Trend

တောဝက်အသင်းသားများကို မယ်ဆိုင်ကျောင်းမှ ပြန်လည် ကြိုဆိုပွဲ ကျင်းပ

ထိုင်းနိုင်ငံ၊ ထမ့်လုံဂူမှာ ဇွန်လ ၂၃ရက်နေ့ကနေ ဇူလိုင်လ ၁၀နေ့အထိ ပိတ်မိနေခဲ့တဲ့ တောဝက်အသင်းသား ၁၂ ယောက်ကို မယ်ဆိုင်ခရိုင်မှာရှိတဲ့ Maesaiprasitsart ကျောင်းမှ ပြန်လည်ကြိုဆိုခြင်း အခမ်းအနားကို သြဂုတ် ၆ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။

သူတို့ကို ဒီလိုကြိုဆိုခဲ့ပြီး ဂူထဲမှာ ပိတ်မိနေခဲ့တဲ့ နေ့ရက်တွေမှာ လွတ်သွားခဲ့တဲ့ သင်ခန်းစာ များကိုလည်း အထူးကြပ်မတ်ပြီး ပြန်လည်သင်ကြားပေးမယ်လို့ Maesaiprasitsart ကျောင်းမှ ကျောင်းအုပ်ကြီးဖြစ်သူ Mr.Somboom ကဆိုပါတယ်။

သူတို့ကို ပြန်လည်ကြိုဆိုပွဲကို ထိုင်းရိုးရာ Bai Si နည်းနဲ့ကျင်းပခဲ့တာဖြစ်ပြီး တောဝက်အသင်းသား အားလုံးကို ပရိတ်ကြိုးကို လက်မှာ ကိုင်စေပြီး ကျောင်အုပ်နဲ့တကွ အခြားတာဝန်ရှိသူတွေရဲ့ လက်ကို ချိတ်ဆက်ပြီး ကြိုဆိုခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

 

 

သူတို့ အားလုံးကို ကျောင်းဝတ်စုံ၊ကျောင်းသုံးပစ္စည်းနဲ့ ဂျာမန်ကလပ်တခုဖြစ်တဲ့ ဘိုင်ယန်မြူးနစ် အသင်းရဲ့ အနီရောင် ဂျာစီတွေကိုပါ ပေးအပ်ခဲ့ပါသေးတယ်။

ဒီပွဲကို ကျင်းပပေးရတာဟာ ပညာရေးဌာနနဲ့ကျောင်းမှ သူတို့တွေ ဂူထဲရောက်နေချိန်မှာ ဖြစ်ပွားလောက်မယ့် စိတ်ဓာတ်ကျမှုတွေကို ပပျောက်စေချင်တဲ့ ရည်ရွယ်ချက်ဖြစ်တယ်လို့ Maesaiprasitsart အလယ်တန်းကျောင်းမှ ဒါရိုက်တာ Monchai Panthoob က ဆိုပါတယ်။

ကလေးတွေကို သူတို့သူငယ်ချင်းတွေနဲ့ ပြန်လည်ဆက်ဆံရေးမှာ အဆင်ပြေအောင်နဲ့ စိတ်အားငယ်ခြင်းတွေ မဖြစ်အောင် ကျင်းပပေးတာလို့လည်း သူကဆိုပါတယ်။

 

 

အသက် ၁၂ နှစ်အရွယ် ကျောင်းသား ၁၂ဦးနဲ့ အသက် ၂၅ နှစ်အရွယ် သူတို့ရဲ့ ဘောလုံးနည်းပြ ဆရာဟာ အားလပ်ရက်မှာ ပျော်ပွဲစားသွားရာက ဂူထဲမှာ ၁၀ရက်ကျော် ပိတ်မိနေခဲ့ပြီး ထိုင်းနိုင်ငံ အစိုးရဟာ နိုင်ငံတကာရဲ့ အကူအညီနဲ့ အဖိတ်အစင် မရှိ အကုန်လုံးကို ကယ်ထုတ်နိုင်ခဲ့ပါတယ်။

အပြင်ကို ရောက်ရှိလာတဲ့အခါ သူတို့ဟာ သာသနာ့ဘောင်ကို ဝင်ရောက်ခဲ့ပြီး ကလေးတွေဟာ ကျောင်းတက်ဖို့ လူဝတ်ပြန်လဲခဲ့ပေမယ့် သူတို့ရဲ့ ဆရာဖြစ်သူကတော့ ဝါတွင်းတတွင်းလုံး ရဟန်းဝတ်မယ်လို့ သိရပါတယ်။

Ref;bangkokpost.com

Loading