သဘာဝအတိုင်း ဝင်းလက်နေတဲ့ မျက်နှာမျိုးကို ပျိုမေတိုင်း ပိုင်ဆိုင်ချင်ကြပါတယ်။ တချို့က နဂိုအသားရောင်ကို ပြောင်ပြောင်လေး ဖြစ်စေဖို့ Highlighter တွေ သုံးပြီး ခြယ်သကြလေ့ ရှိကြပါတယ်။ ယခုဖော်ပြပေးမယ့် အသားအရေ ထိန်းသိမ်းနည်းတွေအတိုင်း လိုက်လုပ်မယ် ဆိုရင် အမျိုးသမီးတိုင်း လိုချင်ကြတဲ့ ဖန်သားလို ဝင်းလက်တဲ့ အသားအရေကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။
(၁) Exfoliate (ဆဲလ်အသေတွေ ဖယ်ရှားမယ်)
မျက်နှာကို ဒီအတိုင်း သမရိုးကျ ဆေးမယ်ဆိုရင် ချွေးပေါက်မှာ ကပ်နေတဲ့ ဖုန်မှုန့်တွေနဲ့ အဆီတွေကို ဖယ်ရှားနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် Double Cleansing လုပ်ဖို့ လိုအပ်ပါတယ်။ အရင်ဆုံး Oil Cleanser နဲ့နှိပ်နယ်ပြီး မျက်နှာက တင်နေတဲ့ မိတ်ကပ်တွေကို ဖျက်ပါ။ အရေပြားကို သေချာ နှိပ်နယ်ပြီး ရေနွေးနဲ့ ဆေးချပါ။ ပြီးမှ မျက်နှာသစ်ဆပ်ပြာနဲ့ ထပ်သစ်ခြင်းအားဖြင့် မျက်နှာမှာ ကပ်နေတဲ့ အညစ်အကြေးတွေကို ပြောင်သွားစေမှာ ဖြစ်ပါတယ်။
(၂) တိုနာ သုံးပါ
မျက်နှာသစ်ပြီးတဲ့အခါ ချွေးပေါက်တွေဟာ အညစ်အကြေးတွေ ဖယ်ရှားလိုက်တဲ့အတွက် ကျယ်သွားပါတယ်။ ဒီလိုကျယ်သွားတာကို ပြန်မပြုပြင်ဘဲ ထားမယ်ဆိုရင် အညစ်အကြေးတွေ ပိုဝင်သွားပြီး မိတ်ကပ်လိမ်းတဲ့အခါ ရုပ်ဆိုးစေပါလိမ့်မယ်။ ဒါကြောင့် ကျယ်သွားတဲ့ ချွေးပေါက်တွေကို ပြန်ထိန်းညှိဖို့အတွက် တိုနာနဲ့ ပြန်လည် ပြုပြင်နိုင်ပါတယ်။
(၃) Essence သုံးမယ်
အရင်က တိုနာသုံးပြီး Moisturizer (အစိုဓာတ် ခရင်မ်) သုံးပေမယ့် အခုတော့ moisturizer လိုမျိုးပဲ အာနိသင် ပိုကောင်းအောင် လုပ်ထားတဲ့ essence သုံးပေးနိုင်ပါတယ်။ Essence က သင့်မျက်နှာကို ဝင်းလက်စေပြီး ဝက်ခြံတွေထွက်တာကနေ တားဆီးပေပါလိမ့်မယ်။
(၄) Sunscreen နဲ့ ကာပါ
မိတ်ကပ်လိမ်းပြီး အပြင်ထွက်မယ်ဆိုရင် မဖြစ်မနေ သုံးသင့်တာက Sunscreen (နေလောင်ခံ ခရင်မ်) ပါ။ အရည်အသွေး ကောင်းတဲ့ Sunscreen တွေဟာ နေရောင်ခြည်က ပါလာတဲ့ ဓာတ်တွေကို ကာကွယ်ပေးပြီး အစိုဓာတ်ကို ၂ ဆ ထိန်းသိမ်းပေးနိုင်သလို သင့်မျက်နှာလေးကို တောက်ပစေပါလိမ့်မယ်။
(၅) Primer ခံပါ
နောက်ဆုံး မိတ်ကပ် မလိမ်းခင်အဆင့်က Primer ပါ။ Primer က မျက်နှာက အနာအဆာတွေကို အုပ်ပေးပြီး မိတ်ကပ်သားကိုလည်း ကြာရှည်ခံစေပါတယ်။ ဒါ့အပြင် သင့်မျက်နှာကိုလည်း သိပ်သိပ်လေးနဲ့ Glow ဖြစ်စေမှာပါ။ Primer သုံးပြီး မိတ်ကပ် မလိမ်းချင်ဘူးဆိုလည်း Two-way လေး ပုတ်ပေးရုံပါပဲ။ ဒါဆိုရင် သင့်မျက်နှာဟာ သဘာဝအတိုင်း ပြောင်ပြောင်လေးဖြစ်ပြီး ဖန်သား မျက်နှာပြင်လို အသားအရေက တောက်ပနေမှာ အမှန်ပါ။
Ref ; medium.com