ယနေ့ လူမှုကွန်ရက် အသုံးပြုသူ လူငယ်တွေကြားမှာ Surprise လုပ်ခြင်းဟာ ခေတ်စားလာပြီး သမီး ရည်းစားတွေ တယောက်နဲ့တယောက် အံ့အားသင့်စရာ လက်ဆောင်ပေးတာတွေကိုလည်း အင်တာနက်မှာ မကြာခဏ တွေ့မြင်ရပါတယ်။
Surprise မရတဲ့ ကောင်မလေးတွေအနေနဲ့ အားကျလို့ပဲဖြစ်ဖြစ်၊ သူများ အတွဲတွေအတွက် ကြည်နူးလို့ပဲဖြစ်ဖြစ် ကိုယ့်အကောင့်မှာ ပြန်လည် ဝေမျှတတ်ပါတယ်။ အပြင်မှာ တွဲတာသာ ကြာလာပေမယ့် တယောက်ကို တယောက် စိတ်လှုပ်ရှားစေတဲ့ အခိုက်အတန့်မျိုး မဖန်တီးပေးတဲ့ အတွဲတွေလည်း ရှိပြီး ရေရှည်မြဲနေတာလည်း တွေ့ရပါတယ်။
ဒါကြောင့် Surprise လုပ်ခြင်းဟာ တကယ်ပဲ အချစ်ရေးမှာ လိုအပ်သလားဆိုတာကို မေးကြည့်တဲ့အခါ ဒီလို အဖြေ ၅ ခု ထွက်လာပါတယ်။
(၁) လက်ဆောင်ပေးခြင်းကလည်း တဦးနဲ့တဦးကြား အရေးပါပါတယ်။ နှစ်ဦးသား အချစ်ရေးအတွက် လက်ဆောင်က အဓိက မကျပေမယ့်လည်း ကိုယ်ချစ်တယ်လို့ ခံစားရတဲ့ အခိုက်အတန့်ကို ဖော်ပြဖို့ အတွက် စကားလုံးတွေနဲ့ပဲ မလုံလောက်တဲ့အခါ လက်ဆောင်က အကောင်းဆုံး စကားလုံးပါ။
(၂) Surprise (သို့မဟုတ်) လက်ဆောင်ဟာလည်း အချစ်ဇာတ်လမ်းကို စတင်ဖို့ အကောင်းဆုံး အခြေအနေလေးပါ။ ကိုယ်တိတ်တိတ်လေး သဘောကျရသူကို သူ့ဘာသူ သိလာအောင် လုပ်ဖို့ အတွက် လက်ဆောင်တွေက အရေးပါပါတယ်။
(၃) နှစ်ဦးသား ချစ်နေပြီ ဆိုတဲ့အခါမှာလည်း ကိုယ့်ဘဝမှာ သူဟာ ဘယ်လောက် အရေးပါတယ်၊ ဘယ်လောက်ထိ ထူးခြားတယ် ဆိုတာကို အသိအမှတ်ပြုပေးဖို့ အတွက် Surprise လိုပါတယ်။ သူ့ကို အံ့အားသင့်စေပြီး သူတခါမှ မရဖူးတဲ့ ပျော်ရွှင်မှုကိုပေးဖို့ စိတ်လှုပ်ရှားစရာ အခြေအနေတွေ ဖန်တီးပေးသင့်ပါတယ်။
(၄) လက်ဆောင်ပစ္စည်းကို မကြိုက်တဲ့ မိန်းကလေး ရှားပါတယ်။ တန်ဖိုးနည်းသည် ဖြစ်စေ၊ များသည် ဖြစ်စေ သင်ဟာ သူ့အတွက် အထူးတလည် စဉ်းစားပေးပါလား ဆိုတာကို တွေးပြီး မိန်းကလေးတွေက ပိုအချစ် တိုးလာတတ်ပါတယ်။
(၅) Surprise လုပ်ခြင်းဟာ သင်တို့အချစ်ရေးကို လှပအောင် လုပ်ပေးတဲ့ အနုပညာတခုပါ။ တန်ဖိုးရှိတဲ့ အမှတ်တရတွေကို သိမ်းထုပ်ထားဖို့အတွက် Surprise က လိုအပ်နေမှာပါပဲ။
ဒါတွေကတော့ တူညီတဲ့အဖြေ ၅ ခု ပါ။ အချစ်ရေးမှာ ရုပ်ဝတ္ထုတွေက အဓိက မကျပေမယ့် Surprise လုပ်ခြင်းကို အချိန်ပေးပြီး ဖန်တီးကြည့်လိုက်ပါ။ တန်ဖိုး နည်းနည်း၊ များများ ကိုယ့်ချစ်သူ ပျော်ဖို့ အားထုတ်ပေးတာမျိုးကို ဘယ်သူမှ သဘောမကျဘဲ မနေပါဘူး။
Ref ; www.quora.com