကို အမှန်တကယ် လုံခြုံစေမှာပါ။
(၂) ရုံးတက်ရုံးဆင်း လူအသွားအလာများတဲ့ အချိန်တွေကို ရှောင်ပါ။
မိုးကြီးပြီး ရေလျှံတာတွေဟာ ပုံမှန်အချိန်ဆို သိပ်မသိသာပေမယ့် ရုံးတက်၊ရုံးဆင်းချိန်တွေမှာဖြစ်ရင် ကိုယ့်အချိန်တွေ ကိုပိုပြီး နှောင့်နှေးစေတဲ့အပြင် အန္တရာယ်လည်းပိုများပါတယ်။ ဒါကြောင့် မိုးရာသီမှာ အိမ်က စောထွက်တာမျိုး ဒါမှမဟုတ် သင့်အလုပ်ရှင်နဲ့ အချျိန်ညှိတာမျိုး လုပ်သင့်ပါတယ်။
(၃) အဝတ် အပိုဆောင်ပါ။
မိုးရာသီမှာ အမြဲလိုလို ဂရုစိုက်နေပေမယ့် မိုးရေစိုတတ်တာက သဘာဝပါ။ ထီး၊ မိုးကာ အစရှိတာတွေကို ဆောင်ထား သလိုပဲ အဝတ်အပိုလဲ အမြဲဆောင်သင့်ပါတယ်။ မိုးရေစိုနေတဲ့ အဝတ်အစားနဲ့ တနေကုန်နေခြင်းဟာ သင့်ကိုယ်ထဲ ဗိုင်းရပ်ပိုးတွေ ဝင်ဖို့ဖိတ်ခေါ်နေသလိုပါပဲ။ ဒါကြောင့် မတော်တဆ မိုးစိုခဲ့ရင် ချက်ချင်းလဲနိုင်ဖို့ ပုဆိုး၊ထမိန် စတာတွေကို ဆောင်ထားဖို့ တိုက်တွန်းချင်ပါတယ်။
(၄) ဖုန်းအား သွင်းထားပါ။
မိုးရာသီမှာ မုန်တိုင်းစတဲ့ သဘာဝဘေးအန္တရာယ်တွေဟာ အချိန်မရွေးဖြစ်လာနိုင်ပါတယ်။ ဒီလိုကြုံတွေ့ရတယ်ဆိုရင် သင့်မိသားစု မိတ်ဆွေ၊သင်ချစ်ခင်ရသူတွေကို ဆက်သွယ်ဖို့အတွက် သင့်နားမှာ ဖုန်းတလုံးပဲ ရှိနေမှာပါ။ ယနေ့ခေတ်မှာ ဖုန်းဟာ လူတိုင်းအတွက် အရေကြီးတဲ့ ဆက်သွယ်ရေးကိရိယာ ဖြစ်လို့ အမြဲအားသွင်းထားဖို့နဲ့ အစားထိုးအားသွင်းဖို့ Power Bank တွေကိုပါ အားပြည့်အောင်ဖြည့်ထားဖို့လိုပါတယ်။
(၅) သတင်းတွေနဲ့ အဆက်မပြတ်အောင် နေပါ။
ယနေ့ခေတ်မှာ တီဗီ၊ရေဒီယိုတွေ အပြင် လူမှုကွန်ယက်တွေမှာလည်း မုန်တိုင်းသတင်းတွေကို အချိန်မှီ တင်တဲ့သူတွေ ရှိပါတယ်။ ဒီလိုလူတွေကို Follow လုပ်ထားပြီး သတင်းတွေကို အဆက်မပြတ် ကြည့်နေဖို့ လိုအပ်ပါတယ်။ ဒါတွေဟာ သင့်ကို မိုးရာသီမှာ မိုးရေမစိုအောင် မုန်တိုင်း တိုက်ချိန်တွေမှာ အပြင်မထွက်မိအောင် ကာကွယ်ပေးပါလိမ့်မယ်။
REF; Isupportworldwide.com